• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

ကြာသပတေး, ဇူလိုင် 7, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

မေ့လျော့ခံနေရသော မြန်မာပြည်၏ပဋိပက္ခအကြောင်း ကက်သလစ်သီလရှင်တစ်ပါးထုတ်ပြော

8 လ ago
မေ့လျော့ခံနေရသော မြန်မာပြည်၏ပဋိပက္ခအကြောင်း ကက်သလစ်သီလရှင်တစ်ပါးထုတ်ပြော
0
SHARES
4
VIEWS

ကက်သလစ်သီလရှင်တစ်ပါးသည် လက်ရှိဖြစ်ပွားနေသော မြန်မာနိုင်ငံ၏ နိုင်ငံရေးပဋိပက္ခနှင့်ပတ်သက်၍မေ့လျော့ခံနေရကြောင်း နို၀င်ဘာ (၁၀) ရက်နေ့က ထုတ်ဖော်ပြောဆိုလာသည်။ အဆိုပါသီလရှင်မှာ စစ္စတာရ် Beatrice Maw ဖြစ်ပြီး၊ ဆပ်ဖြေခြင်းသီလရှင်အသင်းမှဖြစ်သည်။

စစ္စတာရ်သည် လာမည့် (၂၀၂၂) ခုနှစ်၊ သာသနာပြုပွဲတော်၏ဖွင့်ပွဲအခမ်းအနား၌ပြောဆိုခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့သတင်းမီဒီယာများသည် စစ်တပ်မှအာဏာသိမ်း သည့်ကိစ္စနှင့်ရက်စက်ကြမ်း ကြုတ်စွာပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်များကိုဖျက်ဆီးသတ်ဖြတ်နေသည့်အကြောင်းများကိုဖော်ပြပြောဆိုခြင်းမရှိတော့ကြောင်း၊ ကံကောင်းထောက်မစွာဖြင့် ‘Avvenire’ သတင်းစာ၊ ပီးမေ ဘုန်းတော်ကြီးများက ဦးစီးထုတ်‌ေ၀‌သော Mondo e Missione မဂ္ဂဇင်းနှင့် AsiaNews သတင်းစာမျက်နှာ များတွင်မကြာခဏဖော်ပြပေးနေပါကြောင်း

ကမ္ဘာ့မီဒီယာများ၏နှုတ်ဆိတ်နေခြင်းသည် မြန်မာ နိုင်ငံ၏ပဋိပက္ခများအားလုံးပြီးဆုံး၍ငြိမ်းချမ်းသွားပြီဟုမဆိုလိုကြောင်း၊ လုံး၀မအေးချမ်း၊ မတည်ငြိမ်သေးကြောင်း၊ အာဏာစသိမ်းသော ဖေဖော်၀ါရီ (၁) ရက်နေ့မှစ၍ ယနေ့တိုင် မြန်မာနိုင်ငံ၏အ ခြေအနေသည် တစ်နေ့ထက်တစ်နေ့ ပို၍ပင်ဆိုးရွားလာနေကာ မတရားအကြမ်းဖက်စစ်အာဏာရှင်တို့၏ ကြမ်းကြုတ်ရက်စက်မှု၊ ကိုဗစ်၏ရိုက်ခတ်မှုသည် လုံး၀မပြီးဆုံးသေးကြောင်း နှလုံးသားထဲ၌ သွေးစိမ်းရှင်ရှင်စီးထွက်ကျနေ လျှက်ပြောဆိုနေခြင်းဖြစ်ကြောင်းဆိုသည်။

