၆/၃/၂၀၂၂
တိုင်ဝမ်ကျွန်းလုံခြုံရေးအတွက် အရန်တပ်သားသစ်စုဆောင်းတာကို မနေ့က စတင်ကြောင်း တိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက သတင်းထုတ်ပြန်ပါတယ်။ အရံတပ်ဖွဲ့အနေနဲ့ မြို့တော်ကမ်းရိုးတန်းလုံခြုံရေးကို အဓိကတာဝန်ယူနိုင်ဖို့ ဖြစ်တယ်ဆိုပါတယ်။ တိုင်ဝမ်တပ်မတော်ကနေ အကြောင်းအမျိုးမျိုးနဲ့ ထွက်သွားသူတွေ ပင်စင်ယူထားသူတွေကိုလည်း သတင်းပြန်ပို့ပြီး စစ်ရေးသင်တန်းတို တက်ရောက်လေ့လာဖို့ ညွှန်ကြားထားတယ်ပြောပါတယ်။

ယူကရိန်းကို ရုရှားက ကျုးကျော်ချိန်ကစပြီး တိုင်ဝမ်မြို့ပြခုခံရေးစနစ်သေချာဖွဲ့စည်းဖို့ ပြင်ဆင်နေကြောင်းလည်း တိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။