ဒေါ်လာ ၁၀၀ နဲ့ ညီမျှမယ့် ငွေတိုက်စာချုပ် ၁၀၀ တန် ဖြစ်ပါတယ်။ ဒီဇိုင်း ပြောင်းလဲမှု အနည်းငယ် ရှိနိုင်တယ်လို့လည်းသိရပါတယ်။
ငွေတိုက်စာချုပ် တန်ဖိုးဟာ ဒေါ်လာ ၁၀ ကနေ ဒေါ်လာ ၅ သိန်း တန် အထိ အစိုးရ ကနေ ထုတ်မယ့် အစီအစဥ် အပေါ် မူတည်ပြီး ရှိနိုင်ပါတယ်။
ငွေတိုက်စာချုပ် ဆိုတာကတော့ အစိုးရကနေ လူတွေဆီက ငွေချေး ယူတာ ဖြစ်ပါတယ်။
အခုပုံပါ ဒေါ်လာ ၁၀၀ တန်ကို ဝယ်ယူမယ့် သူကနေ တကယ့် ဒေါ်လာ ၁၀၀ ကို အစိုးရကို ပေးရမှာ ဖြစ်ပြီး အဲဒီ ပုံပါ ဒေါ်လာ ၁၀၀ ကို ဝယ်တဲ့ သူက ရရှိမှာ ဖြစ်ပါတယ်။
ဝယ်ယူ ထားသူဟာ ဒီငွေကို တခြားမှာ စျေးဝယ်သလို အသုံးပြုလို့ ရမှာ မဟုတ်ဘဲ အစိုးရဆီမှာ ပဲ ပြန်ရောင်းရမှာ ဖြစ်ပါတယ်။

အစိုးရက ၆ လ၊ တနှစ်၊ ၅ နှစ် စသည်ဖြင့် အချိန်တခု သတ်မှတ် ပေးထားမှာ ဖြစ်ပြီး အဲဒီအချိန်ရောက်ရင် ဝယ်ထားသူက အစိုးရဆီ ပြန်လည် ရောင်းချကာ နဂို ဒေါ်လာ ငွေ ပြန်ရရှိမှာ ဖြစ်ပါတယ်။
ပုံမှန် အစိုးရတွေ ထုတ်ရောင်းတဲ့ ငွေတိုက်စာချုပ် ဟာ စတော့ရှယ်ယာ စျေးကွက်မှာ အရောင်းအဝယ် လုပ်လို့ ရနိုင်ပါတယ်။
ရှယ်ယာ အတက်အကျ ပေါ် မူတည်ပြီး ငွေတိုက်စာချုပ် တန်းဖိုး ဟာလည်း အတက်အကျရှိ ပါတယ်။
အခု အမျိုးသားညီညွတ်ရေးအစိုးရ NUG ထုတ်ရောင်းမယ့် ငွေတိုက်စာချုပ် ကတော့ အချိန်ကာလ တခုအထိ ဝယ်ယူသူက သိမ်းဆည်း ထားရမယ့် သဘောမျိုး ဖြစ်နိုင်ပါတယ်။
Credit – SoneMhat