ဒေသများ၌တိုက်ပွဲဖြစ်နေသောကြောင့် ဒေသခံပြည်သူများ မိမိတို့၏အိုးအိမ်များကိုစွန့် ၍ တောကြီးမျက်မဲထဲသို့စစ်ရှောင်ဘ၀ရောက်သွားကြရသည်။ ပြည်တွင်းစစ်တောက် လျှောက်သည် ဖိနှိပ်ညှဉ်းဆဲသော စစ်သာဖြစ်နေခဲ့သည်။ စစ်ရှောင်ဦးရေများလည်းတိုးလာခဲ့သည်။ မတရားအာဏာသိမ်းစစ်တပ်သည် ရွာများ၊ လူနေအိမ် များ၊ ဘာသာရေးဆိုင်ရာအဆောက် အအုံများဖျက်ဆီးခံနေရသည်။ လက်နက်ကြီးငယ်ပစ်ခတ်ခံနေရသည်။ ဓားပြ တိုက်လုယှက်မှုများကိုကျူးလွန်နေကြသည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကက်သလစ်ဘုရားကျောင်း (၆) ကျောင်း၊ နှစ်ခြင်းဘုရားကျောင်း (၂) နှင့်ရွာဘုရားကျောင်း (၂) ကျောင်းပျက်စီးသွားခဲ့ရ​သည်။ ဓမ္မသင်တန်းကျောင်း ၏ ကျောင်းအုပ်သည်လည်း အကြောင်းမဲ့စွပ်စွဲဖမ်းဆီးသွားသည်။ အဆိုပါဘုန်းတော်ကြီးသည် အာဏာသိမ်းစစ်တပ်ကို အလိုမရှိကြောင်း ပြည်သူများနှင့်တစ်သားတည်းရပ်တည်၍ ဆန္ဒထုတ်ဖော်ခဲ့သောကြောင့် အငြိုးဖြင့်လာရောက်ဖမ်း ဆီးခြင်းဖြစ်သည်။ အမှန်မှာ ဘုန်းတော်ကြီးသည် ကိုဗစ်ကြောင့် သင်တန်းကျောင်းများလည်းမဖွင့်လှစ်နိုင်၍ လိုအပ် ချက်အရ သင်တန်းကျောင်းကို ကိုဗစ်လူနာများအားစောင့်ရှောက်ပေးသည့်နေရာနှင့်ကိုယ်၀န်ဆောင်မိခင်များအား မီး ဖွားပေးသောဆေးခန်းအဖြစ်ပြောင်းလဲအသုံးပြုနေသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းမာရေး၀န်ထမ်းအများပိုင်း သည်လည်း “ စီဒီအမ်” လုပ်ထားသောကြောင့် ကျန်းမာရေး၀န်ထမ်းမလုံလောက်ပေ။


အကြောင်းမရှိအကြောင်း ရှာ၍ အမျိုးသား၊ အမျိုးသမီး၊ လူငယ်၊ လူကြီးများကိုဖမ်းဆီးသည်။ အမျိုးသမီးတစ် ဦးသည် သမီးဖြစ်သူပြည်ပ၌ သွားရောက်အလုပ်လုပ်နေသောကြောင့်ဖမ်းဆီးခံရသည်။ ထိုရသောလစာဖြင့် ပြည်သူ့ ကာကွယ်ရေးတပ်အားထောက်ပံ့ပေးနေသည်ဟုစွပ်စွဲခံရသည်။

အခြေခံရဟန်းဖြစ်သင်ကျောင်းသားလေး၏ အော်ဟစ်ငိုကြွေးသံသည် ကျွန်မ၏ နှလုံးသားကိုလွန်နာကျင်စွာခံ စားရသည်။ ဖြစ်တွေ့ဖြစ်ပျက်နေသောအခြေအနေအရပ်ရပ်ကြောင့် သူနှင့်သက်တူရွယ်တူများသည် သေနတ်ကိုင်၍အာ ဏာရှင်ကိုပြန်လည်တိုက်ခိုက်ရန်မှလွဲ၍ အခြားရွေးစရာအခြားလမ်းမရှိတော့။ ထို့ကြောင့်သူ၏ ရဟန်းဖြစ်လိုသောရည် မှန်းချက်သည်လည်း လုံး၀ပျက်စီးသွားခဲ့ပြီ။ ပြည်ပနိုင်ငံများကိုလည်း ၄င်းတို့၏တော်လှန်ရေးအောင်မြင်စေရေး ကူညီ ရန်အကူအညီတောင်းခံထားသည်ဟုစစ္စတာရ်မှဆိုသည်။

