၂၆ အောက်တိုဘာ ၂၀၂၁
တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်လားမားရဲ့ အရိုက်အရာကို ဆက်ခံဖို့ ရွေးချယ်ဆုံးဖြတ်ရမယ့်အလုပ်ဟာ တရုတ်ကွန်မြူနစ်အစိုးရရဲ့ အလုပ်မဟုတ်ဘူးလို့ တိဘက်ဘုန်းတော်ကြီးတွေက ပြောပါတယ်။
လက်ရှိ ဒလိုင်လားမား နဲ့ တိဘက်ဘုန်းတော်ကြီးတွေနဲ့ပဲသက်ဆိုင်တဲ့ ဘာသာရေးလုပ်ငန်းစဉ်ဟာ ဘာသာတရားမယုံကြည်တဲ့ တရုတ်ကွန်မြူနစ်အစိုးရနဲ့ ဘာမှ မပတ်သက်ဘူးလို့ ဘုန်းတော်ကြီးGyangbung Tulku Rinpoche က အောက်တိုဘာ ၂၃ ရက်နေ့က ပြောလိုက်ပါတယ်။
လက်ရှိ (၁၄) ယောက်မြောက် ဒလိုင်လားမားဟာ ၁၉၅၉ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံမှာ ခိုလုံနေထိုင်ခဲ့ရပြီး တိဘက်ဒေသကို တရုတ်ကွန်မြူနစ်အစိုးရက သိမ်းပိုက်ထားတာကို ဆန့်ကျင်နေသူဖြစ်ပါတယ်။ တရုတ်အစိုးရကလည်း တိဘက်ခွဲထွက်ရေးသမားဆိုပြီးစွတ်စွဲဲထားသလို ဒလိုင်လားမားကို အသိအမှတ်ပြုဆက်ဆံသူမှန်သမျှကို ရန်သူလို သဘောထားပါတယ်။
တိဘက်နယ်ထဲမှာရှိနေတဲ့ ဘုန်းတော်ကြီးတော်တော်များများကိုလည်း တရုတ်အစိုးရက ဖမ်းလိုက်ပြန်လွှတ်လိုက်နဲ့ ဒလိုင်လားမားကို မထောက်ခံဖို့ လုပ်နေတာကြာခဲ့ပြီဖြစ်ပါတယ်။ တိဘက်ပြည်သူတွေနဲ့ တိ
ဘက်ဘုန်းတော်ကြီးတွေကတော့ ဒလိုင်လားမားကိုပဲ သူတို့ရဲ့ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု ယုံကြည်လက်ခံထားတာမို့ တရုတ်အစိုးရနဲ့ တိဘက်ပြည်သူတွေဆက်ဆံရေးက အဆင်ပြေမနေဘူးဆိုပါတယ်။
လက်ရှိဒလိုင်လားမားဟာ အသက် ၈၆ နှစ်ရှိပြီဖြစ်တဲ့ အတွက် သူ့နေရာဆက်ခံမယ့် (၁၅) ယောက်မြောက် ဒလိုင်လားမား ဘယ်သူဖြစ်လာမလဲဆိုတာကို အများကစိတ်ဝင်စားနေသလို တရုတ်အစိုးရကလည်း တိဘက်ဟာ တရုတ်ပိုင်ဖြစ်လို့ တရုတ်အစိုးရက အတည်ပြုတဲ့သူဖြစ်ရမယ်လို့ ဖိအားပေးပြောနေခဲ့တာပါ။ အဲဒီလိုပြောဆိုမှူတွေကို တိဘက်ဘုန်းတော်ကြီးတွေက လက်မခံပဲ ဘာသာရေးကိစ္စမှာ ကွန်မြူနစ်အစိုးရက စွက်ဖက်စရာအခွင့်အရေးမရှိဘူးလို့ တုန့်ပြန်ပြောဆိုနေကြတာပါ။
အိန္ဒိယနဲ့ထိစပ်နေတဲ့ တိဘက်အရေးဟာ တရုတ်အစိုးရအတွက်တော့ တိုင်ဝမ်လိုပဲခေါင်းခဲရဦးမယ့်အနေအထားလို့ နိုင်ငံတကာသတင်းတွေကသုံးသပ်နေကြပါတယ်။
BNN