၈ နိုဝင်ဘာ ၂၀၂၁
တရုတ်နိုင်ငံမှာ ဆိုးဝါးတဲ့ အအေးလှိုင်းကျရောက်နေပြီး နိုင်ငံရဲ့ ဒေသ ၉၀ ရာခိုင်နုံးလောက်ကို ရိုက်ခိုက်နေတယ်လို့ တရုတ်နိုင်ငံသတင်းတွေက ဖေါ်ပြပါတယ်။ မြို့တော်ဘီဂျင်းမှာလည်း အချိန်စောပြီး နှင်းတွေကျတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ရင်ဆိုင်နေရတယ်ဆိုပါတယ်။ နိုင်ငံမြောက်ပိုင်းဒေသတွေမှာ အအေးလွန်ကဲမှုတွေဖြစ်နေသလို တချို့ဒေသတွေမှာ ချိန်ခါမဟုတ် နှင်းမိုးတွေရွာသွန်းခဲ့တယ်လို့ သတင်းတွေကဖေါ်ပြပါတယ်။
ရာသီဥတုဆိုးဝါးမှုကြောင့် လမ်းပမ်းဆက်သွယ်ရေးအဆငိမပြေမှုတွေဖြစ်ပေါ်နေပြီး အအေးဒဏ်ကြောင့် ရာသီတုပ်ကွေးနဲ့ ကိုဗစ်ကူးစက်မှုတွေ မြင့်တက်လာမှာကို စိုးရိမ်နေရတယ်လို့ တရုတ်လူမူကွန်ယက်သတင်းတွေက ဆိုပါတယ်။
လောင်စာစွမ်းအင်ပြသနာတက်နေချိန်မှာ အအေးပိုလာတဲ့အတွက် အပူပေးစက်မလုံလောက်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း တရုတ်လူမှုကွန်ယက်တွေမှာ ရေးသားနေကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာနဲ့နေ့စဉ်အသုံးအဆောင်ပစ္စည်းတွေ ဝယ်ယူစုဆောင်းထားကြဖို့ တရုတ်အာဏာပိုင်တွေက သတိပေးခဲ့ပါတယ်။ တရုတ်မိုးလေဝသဌာနရဲ့ နိုဝင်ဘာ ၇ ရက်နေ့ သတိပေးချက်အရဆိုရင် အအေးလွန်ကဲမှုဟာ နောက်ထပ် ၁၀ ရက်လောက်အထိ ကြာနိုင်တယ်လို့ သိရပါတယ်။
BNN