(၁၆ ဩဂုတ် ၂၀၂၁)
ကိုဗစ်ကူးစက်ခံရတဲ့ ကမ္ဘာ့ပထမဆုံးလူနာဟာ တရုတ်န်ုင်ငံ ဝူဟန်ဓါတ်ခွဲခန်းက သုတေသနဝန်ထမ်းတစ်ဦးဖြစ်မယ်ဆိုတဲ့ ပြောဆိုချက်ထွက်လာပြီးနောက် တရုတ်အစိုးရ တရုတ်အစိုးရအာဘော်သတင်းတွေနဲ့ တရုတ်ကွန်မြူနစ်ပါတီတို့က အသေအလဲခုခံကာကွယ်တာတွေလုပ်နေတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဘီဂျင်းအခြေစိုက်သံတမန်တွေကို ဖိတ်ကြားပြီး ကိုဗစ်နဲ့ ဝူဟန်ဓါတ်ခွဲခန်း မပတ်သက်ကြောင်းနဲ့ အမေရိကန်ရဲ့ နိုင်ငံရေးအသုံးချမှုအဖြစ်ရှင်းလင်းပြောဆိုသွားပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲက တရုတ်အစိုးရရဲ့ခုခံပြောဆိုမှုတချို့ကို ရန်ကုန်ကတရုတ်သံရုံးအပါအဝင် နိုင်ငံတကာ တရုတ်သံရုံးFB စာမျက်နှာတွေမှာပါဖေါ်ပြနေတာတွေ့ရပါတယ်။
BNN/InternationalNews