(Dr. Peter Embarek, WHO ဆေးသိပ္ပံပညာရှင်)
၁၃ ဩဂုတ် ၂၀၂၁
တရုတ်နိုင်ငံက ဘယ်လောက်ပဲငြင်းငြင်း ပထမဆုံးကိုဗစ်လူနာဟာ ဝူဟန်ဓါတ်ခွဲခန်းဝန်ထမ်းဖြစ်မယ်လို့ WHO ဆေးသိပ္ပံပညာရှင်လည်းဖြစ် ဝူဟန်ကို သွားရောက်စစ်ဆေးခဲ့တဲ့ WHO အဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ ဒိန်းမတ်နိုင်ငံသား Dr. Peter Embarek က ပြောဆိုလိုက်ပါတယ်။
ဒိန်းမတ် ရုပ်မြင်သံကြားဌာနက စီစဉ်ရိုက်ကူးတဲ့ “The mystery of the virus – a Dane in search of the truth in China” မှာ Dr. Peter Embarek က ပြောလိုက်တာပါ။

သူကိုယ်တိုင် ဦးဆောင်သွားခဲ့ရတဲ့ ဝူဟန်စစ်ဆေးရေးခရီးစဉ်ဟာ အချိန် (၂) ရက်ပဲ ရခဲ့သလို တရုတ်အာဏာပိုင်တွေဆီက လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မရခဲ့ဘူးဆိုပါတယ်။
တရုတ်ဆေးပညာရှင်တွေ ပြောတဲ့ ကိုဗစ်ပိိုးကူးစက်စေတဲ့ လင်းနို့အမျိုးအစားဟာ ဝူဟန်ဒေသမှာ မတွေ့ရသလို ဝူဟန်ဒေသက တောရိုင်းတိရစ္ဆာန်တွေမှာလည်း က်ိုဗစ်ပိုး မတွေ့ရဘူးလို့ Dr. Peter Embarek က ပြောပါတယ်။
ဝူဟန်ဓါတ်ခွဲခန်းက ဗိုင်းရပ်စ်သုတေသီ တဦးဦးက တရုတ်နိုင်ငံ တနေရာရာမှာ ပိုးမွှားသုတေသန သွားလုပ်ရင်း လူ ၄ သန်းကျော် သေဆုံးစေတဲ့ ကိုဗစ်ပိုးကူးစက် သယ်ဆောင်လာတာ ဖြစ်ဖို့များတယ်လို့ Dr. Peter Embarek က ပြောပါတယ်။

အဲဒီအတွက် ကိုဗစ်ပိုးအစဟာ ဝူဟန်ဓါတ်ခွဲခန်းနဲ့ ပတ်သက်နေတယ်ဆိုပါတယ်။ WHO စုံစမ်းစစ်ဆေးရေးကိုယ်စားလှယ်အဖွဲ့ရဲ ခရီးစဉ်မှာ အဲဒီအချက်ကို အစီရင်ခံစာမှာ ထဲ့ရေးဖို့ တရုတ်အာဏာပိုင်တွေက ခွင့်မပြုခဲ့သလို အဲဒီကိစ္စအပေါ် ဆွေးနွေးခွင့်မပေးခဲ့ဘူးလို့ သူက ပြောပါတယ်။
ကိုဗစ်ဟာ ဝူဟန်ဓါတ်ခွဲခန်းကဖြစ်နိုင်တယ်ဆိုတာကို မြေပြင်မှာ တာဝန်ခံ ကိုယ်တိုင် သွားရောက်စစ်ဆေးခဲ့သူရဲ့ပထမဆုံး ထုတ်ဖေါ်ပြောဆိုမှုလည်းဖြစ်ပါတယ်။
ဝူဟန်ဓါတ်ခွဲခန်းနဲ့ တာဝန်ရှိသူတွေကို ဒုတိယအကြိမ် လာရောက်စစ်ဆေးခွင့်ပေးဖို့ WHO က တောင်းဆိုထားသလို တရုတ်ကလည်း ခွင့်မပြုနိုင်ကြောင်းတုန့်ပြန်ထားဆဲဖြစ်ပါတယ်။
BNN/International News / COVID-19