• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

စနေ, ဇူလိုင် 2, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

နျူကလီယားစစ်ပွဲကြီး မဖြစ်ဖို့ ကူညီပေးတဲ့ နိုင်ငံကြီးအဖြစ် ကမ္ဘာအလယ်မှာ ရပ်တည်မလား၊ လူတောမတိုးတော့ပဲ အထီးကျန်ပြိုကွဲရတဲ့ နိုင်ငံအဖြစ် ရပ်တည်မလား

4 လ ago
နျူကလီယားစစ်ပွဲကြီး မဖြစ်ဖို့ ကူညီပေးတဲ့ နိုင်ငံကြီးအဖြစ် ကမ္ဘာအလယ်မှာ ရပ်တည်မလား၊ လူတောမတိုးတော့ပဲ အထီးကျန်ပြိုကွဲရတဲ့ နိုင်ငံအဖြစ် ရပ်တည်မလား
0
SHARES
1k
VIEWS

(တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန မူဝါဒလေ့လာရေး ဒုတိယခေါင်းဆောင်ရဲ့ ရုရှားယူကရိန်းအစီရင်ခံစာမှ ကောက်နုတ်ချက်)

သမ္မတပူတင်အနေနဲ့ သူထင်ထားသလို သူရည်မှန်းထားသလို ဖြစ်လာဖို့ မလွယ်ကူပါဘူး။ မြို့တော်ကို သိမ်းပိုက်လို့ ရုပ်သေးအစိုးရတင်ထားနိုင်ရင်တောင် ယူကရိန်းခုခံစစ်ဟာ ရှိနေမှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေပါ ပါလာမယ့်အနေအထားကို ရောက်လာပါမယ်။ တတိယကမ္ဘာစစ်နဲ့ နျူကလီးယားစစ်ပွဲကြီးအထိ ဖြစ်လာနိုင်ပါတယ်။ လက်ရှိယူကရိန်းစစ်မြေပြင်အခြေအနေ​တွေအရ ရုရှားဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို စစ်ရေးအရ ဘယ်လိုမှမယှဥ်နိုင်ဘူးဆိုတာ သက်သေပြနေသလို အဲဒီအချက်ကို မှန်မှန်ကန်ကန်မြင်တတ်ဖို့ လိုပါတယ်။ စစ်ကြီးဖြစ်ခဲ့ရင် ရုရှားဟာ သေချာပေါက်အရှုံးနဲ့ရင်ဆိုင်ရမှာပါ။

ကမ္ဘာစစ်မဖြစ်အောင် ရှောင်ရှားနိုင်ခဲ့ရင်လည်း ယူကရိန်းခုခံစစ်နဲ့ နိုင်ငံတကာပိတ်ဆို့မှုတွေကြောင့် နှစ်အနည်းငယ်အတွင်းမှာ ရုရှား စီးပွါးရေးပြိုလဲပြီး တချိန်က အာဖဂန်နစ္စတန်ကနေ ဆိုဗီယက်တွေ ထွက်ခွါရသလို အရှုံးနဲ့ သေချာပေါက်ရင်ဆိုင်ရပါမယ်။


လက်ရှိမှာကို အမေရိကန်ဟာ သံတမန်နည်းကို ဦးစားပေးတယ်ဆိုတဲ့ ဗျူဟာနဲ့ Global United Democratic Force ပုံစံမျိုး တည်ဆောက်နေတာတွေ့ရမယ်။ ယူကရိန်းကို ၀င်တိုက်ချိန်မှာ အမေရိကန်ရဲ့ ဗျူဟာ မြန်မြန်ဆန်ဆန်အောင်မြင်သွားတာမြင်ရပါမယ်။ကမ္ဘာကြီးဟာ ၂ ခြမ်းကွဲသွားပြီး ရုရှားဘက်မှာ ဘယ်သူမှ မရှိသလောက်ဖြစ်သွားတာတွေ့ရမှာပါ။ အမေရိကန်မကြိုက်တဲ့နိုင်ငံတွေတောင် ယူကရိန်းပြဿနာမှာ အမေရိကန်ဘက်က ရပ်တည်သလိုဖြစ်သွားတာ အထင်အရှားပါ။

