၉/၅/၂၀၂၂
နှစ်စဥ်ကျင်းပနေကျ ရုရှားနိုင်ငံရဲ့အောင်ပွဲခံနေ့အခမ်းအနားမှာ ရာသီဥတုကြောင့် လေကြောင်းအင်အားပြနိုင်ခြင်းမရှိဘူးလို့ ကရင်မလင်နန်းတော်က သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ကျင်းပတဲ့ ၇၇ နှစ်မြောက် အောင်ပွဲခံနေ့အခမ်းအနားမှာ အရင်နှစ်တွေလို အင်အားပြည့်မပြနိုင်တဲ့အပြင် ကြိုတင်လေ့ကျင့်စဥ်က ပျံသန်းပြခဲ့တဲ့ နျူကလီးယားလက်နက်ကိုပါ ကာကွယ်နိုင်တယ်ဆိုတဲ့ Doomsday လေယာဥ်ကြီးအပါအ၀င် ဘယ်လိုတိုက်လေယာဉ်၊ရဟတ်ယာဥ်မျိုးကိုမှ ပျံသန်းမပြနိုင်ခဲ့ပါဘူး။
ကရင်မလင်နန်းတော်က ရာသီဥတုကြောင့်လို့ အကြောင်းပြပေမဲ့ ဒီကနေ့ မော်စကိုရာသီဥတုဟာ လေယာဥ်မပျံသန်းနိုင်လောက်အောင်ဆိုးဝါးခြင်းမရှိဘူးလို့ အကဲခပ်တွေကပြောပါတယ်။ ပူတင်ကို လုပ်ကြံသတ်ဖြတ်နိုင်တယ်ဆိုတဲ့သတင်းတွေထွက်နေတဲ့အတွက် လေကြောင်းအင်အားပြတာဖျက်သိမ်းတာဖြစ်နိုင်တယ်လို့ တချို့ကယူဆပါတယ်။
အောင်ပွဲခံနေ့အခမ်းအနားကို ပူတင်ကိုယ်တိုင်လုံခြုံရေးအပြည့်နဲ့ တက်ရောက်လာပေမဲ့ ထူးထူးခြားခြားပြောဆိုသွားတာမျိုးလည်းမရှိပါဘူး။ ယူကရိန်းကို ၀င်တိုက်ရတာဟာ ရုရှားနိုင်ငံတော်လုံခြုံရေးအရ ကြိုတင်၀င်တိုက်ရတာလို့ပဲ ပြောသွားသလို အမေရိကန်နဲ့ NATO ရဲ့အင်အားချဲ့ထွင်လာမှုကြောင့်လို့ပဲ ပြောသွားပါတယ်။