• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

ကြာသပတေး, ဇွန် 30, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

အတွေအကြုံ “အသစ်မဟုတ်သောအသစ်”

9 လ ago
အတွေအကြုံ  “အသစ်မဟုတ်သောအသစ်”
0
SHARES
3
VIEWS

နှစ်ပေါင်းသုံးဆယ်လောက်အတွင်းမှာ လုံးဝ နီးပါး ခေါက်ထားခဲ့ရတဲ့ ကိုယ့်ရဲ့အနုပညာ နဲ့ပါတ်သက်ပြီး လှုပ်ရှားမှုတစ်ခု အတွက် ပါဝင်ဖို့ အခွင့်အရေးတစ်ခုပေါ်လာခဲ့ပါတယ်။
တီးခေါက်ကြည့်တယ်။
ဖြစ်နိုင်မယ်လို့ထင်တယ်။
ကြိုးစားကြည့်တယ်။
လှုပ်ရှားခွင့်ရခဲ့ပါတယ်။


ဒီလိုနဲ့ပဲ တစ်ယောက်တည်း တစ်စိမ်းစစ်စစ်မဟုတ် တဲ့ တစ်စိမ်းတို့အလည် New York ကို ချီတက်လာခဲ့ပါတယ်။
လှုပ်ရှားဖြစ်တော့လည်း အဆင်ပြေပါတယ်။ တစ်စိမ်းတွေရဲ့အလည်မှာ လို့ဆိုရင်ရပေမယ့် တစ်ကယ်တော့ကိုယ် တစ်သက်လုံး ရင်းနှီးခဲ့တဲ့လုပ်ငန်းခွင်မို့ စိမ်းတယ်လို့မခံစားရပဲ စိတ်အေးချမ်းစွာသက်တောင့်သက်သာ ရှိခဲ့ပါတယ်။

ဟုတ်ပါတယ်။ ဒီက Television ဇာတ်လမ်းတွဲတစ်ခုမှာ မြန်မာလူမျိုးသရုပ်ဆောင် အမျိုးသမီးလိုတယ်ဆိုလို့ လျှောက်ကြည့်ရာက Zoomနဲ့ audition လုပ် ဖြစ်ခဲ့ပြီး အရွေးခံရပြီး New York ကိုသွားဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ LAက မြန်မာပြည်အတွက်ရံပုံငွေပွဲ မှာ ပါဝင်ဖို့ ရှိနေတဲ့အတွက် New Yorkကို နှစ်ခေါက်သွားခဲ့ရပါတယ်။
မြန်မာလူမျိုး နောက်ထပ်နှစ်ယောက်နဲ့လည်းတွေ့ဆုံဖြစ်ပြီး အတူတွဲပြီးသရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။

“ဟေမာတံခွန်” ဆိုတဲ့ မြန်မာအမျိုးသမီးကြီး အဖြစ် NBC channel က “New Amsterdam” ဆိုတဲ့ TV Series မှာ ဧည့်သည်သရုပ်ဆောင်(Guest Star) အနေနဲ့ပါဝင်ခွင့်ရခဲ့တာပါ။
New Amsterdam က ဆေးရုံတစ်ရုံကအဖြစ်အပျက်တွေကို တင်ပြတဲ့ series ဖြစ်ပါတယ်။ “ဟေမာ” ခေါ် “Miss Takhon”က လူနာတစ်ဦးပေါ့။ တစ်ခြားမြန်မာသရုပ်ဆောင်တစ်ဦးက ဟေမာရဲ့မြေးမလေးအဖြစ်သရုပ်ဆောင်ရပြီး နောက်တစ်ဦးကတော့ မြန်မာသံရုံးက အမှုထမ်းတစ်ယောက်အနေနဲ့သရုပ်ဆောင်ရပါတယ်။