သူ၏ဘ၀တူ ဆပ်ဖြေခြင်းသီလရှင်များသည် မြန်မာ နိုင်ငံ ၏သာသနာ (၁၆) ခုအနက် (၁၃) ခုတွင်အမှုတော် ထမ်းနေကြောင်း၊ ကျောင်းပေါင်း (၆၂) ကျောင်းရှိကြောင်း၊ များသော အားဖြင့် ထိုကျောင်းများသည် အလွန်‌ေ၀းလံ ခေါင်သီးသောဒေသများ၌ရှိကြောင်း၊ လက်ရှိအခြေအနေကြောင့် သီလရှင်ကျောင်း (၁၂) ကျောင်းကိုပိတ်ထားရ ကြောင်း၊ စစ်ဘေးသင့်နေချိန်၌ ကိုဗစ်ဖြစ်ပွားနေသောသီလရှင်များစွာလည်းရှိပြီး၊ အချို့သည်လောကကြီးမှထွက်ခွာ သွားကြသူများလည်းရှိကြောင်း၊ စစ်ဘေးရှောင်ရာတွင် သက်ကြီး၊ သက်နုသီလရှင်များလည်း ဘေးလွတ်ရာထွက်ပြေး ရသောကြောင့် အလွန်တရာစိတ်ထိခိုက်ခံစားရကြောင်း၊ ဤသို့သောနာကျင်ခါးသီလှသည့်အခြေအနေမျိုးနှင့်ရင်ဆိုင်နေရသော်လည်း ဘုရားသခင်ကိုကျေးဇူးတင်ရပါကြောင်း အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ဒုက္ခကြားမှ ကျွန်ုပ်တို့အားစုစည်းမိသွားစေသည်။ နာကျင်ရသော်လည်း ဂုဏ်ယူနေမိကြောင်း၊ အဘယ်ကြောင့်ဆိုသော် သီလရှင်များသည် ယေဇူးသခင်၏နောက်လိုက်များပီသစွာဖြင့် မိမိတို့၏အသက်ကိုလည်းဖက်နှင့်ထုပ်လျှက် ရှေ့တန်းမှနေ၍ ပြည်သူများ အား မားမားမတ်မတ်ကာကွယ်ပေးနေသည်။

ဆပ်ဖြေခြင်းသီလရှင်တစ်ပါး၏ အိမ်ထောင်သည်မောင်အရင်းသည် ဒုက္ခသည်စခန်းမှအိမ်သို့အပြန်လမ်းတွင် စစ်တပ်၏ပစ်သတ်ခြင်းခံခဲ့ရသည်။ အိမ်သို့ပြန်သွားခြင်းမှာ တောထဲဖြစ် ၍ ခြင်းတောင်းပြန်ယူရန်ဖြစ်သည်။ သူ၏ ရင်သွေးများက ၄င်းတို့၏ဖခင်ပြန်မလာသည်ကိုသတိထားမိရာမှ ထိုအဖြစ်ဆိုး ကိုသိလိုက်ရသည်။ ကြောက်ကြောက်နှင့်လိုက်ရာ ကိုယ်ခန္ဓာအပိုင်းပိုင်းဖြစ်ပြီးသေဆုံးနေသည်။ ဤအဖြစ်ဆိုးနှင့် ကြုံသော်လည်း စစ္စတာရ်သည်ရဲ၀ံ့စွာပင် ကိုဗစ်လူနာများအားစောင့်ရှောက်သောအဆောင်တွင်တက်ကြွစွာလုပ်အား ပေးလျှက်ရှိ​သည်ဟုပြောကြားသွားခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်


Tags: Breaking NewsInterviewNUGSpring Revolution
BNN Editor

BNN Editor

BNN Editor သည် အကြီးတန်း တာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက်ဖြစ်သည်။ BNN ဝဘ်ဆိုဒ်အတွက် သတင်းများ တင်ဆက်ပေးနေသူဖြစ်သည်။