တရုတ်ကတော့ ကမ္ဘာ၂ခြမ်းရဲ့အလယ်မှာ ရှိနေဆဲလို့ ပြောနိုင်ပါတယ်။ အလယ်မှာ ကြာရှည်ရပ်နေလို့ မဖြစ်နိုင်ပါဘူး။ ရုရှားအပေါ် ပိတ်ဆို့မှုဟာ အဓိက အထိနာမှာက တရုတ်ဖြစ်ပါတယ်။ ဆေးလိပ်သောက်တဲ့ သူနားမှာ ရပ်မိလို့ ဆေးလိပ်ငွေ့ရှူရှိူက်မိသူလို ဖြစ်ပါလိမ့်မယ်။

ရုရှားပြီးတာနဲ့ အင်ဒိုပစိတ်ဖိတ်ဒေသက တရုတ်အလှည့်ဖြစ်မှာ သေချာပါတယ်။ အခုထက်ပိုပြီး အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပိုဖိအားပေးတာ အထီးကျန်အောင်လုပ်တာတွေ လုပ်လာမှာ မေးခွန်းထုတ်စရာမလိုပါ။ ယူကရိန်းပြဿနာဟာ ဒေသတွင်းက သြစတေးလျ ဂျပန် တောင်ကိုရီးယားတို့ကို အရင်ကထက် ပိုစည်းလုံးသွားစေတာလည်း မြင်ရမှာဖြစ်ပါတယ်။ အထီးကျန်လူတောမတိုးတဲ့ ဘ၀ကို ရောက်သွားနိုင်ပါတယ်။

ပူတင်အပေါ် စာနာထောက်ထားနေလို့ ပြန်ရမယ့်အကျိုးစီးပွါးနဲ့ ပူတင်နဲ့လမ်းခွဲပြီး နိုင်ငံတကာနဲ့ ပူးပေါင်းလို့ပြန်ရမယ့်အကျိုးစီးပွါးကို ချိန်ထိုးရပါမယ်။ ပူတင်အပေါ်စာနာရပ်တည်လို့ ပြန်ရမယ့်အကျိုးစီးပွါးဟာ မရှိသလောက်ပါပဲ။ ပူတင်နဲ့အဆက်ဖြတ်ပြီး လက်ရှိ နိုင်ငံတကာကတောင်းဆိုနေတဲ့ ရေစီးကြောင်းထဲကို တရုတ်က ၀င်လိုက်ပါတောင်းဆိုမယ်ဆိုရင် တရုတ်အပေါ် နိုင်ငံတကာအမြင်တွေပြောင်းသွားနိုင်သလို ၂ ခြမ်းကွဲကမ္ဘာကြီးကို ပြန်စုစည်းပေးနိုင်တဲ့ အင်အားကြီးနိုင်ငံတခုအဖြစ် အသိအမှတ်ပြုတာခံရပါမယ်။ ပူတင်ရဲ့ရန်လိုမှုတွေ ကျဆင်းသွားနိုင်သလို ကမ္ဘာကြီးကို ခြိမ်းခြောက်နေတဲ့နျူကလီးယားစစ်ပွဲကြီးကိုပါ ကာကွယ်ပေးနိုင်ခဲ့တဲ့ နိုင်ငံကြီးအဖြစ် သမိုင်းတွင်ကျန်ခဲ့ပါမယ်။ ဒီအခြေအနေဟာ တရုတ်အတွက် လက်တွေ့ကျကျချည်းကပ်သုံးသပ်ဆုံးဖြတ်ရမယ့် အချိန်ကောင်းဖြစ်ပါတယ်။

Hu Wei is the vice-chairman of the Public Policy Research Center of the Counselor’s Office of the State Council
(မတ်လ ၅ ရက်နေ့က တင်သွင်းတဲ့ တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန မူဝါဒလေ့လာရေး ဒုတိယခေါင်းဆောင်ရဲ့ ရုရှားယူကရိန်းအစီရင်ခံစာမှ ကောက်နုတ်ဖေါ်ပြခြင်းဖြစ်သည်။ တရုတ်လူမူကွန်ယက်မှာ နာရီပိုင်းအတွင်း ဖတ်ရူသူ သန်းချီရှိခဲ့ပြီး ပြန်လည်ဖြုတ်ချခံထားရပါသည်)

BNN Editor

BNN Editor

BNN Editor သည် အကြီးတန်း တာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက်ဖြစ်သည်။ BNN ဝဘ်ဆိုဒ်အတွက် သတင်းများ တင်ဆက်ပေးနေသူဖြစ်သည်။