တွဲပြီးသရုပ်ဆောင်ရတဲ့ အဓိကသရုပ်ဆောင် ဆရာဝန် “Max”အဖြစ်သရုပ်ဆောင်သူက Ryan Eggold ဖြစ်ပါတယ်။ Blacklist ကိုကြည့်ဖူးရင်သူ့ကိုသိပါလိမ့်မယ်။ တိုတိုပြောရရင်တော့အစစ အဆင်ပြေပါတယ်။ နောက်မှရိုက်ကွင်းအတွေ့အကြုံလေးတွေကို စိတ်ဝင်စားကြတယ်ဆိုရင် ရေးပါဦးမယ်။ Season 4 ရဲ့ Episode 5 “This Be The Verse” မှာ ပါဝင်ရတာပါ။ Season 4 ကအခုစနေပါပြီ။ Episode 5 က October လထဲမှာလွှင့်မှာဖြစ်ပါတယ်။ Tuesday တွေမှာ လွှင့်ပါတယ်။ ကြားထဲမှာ ဘာအကြောင်းကြောင့်မှအပြောင်းအလဲမရှိပဲ အစီအစဉ်အတိုင်းပြရင် October 19th မှာဖြစ်ပါမယ်။
မြင်နေကျ မေဝင်းမောင်နဲ့တော့တူမှာမဟုတ်ပါ။


နှစ်သက်နိုင်ကြပါစေလို့ဆုတောင်းပါတယ်။

ရုပ်ရှင်မင်းသမီး မေဝင်းမောင်ရဲ့ မူရင်းကို ဖတ်ရှုလိုပါက
https://www.facebook.com/may.wynnmaung/posts/2019294331570088

Credit – May Win Maung

Via: May Win Maung
Tags: actressburmamay win maungmyanmar
BNN Editor

BNN Editor

BNN Editor သည် အကြီးတန်း တာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက်ဖြစ်သည်။ BNN ဝဘ်ဆိုဒ်အတွက် သတင်းများ တင်ဆက်ပေးနေသူဖြစ်သည်။

ဆက်စပ်နေသော ရေးသားချက်များ

ဆယ်လီကမ္ဘာ

နိုင်ငံကျော် တေးသံရှင် ဖြူဖြူကျော်သိန်း ရင်ဖွင့်ပြောပြလာတဲ့ ၅၀၅ နေ့စွဲတွေ အကြောင်း

ဧပြီ 13, 2022
နိုင်ငံကျော် တေးသံရှင် ဖြူဖြူကျော်သိန်း ရင်ဖွင့်ပြောပြလာတဲ့ ၅၀၅ နေ့စွဲတွေ အကြောင်း

စာအရှည်ကြီးပါ။အလုပ်တွေပြန်လုပ်တော့မယ့်အကြောင်းမဟုတ်လို့ ရဲရဲဆက်ဖတ်နိုင်ပါတယ် ဆိုပြီး သူမ ၅၀၅ ပါခဲ့တုန်းက အဖြစ်အပျက်တွေကို ပရိသတ်တွေကို ပြောပြလာတဲ့ နိုင်ငံကျော် တေးသံရှင် ဖြူဖြူကျော်သိန်း ဧပြီလ ၁၃ ရက်…မနှစ်ကဒီနေ့။ ၅၀၅ ပါတဲ့နေ့ပေါ့။ည ၈ နာရီသတင်းမှာ ကြေညာသွားတာမသိလိုက်ဘူး။...

Read more
by BNN Editor
0 Comments
ဆယ်လီကမ္ဘာ

DOR ဆိုတဲ့ အဖွဲ့ အကြောင်း မိတ်ဆက်ပေးခဲ့တဲ့ မင်းမော်ကွန်း (ရုပ်သံ)

ဖေ‌ဖော်ဝါရီ 6, 2022
DOR ဆိုတဲ့ အဖွဲ့ အကြောင်း မိတ်ဆက်ပေးခဲ့တဲ့ မင်းမော်ကွန်း (ရုပ်သံ)

ရွှေပြည်တော်အတွက် မျှော်လင့်ခြင်းရောင်နီ လင်းလက်တောက်ပစေဖို့အတွက် နွေဦးတော်လှန်ရေးမှာ ပြည်သူဘက်က ပြတ်ပြတ်သားသား ရပ်တည်တဲ့ အဆိုတော် ရုပ်ရှင်မင်းသား အကယ်ဒမီ မင်းမော်ကွန်းကလည်း Dawn Of Revo အဖွဲ့သားတွေနဲ့အတူ မတ်လ ၁၃ ရက်နေ့မှာ ပါဝင် အားဖြည့်...

