• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

ကြာသပတေး, ဇူလိုင် 7, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

ဂိုးသမား ပြည့်သျှံအောင်ကို ဂျပန် ခိုလှုံခွင့်ပြုပြီ

11 လ ago
ဂိုးသမား ပြည့်သျှံအောင်ကို ဂျပန် ခိုလှုံခွင့်ပြုပြီ
0
SHARES
1
VIEWS

၁၃ သြဂုတ် ၂၀၂၁

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ လက်သုံးချောင်းထောင်သွားတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးသမား ပြည့်သျှံအောင်ကို ဂျပန်အစိုးရက ခိုလှုံခွင့်ပြုလိုက်ပါပြီ။

မြန်မာပြည်ပြန်ရင် အန္တရာယ်ကျမှာ စိုးရိမ်လာတဲ့ အရံဂိုးသမား ပြည့်သျှံအောင်ဟာ ဂျပန်လေဆိပ်အရောက်မှာ မပြန်တော့ဘဲ ခိုလှုံခွင့်တောင်းခဲ့တာပါ။

၂၀၂၂ ကမ္ဘာ့ဖလား‌ခြေစစ် ဂျပန်နဲ့ပွဲမှာ လက်သုံးချောင်းထောင် အလေးပြုသွားတဲ့ ပြည့်သျှံအောင်
(အိုဆာကာ ကန်ဆိုင်းလေဆိပ်၊ ၁၇ ဇွန် ၂၀၂၁)

မြန်မာပြည်မှာ ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးကတည်းက အနဲဆုံး ပြည်သူ ၉၀၀ ကျော် အသတ်ခံရပြီး ၇,၀၀၀ ကျော် အဖမ်းခံနေရပြီလို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

ကင်းထောက်လူငယ် အမှတ် လက်သုံးချောင်းထောင်တာဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့နွေဦးတော်လှန်ရေး သင်္ကေတ ဖြစ်လာပါတယ်။

ပြည့်သျှံအောင်ကို ဂျပန်အစိုးရက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီး ခိုလှုံခွင့်ပြုလိုက်တာလို့ ဂျပန်သတင်းမီဒီယာတွေက ဖော်ပြပါတယ်။ ပြည့်သျှံအောင်ရဲ့ ရှေ့နေကတော့ အိုဆာကာ
လူဝင်မှုကြီးကြပ်ရေးရုံးကို သြဂုတ် ၂၀ ရှေ့သီတင်းပတ် သောကြာမှာ သူ့အမှုသည် သတင်းပို့ရမယ်လို့ AFP ကို ပြောပါတယ်။

Photo – AP/Kyodo – စစ်အာဏာသိမ်းမှုကို လက်သုံးချောင်းထောင်၍ ဆန္ဒပြနေသူများ။ (၂၅ ဇွန် ၂၀၂၁၊ ရန်ကုန် ဗဟန်းမြို့နယ်)

ဂျပန်သတင်းဌာန NHK ကလဲ ပြည့်သျှံအောင်ရဲ့ ဒုက္ခသည်အဆင့် သတ်မှတ်ချက်ကို ဂျပန် “ လဝက” က ရှေ့တပတ်ထဲ အတည်ပြုမယ်လို့ ပြောပါတယ်။

ဒုက္ခသည် နဲနဲပဲ ခွင့်ပြုတဲ့ ဂျပန်က ပြီးခဲ့တဲ့မေမှာတော့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေကို နေထိုင်ခွင့် သက်တမ်းတိုးဖို့ အရေးပေါ်ခွင့်ပြုလိုက်ပါတယ်။

Source: AFP/jt

Tags: ဂျပန်ပြည့်သျှံအောင်မြန်မာ့လက်ရွေးစင် ဂိုးသမားအာဏာရှင်ဆန့်ကျင်
BNN Editor

BNN Editor

BNN Editor သည် အကြီးတန်း တာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက်ဖြစ်သည်။ BNN ဝဘ်ဆိုဒ်အတွက် သတင်းများ တင်ဆက်ပေးနေသူဖြစ်သည်။

ဆက်စပ်နေသော ရေးသားချက်များ

No Content Available
Load More
Next Post
မောင်းပြန်သေနတ် ၁၀% ခန့် ရနေပြီ (မင်းတပ်)

မောင်းပြန်သေနတ် ၁၀% ခန့် ရနေပြီ (မင်းတပ်)

ကြာလာလေလေ တရုတ်ကိုဗစ်ကာကွယ်ဆေးအာနိသင်တွေကျလာလေလေလို့ အင်ဒိုနီးရှားပြောပြီ

ကြာလာလေလေ တရုတ်ကိုဗစ်ကာကွယ်ဆေးအာနိသင်တွေကျလာလေလေလို့ အင်ဒိုနီးရှားပြောပြီ

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.