• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

ဗုဒ္ဓဟူး, ဇူလိုင် 6, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

နိုင်ငံကျော် တေးသံရှင် ဖြူဖြူကျော်သိန်း ရင်ဖွင့်ပြောပြလာတဲ့ ၅၀၅ နေ့စွဲတွေ အကြောင်း

3 လ ago
နိုင်ငံကျော် တေးသံရှင် ဖြူဖြူကျော်သိန်း ရင်ဖွင့်ပြောပြလာတဲ့ ၅၀၅ နေ့စွဲတွေ အကြောင်း
0
SHARES
274
VIEWS

စာအရှည်ကြီးပါ။
အလုပ်တွေပြန်လုပ်တော့မယ့်အကြောင်းမဟုတ်လို့ ရဲရဲဆက်ဖတ်နိုင်ပါတယ် ဆိုပြီး သူမ ၅၀၅ ပါခဲ့တုန်းက အဖြစ်အပျက်တွေကို ပရိသတ်တွေကို ပြောပြလာတဲ့ နိုင်ငံကျော် တေးသံရှင် ဖြူဖြူကျော်သိန်း

ဧပြီလ ၁၃ ရက်…မနှစ်ကဒီနေ့။

၅၀၅ ပါတဲ့နေ့ပေါ့။
ည ၈ နာရီသတင်းမှာ ကြေညာသွားတာမသိလိုက်ဘူး။ သံပုံးကို ၁၅ မိနစ်ပြည့်အောင်တီးနေတာ။ ပြီးမှ ဖုန်းကြည့်မိတော့ missed call တွေ၊ message တွေ အများကြီးနဲ့ လှမ်းပြောထားကြတာ။
ဒါနဲ့ အဆင်သင့်ပြင်ထားတာ ၁၀ ရက်လောက်ရှိပြီဖြစ်တဲ့ ကျောပိုးအိတ်လေးရယ်၊ လက်ဆွဲအိတ်တစ်လုံးရယ်၊ အမေ့ဆေးဖိုးအတွက် မနက်က ATM မှာတန်းစီထုတ်လာတဲ့ ပိုက်ဆံထဲက ဆေးဝယ်ပြီးကျန်တာရယ် (အမေက အကုန်ယူသွားလိုက်ပါသမီးရယ်၊ အမေနောက်မှ ကြည့်စီစဉ်မယ်ဆိုတော့ အားနာနာနဲ့ပေါ့) ယူလာခဲ့တယ်။
ပြေးဖို့အိတ်က ဘာလို့ ကြိုပြင်ထားရလဲဆိုရင်…ခု လူတွေပြောပြောနေသလိုပဲ…ကိုယ့်ဝမ်းနာကိုယ်သာသိမို့လို့။ ကိုယ်ဆိုသည်မှာ မုန့်‌ဝေရင်သာ မရတာ၊ တုတ်ဆိုလို့ကတော့ ထိပ်ဆုံးကရအောင် အရောက်ပို့ခံနေရကျ။ ဆိုင်ရာပိုင်ရာအသိုင်းအဝိုင်း‌ကျောထောက်နောက်ခံလည်း မရှိတော့ တစ်ခုခုဆို ကားခနဲ မိနေကျ။
အတော်ပဲ…ပြင်ထားတဲ့ အထုပ်လေးဆွဲပြီး မနက် curfew ရုပ်တဲ့အချိန် လာခေါ်ပေးတဲ့ သူငယ်ချင်း ကားပေါ် တက်လိုက်လာခဲ့တာ နောက်ထက်လပေါင်းများစွာ။ အမေနဲ့အဖေနဲ့၊ အိမ်နဲ့ ဝေးရာဆီပေါ့…။