Read more
by BNN Editor
0 Comments
ဆယ်လီကမ္ဘာ

တော်လှန်ရေးအတွက် အလှူငွေ ရှာဖွေဖို့စီစဉ် နေပြီဖြစ်တဲ့ရုပ်ရှင်သရုပ်ဆောင် ဇာဏ်ခီ တို့ ဇနီးမောင်နှံ

ဇန်နဝါရီ 15, 2022
တော်လှန်ရေးအတွက် အလှူငွေ ရှာဖွေဖို့စီစဉ် နေပြီဖြစ်တဲ့ရုပ်ရှင်သရုပ်ဆောင် ဇာဏ်ခီ တို့ ဇနီးမောင်နှံ

ဇဏ်ခီတို့ ဇနီးမောင်နှံက တန်ဖိုးထားတဲ့ပစ္စည်းလေးတွေကို မဲလက်မှတ်တွေရောင်းပြီး တော်လှန်ရေးအတွက် အလှူငွေရှာဖွေ ဖို့ စီစဉ်ကြမှာဖြစ်ပါတယ်။ တော်လှန်ရေးအတွက် ကိုယ်ပိုင်လက်ဝတ်ရတနာပစ္စည်းတွေကို မဲလက်မှတ်တွေရောင်းပြီး အလှူငွေအတွက် စီစဉ် ကြမှာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၅ ၊ ၂၀၂၂ နာမည်ကျော်...

Read more
by BNN Editor
0 Comments
ဆယ်လီကမ္ဘာ

၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့အချောမောဆုံး အမျိုးသားအဖြစ် နံပါတ် ၁ နေရာတွင် ပိုင်တံခွန်ရရှိ

ဒီဇင်ဘာ 29, 2021
၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့အချောမောဆုံး အမျိုးသားအဖြစ် နံပါတ် ၁ နေရာတွင် ပိုင်တံခွန်ရရှိ

TC Candler၏ ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့အချောဆုံးအမျိုးသားအယောက် ၁၀၀ စာရင်း တွင် သရုပ်ဆောင် ပိုင်တံခွန်က နံပါတ် ၁ နေရာတွင် ရွေးချယ်ဖော်ပြခံလိုက်ရသည်။TC Candler မှ ကမ္ဘာ့အချောဆုံးအမျိုးသားများကို 1990 မှစ၍ နှစ်စဉ်ရွေး...

Read more
by BNN Editor
0 Comments
Load More
Next Post
ရုရှားဆိုက်ဘာအင်တာနက်လုံခြုံရေးကုမ္ပဏီအကြီးအကဲကို နိုင်ငံတော်သစ္စာဖေါက်မှုနဲ့ဖမ်းဆီး

ရုရှားဆိုက်ဘာအင်တာနက်လုံခြုံရေးကုမ္ပဏီအကြီးအကဲကို နိုင်ငံတော်သစ္စာဖေါက်မှုနဲ့ဖမ်းဆီး

ယနေ့ မုံကိုးတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား

ယနေ့ မုံကိုးတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား

ထိပ်တန်းသတင်းများ

ယင်းမာပင်တွင် စစ်ကောင်စီနှင့် PDF များ တိုက်ပွဲပြင်းထန်

6 လ ago
52

ရေမြုပ် ဗုံး ဖောက်ခွဲသည့် စနစ် လူငယ်များ စမ်းသပ် (ရုပ်သံ)

