၁၇ အောက်တိုဘာ ၂၀၂၁
စင်ကာပူကနေထွက်ခွါလာတဲ့ HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးဦးဆောင်တဲ့ UK တိုက်ခိုက်ရေးရေတပ်အုပ်စုဟာ အောက်တိုဘာ ၁၅ ရက်နေ့ ညနေက ဘင်ဂလားပင်လယ်အော်ကိုရောက်ရှိပြီး အောက်တိုဘာ ၁၆ ရက်နေ့ကစပြီး အိန္ဒိယရေတပ်နဲ့စစ်ရေးလေ့ကျင့်မှုတွေလုပ်နေတယ်လို့ ဗြိတိန်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
ဘင်ဂလားပင်လယ်အော်မှာ the Quad အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အမေရိကန် ဂျပန် ဩစတေးလျ နဲ့ စစ်ရေးလေ့ကျင့်ခဲ့တဲ့ အိန္ဒိယရေတပ်ဟာ ပင်လယ်အော်ကို ထပ်မံရောက်လာတဲ့ UK ရေတပ်အုပ်စုနဲ့ ဆက်လက် စစ်ရေးလေ့ကျင့်နေတာလို့ အင်ဒိုပစိဖိတ်စစ်ရေးသတင်းတွေက ဖေါ်ပြပါတယ်။
BNN/International