ဧပြီလ ၁၄ ရက်။

အဲ့ဒီအချိန်က အဖမ်းအဆီးကလည်းအရမ်းကြမ်း။မိဘမတွေ့ သားသမီး၊ သားသမီးမတွေ့ မိဘ ဖြစ်နေတဲ့အချိန် ဆိုတော့…သူငယ်ချင်းအိမ်မှာ အထုပ်ချပြီးတာနဲ့ လူမမာမိဘနှစ်ပါး ရှောင်ဖို့စီစဉ်ရတော့တာ။ အဖေ က Alzheimer နောက်ဆုံးအဆင့်။ စကားလည်း မပြောတတ်တော့ဘူး၊ ထမင်းလည်းမစားတတ်တော့ဘူး၊ ကလေးလေးလို diaper တပ်ထားရတာ၊ လမ်းတောင် အနိုင်နိုင်လျှောက်ရတာ။ ကိုယ့်ကိုတောင် မှတ်မိတချက်၊ မမှတ်မိတချက်။ အဲ့ဒါကို နှလုံးရော၊ ဒူးနှစ်ဘက်လုံးရောခွဲထားတဲ့ အမေက ကြည့်နေရတာ။ သူတို့နေ့စဉ်သောက်နေကျဆေးတွေက ကိုယ်တိုင် ဆေးခွက်လေးတွေထဲ တစ်လစာ အမြဲထည့်ထည့်ပေးထားရတာ။
အဲ့ဒီလို လူအိုလူနာ နှစ်ယောက်၊ ဝရမ်းပြေးရဲ့ မိဘတွေကို လက်ခံပေးထားခဲ့တဲ့ မိတ်ဆွေကောင်းတွေရှိတာလည်း ကြီးမားတဲ့မင်္ဂလာတစ်ပါးပါ။ ကိုယ်မရှိတာတောင် ဆက်နေပေးပြီး ကိုယ့်မိဘ နှစ်ပါးကို ပြုစုပေးခဲ့တဲ့ ကိုယ့်တပည့်မလေးလည်း ကျေးဇူးပါ။

ဧပြီလ ၁၆ ရက်။

အပြင်မှာဘာတွေ ဖြစ်နေမှန်းမသိတော့ဘူး။
digital security အတွက် phone ပြောင်း ၊ social media တွေကပါ အောက်ထားလိုက်တာ။ ကိုယ်ပုန်းတဲ့ အိမ်ရဲ့ဝရံတာ ထွက်ဖို့မပြောနဲ့…ပြတင်းပေါက်နားတောင်မရပ်ရဲဘူး။ ကိုယ့်ရုပ်၊ ကိုယ့်အသံ ဆိုတာကလည်း စက္ကန့် ၃၀ အတွင်း အလွယ်တကူ မှတ်မိနိုင်သောလေ။ ဒါပြီး ဘယ်ဆက်ပြေးရမှန်းလည်းမသိ။
အဲ့ဒီလိုနဲ့‌…ခွေးနေရာမရဖြစ်နေတဲ့အချိန်၊ အပြင်ကသတင်းကြားပါလေရော။ ဖြူဖြူကျော်သိန်းက သကြန်မဏ္ဍပ်မှာ သီချင်းသွားဆိုလို့ဆိုပြီး ဝိုင်းရှုံ့ချနေကြတယ်တဲ့။ ဘာအထောက်အထားမှမရှိ၊ ဘာဓါတ်ပုံ video မှမပါ။ အဲ့လိုသတင်းတုကို အဲ့လောက်လွယ်လွယ်ယုံကြသလားပေါ့။ ဒီရုပ်ဒီရည်ဒီအသံဟာ ကြာကြာလိမ်လို့ရတာမှ မဟုတ်တာလေ။ တကယ်ကို ဆွံ့အပါတယ်။ ‌‌Way Way Nay ဆိုတဲ့ application ထဲပါကောက်ထည့်လိုက်တာတဲ့။ ဪ…ကိုယ်ဆိုတဲ့ figure ဟာ၊ ဟုတ်မဟုတ် verification လုပ်ဖို့ ဘာများခက်နေကြလို့လဲ? ရန်သူရဲ့ လက်နက်ထက် မိတ်ဆွေထိုးတဲ့ နောက်ကျောကဓါးဟာ ပိုနက်တယ်ဆိုတာ အဲ့လိုမျိုး။ ပညာတွေလည်းရပါတယ်။ social media ပေါ်လည်း တက်မဖြေရှင်းနိုင်ဘူး၊ security ပေါက်မစိုးလို့ရယ်။ နောက် အရမ်းစိတ်ပျက်သွားခဲ့လို့ရယ်…..။
ကိုယ်နေတဲ့ အရပ်ဒေသဟာ လူတွေရဲ့ သမိုင်းပထဝီ ရပ်တည်မှူ ဆိုတာတွေကို တစ်စက်ကလေးမှ ထည့်သွင်းစဉ်းစားလေ့မရှိပါလားလို့ရယ်….။