ဆက်စပ်နေသော ရေးသားချက်များ

မြန်မာ့ရေးရာ

အမေရိကန်ကာကွယ်ရေးဝန်ကြီး ထိုင်းနိုင်ငံကိုရောက်လာ

ဇွန် 13, 2022
အမေရိကန်ကာကွယ်ရေးဝန်ကြီး ထိုင်းနိုင်ငံကိုရောက်လာ

၁၂/၆/၂၀၂၂ အမေရိကန်ကာကွယ်ရေးဝန်ကြီး LIoyd Austin ဟာ ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်ရှိလာပါတယ်။ စင်ကာပူမှာ ကျင်းပတဲ့ အင်ဒိုပစိတ်ဖိတ်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲတက်ရောက်အပြီး ထိုင်းနိုင်ငံကို ရောက်ရှိလာတာပါ။ အမေရိကန်ကာကွယ်ရေးဝန်ကြီး မလာခင်မှာ အမေရိကန်နိုင်ငံခြားရေးအကြံပေးနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet...

Read more
by BNN Editor
0 Comments
Interview

Mr. X နှင့် ဆက်သွယ်မေးမြန်းချက် ပထမပိုင်း

ဇွန် 8, 2022
Mr. X နှင့် ဆက်သွယ်မေးမြန်းချက် ပထမပိုင်း

BNN ၈/၆/၂၀၂၂ (Mr. X သည် မြန်မာ အပါအ၀င် အာဆီယံနှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး အာဆီယံ အခြေစိုက် စီးပွါးရေး ကုမ္ပဏီကြီးတခု၌ လက်ရှိ အကြံပေးတာ၀န်ယူနေသူတဦးဖြစ်ပါသည်။) (BNN) "မြန်မာနိုင်ငံနဲ့ ယူကရိန်းအကြောင်း လွန်ခဲ့တဲ့...

Read more
by BNN Editor
0 Comments
ရုရှား – ယူကရိန်း ကျူးကျော်စစ်

နိုင်ငံတကာက အံ့အားသင့်ရသည့် ယူကရိန်းကတုတ်ကျင်းများ

ဇွန် 3, 2022
နိုင်ငံတကာက အံ့အားသင့်ရသည့် ယူကရိန်းကတုတ်ကျင်းများ

၂/၆/၂၀၂၂ ရုရှားကျူးကျော်တပ်တွေကို ခုခံနေတဲ့ ယူကရိန်းနယ်မြေခံတပ်ဖွဲ့တွေရဲ့ စိတ်ဓါတ်နဲ့ ယုံကြည်ချက်သာမက သူတို့ရဲ့ ကတုတ်ကျင်း ဖန်တီးတည်ဆောက်မှုတွေကိုပါ NATO အပါအဝင် နိုင်ငံတကာက အံ့အားသင့်လေးစားအသိအမှတ်ပြုနေကြရတယ်လို့ ဥရောပစစ်ရေးသတင်းတွေက ဖေါ်ပြပါတယ်။ မြေကတုတ်ကျင်းထဲမှာ ရေချိုးကန် အပူခန်း (Sauna) စတာတွေကို...

Read more
by BNN Editor
0 Comments
နိုင်ငံတကာ

အကျဥ်းသားတွေကို စစ်မြေပြင်ပို့နေရသည့် ရုရှား

မေ 31, 2022
အကျဥ်းသားတွေကို စစ်မြေပြင်ပို့နေရသည့် ရုရှား

၃၀/၅/၂၀၂၂ ရုရှားမှာ စစ်သားစုဆောင်းရေးအစီအစဥ်တွေ ထင်သလိုဖြစ်မလာလို့ အကျဥ်းသားတွေကို ပြစ်ဒဏ်အစား ရှေ့တန်းထွက်စစ်မှုထမ်းဖို့ အပေးအယူလုပ်နေရတယ်လို့ လွတ်လပ်တဲ့ ရုရှားသတင်းတွေက ဖေါ်ပြပါတယ်။ နှစ်တိုစာချုပ်နဲ့ အလုပ်လက်မဲ့လူငယ်တွေကို စစ်မှုထမ်းခိုင်းတဲ့အစီအစဥ်မအောင်မြင်သလို လူတိုင်းစစ်မှုမထမ်းမနေရဥပဒေကလည်း အောက်ခြေမှာ အကျင့်ပျက်လာဒ်စားမှုတွေကြောင့် သတ်မှတ်လူအင်အားမရဘူးဖြစ်နေတယ်ဆိုပါတယ်။ စာချုပ်အရ ရူဘယ်...

