ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအဖွဲ့ဝင်တွေထဲက ၁၂ ဦးကို နိုင်ငံကထွက်သွားဖို့ အကြောင်းကြားထားကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ပြောခွင့်ရပုဂ္ဂိုလ် Olivia Dalton ကပြောပါတယ်။
ကုလသမဂ္ဂနဲ့မဆိုင်တဲ့အရာတွေမလုပ်ပဲ အမေရိကန်မှာ သတင်းထောက်လှမ်းတာတွေလုပ်ဆောင်လို့ ပြန်မောင်းထုတ်တာလို့ ဆိုပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကတော့ အခုလို လုပ်တာဟာ အမေရိကန်ရဲ့ ရန်လိုတဲ့အပြုအမူလို့ပြောပါတယ်။ ယူကရိန်းကို ကျုးကျော်မှုနဲ့ပတ်သက်ပြီး ရုရှားနဲ့ အမေရိကန်ဆက်ဆံရေးအခြေအနေ တင်းမာလာနေတာဖြစ်ပါတယ်။