၆ နိုဝင်ဘာ ၂၀၂၁
ဂျပန်ရဟတ်ယာဉ်တင်စစ်သင်္ဘော KAGA နဲ့ တိုက်ခိုက်ရေးရေယာဉ် MURASAME ၂ စီး ဗီယက်နမ်နိုင်ငံအလယ်ပိုင်း Khanh Hoa ပြည်နယ် နိုင်ငံတကာကို ဆိုက်ရောက်လာကြောင်း ဗီယက်နမ်အစိုးရအာဘော်သတင်းတွေက ဖေါ်ပြပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့က ဆိုက်ရောက်လာတာဖြစ်ပြီး ၂ နိုင်ငံ စစ်ရေးလေ့ကျင့်မှုတွေအတွက် စီစဉ်ဖို့ ဗီယက်နမ်ရေပြင်မှာ ၄ ရက်ကြာရှိနေမယ်လို့လည်းသတင်းတွေက ဆိုပါတယ်။
တောင်တရုတ်ပင်လယ်ပြင်မှာ စစ်ရေးအားပြိုင်မှုတွေပြင်းထန်နေချိန်မှာ ဂျပန်စစ်သင်္ဘောတွေ ဗီယက်နမ်ရောက်လာတာကို တရုတ်အစိုးရက ဘယ်လိုသဘောထားမယ်ဆိုတာမသိရသေးပေမယ့် ဗီယက်နမ်အနေနဲ့ ဘက်တဖက်ကို ပြတ်ပြတ်သားသား ရက်တည်ပြတဲ့သဘောလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်နေပါတယ်။
BNN