ဧပြီလ ၂၁ ရက်…မွေးနေ့မတိုင်ခင်ည။

ကိုယ့် location ကို ဒလံ ဆိုပြီးနာမည်ကြီးနေတဲ့သူ သိသွားပုံရတယ်လို့ ကိုယ့်အိမ်ရှင်က ပြောလာတယ်။ နောက်ထပ် location တစ်ခု အမြန်ရှာပေတော့ပေါ့။ အင်း…အိမ်ပေါ်ကအိမ်အောက်ဆင်းပြီး location ပြောင်းရတဲ့အချိန်…ရုပ်ဖျက်ပြီး အကြီမ်ကြိမ် ဖုန်းနဲ့ ဓာတ်ပုံရိုက်ကြည့်…” ငါ ဖြူဖြူကျော်သိန်းနဲ့တူနေသေးလား” လို့ …ဘယ်လောက် ကမ္ဘာတွေပျက်လဲဆိုတာ တကယ်ပြေးဖူးမှပဲ သိလိမ့်မယ်။
အဲ့ဒီလိုနဲ့ ၅၀၅ က ပြန်လွတ်တဲ့ အောက်တိုဘာ ၁၈ ရက်နေ့ထိ ဝရမ်းပြေးကာလ ၆ လကျော်အတွင်း မှာ location အကြိမ်ကြိမ်ပြောင်းရင်း၊ မိတ်ဆွေသစ်တွေလည်း သိခွင့်ဆုံခွင့်ရခဲ့တယ်။ တခါမှမသိဖူးပေမယ့် risk ယူပြီး နေရာထိုင်ခင်းပေးခဲ့သူတွေကိုလည်း ထာဝရကျေးဇူးတင်မှတ်မိနေပါမယ်။ ခုချိန် ထုတ်ဖော်မရေးသားနိုင်ပေမယ့် အမြဲသတိရ ဆုတောင်းပေးနေပါတယ်။
ဒီထက်ပိုပြီး အကျယ်ချဲ့ကျေးဇူးတင်လိုပေမယ့်၊ကူညီပေးခဲ့သူတွေရဲ့ လုံခြုံရေးအတွက်၊ အတိုချုံ့လေးပဲရေးပြရတာ နားလည်ပေးပါနော်။
ပြေးရင်းလွှား ရင်း သိဖူးမြင်ဖူးခဲ့သူ တွေလည်း ကျေးဇူးပြုပြီး မသိခဲ့သလိုလေးပဲ ဆက်နေပေးပြီး ကူညီပေးပါလို့။

ဧပြီလ ၂၂ ရက်။

အသက် ၄၀ ပြည့်တဲ့ညကို “ ငါဒီည အဖမ်းခံရတော့မလား” ဆိုတဲ့ စိတ်ကြီးနဲ့ ဖြတ်သန်းခဲ့ရတယ်။
ဘဝစတယ်လို့ဆိုကြတဲ့ အသက်ပေါ့လေ…။
ဟုတ်မှာပေါ့…ဘဝအစဆိုတော့ ကျောပိုးအိတ်တစ်လုံး၊ ဂစ်တာတစ်လက် ကလွဲ ဘာမှပါမလာခဲ့ဘူး…။

ခုလက်ရှိ…။

ကိုယ်လွတ်လပ်ခွင့်ရပေမယ့်…ဘာလေးပဲလုပ်ရ၊ စားရ၊ သွားရ…ကိုယ်နဲ့ဘဝတူ ပြေးခဲ့ရဖူးသူတွေ၊ ပြေးနေရဆဲလူတွေ၊ ကိုယ့်ထက်အဆမတန် ပိုခက်ခဲနေရတဲ့သူတွေကိုပဲ ပြေးမြင်မိတယ်။ အားလုံးအတွက် တစ်ရက်မပျက် သတိရဆုတောင်းပေးနေပါတယ်🙏 ။
It will never be the same again.

