၆/၄/၂၀၂၂
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအထူးသံတမန် Igor Driesmans ဟာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Rento Marsudi နဲ့ ဒီကနေ့တွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီပြန်လည် တည်ဆောက်နိုင်ရေးဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပွဲအသေးစိတ်ထုတ်ပြန်တာမရှိပေမယ့် အာဏာသိမ်းစစ်တပ်က ကတိပေးထားတဲ့ သဘောတူညီချက်တွေကို အမြန်အကောင်အထည်ဖေါ်နိုင်ရေးကို ဆွေးနွေးခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

လေ့လာသူအများစုကတော့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တွေအနေနဲ့ ပြည်သူကို ကိုယ်စားပြုတဲ့ NUG/ NUCC တွေနဲ့ လူချင်းတွေ့ဆုံဆွေးနွေးမှုမလုပ်သေးသရွေ့ တိုးတက်ပြောင်းလဲလာစရာ လမ်းစမရှိဘူးလို့ သုံးသပ်ကြပါတယ်။
အာဏာသိမ်းစစ်တပ်က နိုင်ငံတကာကို ပေးထားတဲ့ကတိတွေ တခုမှ လိုက်နာအကောင်အထည်ဖေါ်တာမရှိပေမယ့် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ကတော့ (၃) ဦးရှိနေပြီဖြစ်ပါတယ်။