ပြောစကားနားမထောင်တဲ့ ပစိဖိတ်ကျွန်းနိုင်ငံတွေကို တရုတ်က စိတ်ဆိုးတယ်
၃၀/၅/၂၀၂၂
ပစိဖိတ်ကျွန်းစုနိုင်ငံတွေနဲ့ လုံခြုံရေးဆိုင်ရာသဘောတူညီချက်ရဖို့ ဆွေးနွေးရာမှာ သဘောတူညီမှုမရတဲ့အပေါ် စိတ်ပျက်မိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောပါတယ်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဟာ ပစိဖိတ်ကျွန်းစုနိုင်ငံတွေကို လှည့်လယ်သွားရောက်နေတာဖြစ်ပြီး လောလောဆယ်ဖီဂျီကို ရောက်ရှိနေပြီး ပစိတ်ဖိတ်ကျွန်း ၁၀ နိုင်ငံနဲ့ အွန်လိုင်းကနေ ဆွေးနွေးခဲ့တာပါ။ ကျွန်းနိုင်ငံအားလုံးက တရုတ်က ပေးတဲ့ စီးပွါးရေး နဲ့ ကိုဗစ်ကုသကာကွယ်ဆေးအကူအညီတွေကို လက်ခံပေမဲ့ တရုတ်ရဲ့ လုံခြုံရေးဆိုင်ရာတောင်းဆိုမှုတွေကို လက်မခံပဲ အချိန်ယူဆွေးနွေးဖို့လိုမယ်လို့ တုန့်ပြန်ခဲ့ကြတာဖြစ်ပါတယ်။
BNN သတင်းဌာနသည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးကို အလေးထားပြီး မြန်မာပြည်သူတို့အတွက် သတင်းမှန် များကိုသာ တင်ဆက်ပေးသွား မည်ဖြစ်သည်။
Burma News Network