CRD – Phyu Phyu Kyaw Thein Facebook page

Tags: Breaking NewsNUGPhyu Phyu Kyaw TheinsingerSpring Revolution
BNN Editor

BNN Editor

BNN Editor သည် အကြီးတန်း တာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက်ဖြစ်သည်။ BNN ဝဘ်ဆိုဒ်အတွက် သတင်းများ တင်ဆက်ပေးနေသူဖြစ်သည်။

ဆက်စပ်နေသော ရေးသားချက်များ

စစ်ရေး

အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ကို တင်ဆောင်လာသည့်ကား မိုင်းဆွဲ တိုက်ခိုက်ခံရ ယာဉ် ကို တိုက်ရိုက် ထိမှန် သုံးဦးပွဲချင်းပြီးသေ

ဇူလိုင် 5, 2022
အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ကို တင်ဆောင်လာသည့်ကား မိုင်းဆွဲ တိုက်ခိုက်ခံရ ယာဉ် ကို တိုက်ရိုက် ထိမှန် သုံးဦးပွဲချင်းပြီးသေ

ဇူလိုင်(၅) ၊ မြင်းမူ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ကို တင်ဆောင်လာသည့် ယာဉ်တစီးကို ဇူလိုင်(၅)ရက် ယနေ့ ညနေခန့် က စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ထီးဆောင်းနှင့် ကန်ဖျားဇရပ်ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force...

Read more
by BNN Editor
0 Comments
စစ်ရေး

အပြစ်မဲ့တိုင်းရင်းသားပြည်သူများအပေါ် အကြမ်းဖက် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း CDF-မင်းတပ် ထုတ်ပြန်

ဇူလိုင် 2, 2022
အပြစ်မဲ့တိုင်းရင်းသားပြည်သူများအပေါ် အကြမ်းဖက် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း CDF-မင်းတပ် ထုတ်ပြန်

ဇူလိုင်(၂) ချင်းပြည်နယ် မင်းတပ် မြို့နယ် ချပ်ရွာနှင့် ဆွန်တောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် ယနေ့ နံနက်ပိုင်းက ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ဒေသခံ ပြည်သူ ၂ ဦး...

Read more
by BNN Editor
0 Comments
စစ်ရေး

သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်

ဇူလိုင် 1, 2022
သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်

ဇူလိုင်(၁) ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံး ကာ ဒဏ်ရာ ရရှိသူအများအပြား ရှိခဲ့ကြောင်းသိရသည်။ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျောင်းသားကျောင်းသူများအပါအဝင်...

Read more
by BNN Editor
0 Comments
ကျန်းမာရေး

ဥကရစ်ထ စခန်းတိုက်ပွဲ ကြောင့် ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်

ဇူလိုင် 1, 2022
ဥကရစ်ထ စခန်းတိုက်ပွဲ ကြောင့်  ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်

ဇူလိုင်(၁)ရက် ကရင်ပြည်နယ် ဝေါလေဒေသရှိ ဥကရစ်ထစခန်းတိုက်ပွဲ သည် နှစ်ဘက် ထိတွေ့မှု ပြင်းထန်လျက်ရှိနေရာ ဒေသခံ ပြည်သူများ ထောင်နှင့်ချီ၍ စစ်ဘေးရှောင် နေရပြီး အရေးပေါ်လိုအပ်ချက်များစွာ ရှိနေကြောင်း Lay Kay Kaw Youth Network...

Read more
by BNN Editor
0 Comments
Load More
Next Post
အမေရိကန် အိန္ဒိယ တရုတ်နဲ့ ရုရှားကျုးကျော်စစ်

အမေရိကန် အိန္ဒိယ တရုတ်နဲ့ ရုရှားကျုးကျော်စစ်

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ဇွဲတွန်ဂိတ်တွင် PDF  နှင့် အစောင့် စစ်တပ်တို့ အပြန်အလှန် ပစ်ခတ်မှု များဖြစ်ပွား လက်နက်ချခိုင်းသော်လည်းမချသဖြင့် နှိမ်နင်းခဲ့ရာ စစ်သား ၁၀ ဦးသေဆုံး

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ဇွဲတွန်ဂိတ်တွင် PDF နှင့် အစောင့် စစ်တပ်တို့ အပြန်အလှန် ပစ်ခတ်မှု များဖြစ်ပွား လက်နက်ချခိုင်းသော်လည်းမချသဖြင့် နှိမ်နင်းခဲ့ရာ စစ်သား ၁၀ ဦးသေဆုံး

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.