Read more
by BNN Editor
0 Comments
Load More
Next Post
မတော်တဆဒုံးကျည်မှားယွင်းပစ်ခတ်မှုကို စုံစမ်းစစ်ဆေးခွင့်ပေးဖို့ အိန္ဒိယကို ပါကစ္စတန်ကတောင်းဆို

မတော်တဆဒုံးကျည်မှားယွင်းပစ်ခတ်မှုကို စုံစမ်းစစ်ဆေးခွင့်ပေးဖို့ အိန္ဒိယကို ပါကစ္စတန်ကတောင်းဆို

ပိုလန်နယ်စပ်အနီးက ယူကရိန်းစစ်သင်တန်းကျောင်းကို ရုရှားက ဒုံးကျည်နဲ့တိုက်ခိုက်

ပိုလန်နယ်စပ်အနီးက ယူကရိန်းစစ်သင်တန်းကျောင်းကို ရုရှားက ဒုံးကျည်နဲ့တိုက်ခိုက်

ထိပ်တန်းသတင်းများ

ဥကရစ်ထ စခန်းတိုက်ပွဲ ကြောင့် ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်

18 နာရီ ago
82

သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်

17 နာရီ ago
31

လှည်းတန်းပေ ၅၀ လမ်း ရှိ စျေးဆိုင်ခန်းများ ကို စစ်တပ်က ဝင်ရောက်ဖျက်ဆီး ၊ စျေးသည်များကို ပါးရိုက်

2 ရက် ago
218

ဆောင်းပါး

သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်
စစ်ရေး

သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်

ဇူလိုင် 1, 2022
31
ဥကရစ်ထ စခန်းတိုက်ပွဲ ကြောင့်  ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်
ကျန်းမာရေး

ဥကရစ်ထ စခန်းတိုက်ပွဲ ကြောင့် ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်

ဇူလိုင် 1, 2022
82
လှည်းတန်းပေ ၅၀ လမ်း ရှိ စျေးဆိုင်ခန်းများ ကို စစ်တပ်က ဝင်ရောက်ဖျက်ဆီး ၊ စျေးသည်များကို ပါးရိုက်
အပတ်စဉ် အစီအစဉ်များ

လှည်းတန်းပေ ၅၀ လမ်း ရှိ စျေးဆိုင်ခန်းများ ကို စစ်တပ်က ဝင်ရောက်ဖျက်ဆီး ၊ စျေးသည်များကို ပါးရိုက်

ဇူလိုင် 1, 2022
218
အာဆီယံက ပေးမယ့်အကူအညီ ဒုက္ခသည်အစစ်အမှန်တွေဆီ ရောက်မရောက် မသေချာဘူး
Interview

အာဆီယံက ပေးမယ့်အကူအညီ ဒုက္ခသည်အစစ်အမှန်တွေဆီ ရောက်မရောက် မသေချာဘူး

ဇူလိုင် 1, 2022
7

အဖတ်အများဆုံး

  • အမြန်လမ်း ၁၅၈ မိုင်တွင် တိုက်ပွဲ ဖြစ်ဟု သတင်းများထွက်ပေါ် – ၁၁၅ မိုင်မှစတင်၍ လမ်းများပိတ်ထား

    အမြန်လမ်း ၁၅၈ မိုင်တွင် တိုက်ပွဲ ဖြစ်ဟု သတင်းများထွက်ပေါ် – ၁၁၅ မိုင်မှစတင်၍ လမ်းများပိတ်ထား

    0 shares
    Share 0 Tweet 0
  • ရုရှားထောက်လှမ်းရေး FSB မှ ပေါက်ကြားလာသော စိတ်၀င်စားစရာ အတွင်းစကားများ

    0 shares
    Share 0 Tweet 0
  • စကစ ရဲ့ ခမရ ၄၁၄ စစ်ကြောင်းကို တောင်ကုန်းပေါ်ကနေ RPG နဲ့ လှမ်းထု(ရုပ်သံ)

    0 shares
    Share 0 Tweet 0
  • ရုရှား – ယူကရိန်း နောက်ဆက်တွဲ ထူးခြားသတင်းများ (28-2-2022)

    0 shares
    Share 0 Tweet 0
  • နျူကလီယားစစ်ပွဲကြီး မဖြစ်ဖို့ ကူညီပေးတဲ့ နိုင်ငံကြီးအဖြစ် ကမ္ဘာအလယ်မှာ ရပ်တည်မလား၊ လူတောမတိုးတော့ပဲ အထီးကျန်ပြိုကွဲရတဲ့ နိုင်ငံအဖြစ် ရပ်တည်မလား

    0 shares
    Share 0 Tweet 0
BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.