ဆက်စပ်နေသော ရေးသားချက်များ

စစ်ရေး

စစ်ကိုင်းနှင့်မ​ကွေးနယ်စပ်တိုက်ပွဲ အကြမ်းဖက် စစ်​ကောင်စီတပ် အထိနာ ရဟတ်ယာဉ်ပစ်ကူဖြင့် ဆုတ်ခွာ

ဇူလိုင် 6, 2022
စစ်ကိုင်းနှင့်မ​ကွေးနယ်စပ်တိုက်ပွဲ အကြမ်းဖက် စစ်​ကောင်စီတပ် အထိနာ ရဟတ်ယာဉ်ပစ်ကူဖြင့် ဆုတ်ခွာ

စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းနယ်စပ်တွင်စစ်​ကောင်စီတပ်နှင့် ဒေသတွင်းမဟာမိတ်အဖွဲ့များ ၂နာရီ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်က ရဟတ်ယာဉ်ပစ်ကူ ခဲ့သော်လည်း အကြမ်းဖက် စစ်သား ၂၀ ထက်မနည်း သေဆုံးနိုင်ကြောင်း Seven People Defense Force အဖွဲ့ကသတင်းထုတ်ပြန်သည်။ ထိုစစ်ကြောင်းနှင့်အတူ အထိနာခဲ့သော အကြမ်းဖက်စစ်တပ်သည်...

Read more
by BNN Editor
0 Comments
စစ်ရေး

အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ကို တင်ဆောင်လာသည့်ကား မိုင်းဆွဲ တိုက်ခိုက်ခံရ ယာဉ် ကို တိုက်ရိုက် ထိမှန် သုံးဦးပွဲချင်းပြီးသေ

ဇူလိုင် 5, 2022
အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ကို တင်ဆောင်လာသည့်ကား မိုင်းဆွဲ တိုက်ခိုက်ခံရ ယာဉ် ကို တိုက်ရိုက် ထိမှန် သုံးဦးပွဲချင်းပြီးသေ

ဇူလိုင်(၅) ၊ မြင်းမူ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ကို တင်ဆောင်လာသည့် ယာဉ်တစီးကို ဇူလိုင်(၅)ရက် ယနေ့ ညနေခန့် က စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ထီးဆောင်းနှင့် ကန်ဖျားဇရပ်ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force...

Read more
by BNN Editor
0 Comments
စစ်ရေး

အပြစ်မဲ့တိုင်းရင်းသားပြည်သူများအပေါ် အကြမ်းဖက် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း CDF-မင်းတပ် ထုတ်ပြန်

ဇူလိုင် 2, 2022
အပြစ်မဲ့တိုင်းရင်းသားပြည်သူများအပေါ် အကြမ်းဖက် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း CDF-မင်းတပ် ထုတ်ပြန်

ဇူလိုင်(၂) ချင်းပြည်နယ် မင်းတပ် မြို့နယ် ချပ်ရွာနှင့် ဆွန်တောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် ယနေ့ နံနက်ပိုင်းက ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ဒေသခံ ပြည်သူ ၂ ဦး...

Read more
by BNN Editor
0 Comments
စစ်ရေး

သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်

ဇူလိုင် 1, 2022
သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်

ဇူလိုင်(၁) ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံး ကာ ဒဏ်ရာ ရရှိသူအများအပြား ရှိခဲ့ကြောင်းသိရသည်။ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျောင်းသားကျောင်းသူများအပါအဝင်...

Read more
by BNN Editor
0 Comments
Load More
Next Post
တိုင်ဝမ်က တိုက်လေယာဉ်အသစ်တွေ စတင်သုံး

တိုင်ဝမ်က တိုက်လေယာဉ်အသစ်တွေ စတင်သုံး

တရုတ်သံအမတ်ကို ဖိလစ်ပိုင်က ခေါ်ယူသတိပေး

တရုတ်သံအမတ်ကို ဖိလစ်ပိုင်က ခေါ်ယူသတိပေး

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.