၂၄/၅/၂၀၂၂
တိုင်ဝမ်ကို စစ်ရေးနည်းနဲ့ဖြေရှင်းရင် ကတိပေးထားတဲ့အတိုင်း တိုင်ဝမ်ဘက်ကနေ စစ်ရေးနဲ့ ဝင်တိုက်မယ်ဆိုတဲ့ အမေရိကန် သမ္မတ ရဲ့ ပြောဆိုမှုအပေါ်ကို တရုတ်အစိုးရအာဘော်သတင်းတွေ သတင်းသမားတွေက တရုတ်လူမှုကွန်ယက်တွေမှာ ဒေါသတကြီးတုန့်ပြန်ရေးသားနေကြပါတယ်။
ဒါပေမဲ့ အဲဒီလိုရေးသားမှုတွေအောက်မှာ တရုတ်တွေကပဲ ပြန်ပြီးလှောင်ပြောင်နေကြတာတွေ့ရပါတယ်။ တရုတ်အစိုးရဝါဒဖြန့် Global Times သတင်းဌာနက အယ်ဒီတာတွေက တိုင်ဝမ်ရေလက်ကြားမှာ တရုတ်ရဲ့ စစ်လက်နက်ပစ်အားတွေက အမေရိကန်ထက် ပိုပြင်းထန်သာလွန်နေတာမို့ ဘိုင်ဒန်အနေနဲ့ အမေရိကန်တပ်သားအလောင်းတွေ ကို ပြန်သယ်ချင်သလား တိုင်ဝမ်ရေလက်ကြားမှာပဲ ငါးစာဖြစ်သွားချင်သလားဆိုပြီး တုန့်ပြန်ရေးသားကြတာပါ။
ဒါပေမဲ့ အဲဒီလို ခြိမ်းခြောက်တဲ့အရေးအသားတွေအောက်မှာပဲ တရုတ်နိုင်ငံသားတွေက ´´ရုရှားလည်း ယူကရိန်းကို အဲဒီလို ပြောပြီး ဝင်တိုက်နေတာ သောက်သောက်လဲ ရှုံးနိမ့်နေတာအရင်ကြည့်လိုက်ဦး။ ဒါတောင် အမေရိကန်တွေ NATO တွေ ဝင်မတိုက်သလို သူတို့ရှိတဲ့ လက်နက်အပြည့်အစုံပေးတာမရှိသေးဘူး။ ကြည့်လည်း ခြိမ်းခြောက်လို့ ´´ လှောင်ပြောင် တုန့်ပြန်ရေးသားနေကြတာဖြစ်ပါတယ်။
BNN သတင်းဌာနသည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးကို အလေးထားပြီး မြန်မာပြည်သူတို့အတွက် သတင်းမှန် များကိုသာ တင်ဆက်ပေးသွား မည်ဖြစ်သည်။
Burma News Network