အမေရိကန်အချိန် အောက်တိုဘာ ၂၂ ရက် နေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ပြောကြားရင်း Christine Schraner Burgener က မြန်မာပြည်သူတွေအတွက် နုတ်ဆက်စကားပြောခဲ့ပါတယ်။ အခု သူ့ နုတ်ဆက်စကားကောက်နုတ်ချက်ကို ဖေါ်ပြအပ်ပါတယ်။
၂၄ အောက်တိုဘာ ၂၀၂၁
” မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်အနေနဲ့ ဒါဟာ နောက်ဆုံးပြောခွင့်ရတဲ့စကားဖြစ်လို့ ကျမရဲ့ ပုဂ္ဂလိက သတင်းစကားတွေ ထဲ့သွင်းပြောခွင့်ပြောပါ။
မအလ ရဲ့ ခေါင်းဆောင်မှုအောက်မှာ မြန်မာနိုင်ငံဟာ တည်ငြိမ်မှုရှိမယ်လို့မထင်သလို တောက်ပတဲ့အနာဂါတ်လည်း ရှိမှာဟုတ်ပါဘူး။ ဒါကြောင့် မအလ အနေနဲ့ မြန်မာနိုငိငံအနာဂါတ်ကို တကယ်ပဲ လေးစားဂရုစိုက်တယ်ဆိုရင် အခုပဲရာထူးကထွက်ပြီး ပြည်သူရွေးချယ်ထားတဲ့ အရပ်သားအစိုးရကို အာဏာပြန်ပေးလိုက်ပါ။
” မင်းအောင်လှိုင်အနေနဲ့ မြန်မာနိုင်ငံရဲ့အနာဂါတ်ကိုတကယ်ပဲ ဂရုတစိုက်နဲ့ လေးစားတန်ဖိုးထား စောင့်ရှောက်ချင်တယ်ဆိုရင် ရာထူးကချက်ခြင်းထွက်ပြီး ပြည်သူရွေးချယ်ထားတဲ့အရပ်သားအစိုးရလက်ထဲကို အာဏာပြန်လွှဲပေးလိုက်ပါ”
(Christine Schraner Burgener, ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်)
မြန်မာနိုင်ငံက ခလေးလူငယ်တွေနဲ့ ထိုက်တန်တဲ့ အနာဂါတ်တွေ အတင်းအဓမ္မ အလုယက်ခံ ဖျက်ဆီးခံလိုက်ရပြီလို့ မြန်မာပြည်သူအများစု ခံစားနေကြရတာ ကျမ နားလည်ထားပါတယ်။ ဒါပေမယ့် ကျမရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်တာဝန်ထမ်းရွက်မှုတွေဟာ ရက်ပိုင်းအတွင်းမှာ ပြီးဆုံး တော့မှာပါ။ အရှူံးပေးလက်လျှော့ခြင်းဟာ အဖြေမဟုတ်ပါဘူး။
(ဒါပေမယ့် မြန်မာပြည်သူတွေသိအောင်ရှင်းပြချင်ပါတယ်)
အလုပ်တာဝန်အသစ်ကို စစ်တပ်အာဏာမသိမ်းခင်ကတည်းက ကျမ လျှောက်ထားခဲ့တာပါ။ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေးအပါအဝင် ၂၀၂၁ အတွင်းမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေလုပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျမတို့ ပြောခဲ့သဘောတူထဲ့ကြတာတွေရှိပါတယ်။
ဆိုလိုတာက မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်တော့မှာဖြစ်လို့ ၂၀၂၁ နှစ်ကုန်အထိ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်အနေနဲ့ ဆက်တာဝန်ယူစရာမလိုတော့ဘူးဆိုတဲ့အသိနဲ့ အလုပ်သစ်ကို လျှောက်ခဲ့တာပါ။
အလုပ်တာဝန်အသစ်ပြောင်းမယူခင်မှာ မြန်မာနိုင်ငံကိုလာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျမရဲ့ မိတိဆွေတွေ မြန်မာပြည်သူတွေကို လူကိုယ်တိုင်လာရောက် နုတ်ဆက်ဖို့ပြင်ထားပေမယ့် စစ်တပ်အာဏာသိမ်းလိုက်တာကြောင့် ကျမ နုတ်ဆက်ခွင့်မရတော့ပါဘူး။
အဲဒီအတွက် အခု ကုလသမဂ္ဂစင်မြင့်ထက်ကနေပဲ မြန်မာပြည်သူအားလုံးကို နုတ်ဆက်ခွင့်ပြုပါ။ကျမရဲ့ နှလုံးသားရင်ခုန်သံတွေဟာ မြန်မာပြည်သူတွေနဲ့ထပ်တူ ဆက်လက်ရှိနေမယ်ဆိုတာပြောရင်း နုတ်ဆက်လိုကိပါတယ်။
BNN