7 လ ago
408

ရေစကြို နဲ့ မြင်းခြံ PDF အဖွဲ့ ရေမြှုပ်မိုင်း စမ်းသပ်အောင်မြင်

7 လ ago
505

ဆောင်းပါး

ယောနယ်အပါဝင် တိုင်းဒေသကြီးတွေမှာပါ ABSDF က လှုပ်ရှားနေပါတယ်
Interview

ယောနယ်အပါဝင် တိုင်းဒေသကြီးတွေမှာပါ ABSDF က လှုပ်ရှားနေပါတယ်

ဇွန် 28, 2022
3
အကူအညီကို ထိုင်စောင့်လို့ မဖြစ်ဘူး၊ ရှိတဲ့ဟာနဲ့ တီထွင်ကြံဆပြီး ဆက်လုပ်ဖို့လိုပါတယ်
Interview

အကူအညီကို ထိုင်စောင့်လို့ မဖြစ်ဘူး၊ ရှိတဲ့ဟာနဲ့ တီထွင်ကြံဆပြီး ဆက်လုပ်ဖို့လိုပါတယ်

ဇွန် 21, 2022
8
အာဏာသိမ်းထားသူတွေကို တရားဝင်အသိအမှတ်ပြုရမယ့်ဆွေးနွေးပွဲမျိုး ကျနော်တို့ လက်မခံနိုင်ပါဘူး
Interview

အာဏာသိမ်းထားသူတွေကို တရားဝင်အသိအမှတ်ပြုရမယ့်ဆွေးနွေးပွဲမျိုး ကျနော်တို့ လက်မခံနိုင်ပါဘူး

ဇွန် 18, 2022
3
ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်ပြည့်မွေးနေ့ပွဲ နော်ဝေနိုင်ငံရှိ ဒေါ်အောင်ဆန်းစုကြည် ပန်းခြံတွင် ကျင်းပမည်
ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်ပြည့်မွေးနေ့ပွဲ နော်ဝေနိုင်ငံရှိ ဒေါ်အောင်ဆန်းစုကြည် ပန်းခြံတွင် ကျင်းပမည်

ဇွန် 18, 2022
2

အဖတ်အများဆုံး

  • အမြန်လမ်း ၁၅၈ မိုင်တွင် တိုက်ပွဲ ဖြစ်ဟု သတင်းများထွက်ပေါ် – ၁၁၅ မိုင်မှစတင်၍ လမ်းများပိတ်ထား

    အမြန်လမ်း ၁၅၈ မိုင်တွင် တိုက်ပွဲ ဖြစ်ဟု သတင်းများထွက်ပေါ် – ၁၁၅ မိုင်မှစတင်၍ လမ်းများပိတ်ထား

    0 shares
    Share 0 Tweet 0
  • ရုရှားထောက်လှမ်းရေး FSB မှ ပေါက်ကြားလာသော စိတ်၀င်စားစရာ အတွင်းစကားများ

    0 shares
    Share 0 Tweet 0
  • စကစ ရဲ့ ခမရ ၄၁၄ စစ်ကြောင်းကို တောင်ကုန်းပေါ်ကနေ RPG နဲ့ လှမ်းထု(ရုပ်သံ)

    0 shares
    Share 0 Tweet 0
  • ရုရှား – ယူကရိန်း နောက်ဆက်တွဲ ထူးခြားသတင်းများ (28-2-2022)

    0 shares
    Share 0 Tweet 0
  • နျူကလီယားစစ်ပွဲကြီး မဖြစ်ဖို့ ကူညီပေးတဲ့ နိုင်ငံကြီးအဖြစ် ကမ္ဘာအလယ်မှာ ရပ်တည်မလား၊ လူတောမတိုးတော့ပဲ အထီးကျန်ပြိုကွဲရတဲ့ နိုင်ငံအဖြစ် ရပ်တည်မလား

    0 shares
    Share 0 Tweet 0
BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.