၅/၄/၂၀၂၂
ယူကရိန်းနိုင်ငံ Luhansk ဒေသက နိုက်ထရစ်အက်စစ်သိုလှောင်ရုံကို ရုရှားတပ်တွေက ဒီကနေ့ ဖေါက်ခွဲဖျက်ဆီးလိုက်ကြောင်း သတင်းတွေမှာ ဖေါ်ပြပါတယ်။ လူနဲ့ တရိစ္ဆာန်တွေအတွက် အင်မတန် အန္တရာယ်များတဲ့ အက်စစ်သိုလှောင်ရုံကို ဖေါက်ခွဲဖျက်ဆီးတာဟာ ဓါတုလက်နက်နဲ့ တိုက်ခိုက်နည်းတမျိုးလို့ ယူကရိန်းသတင်းတွေကဆိုပါတယ်။
Bucha လူသတ်မှုနဲ့ နိုင်ငံတကာဖိအားနဲ့ ရင်ဆိုင်နေရတဲ့ ရုရှားစစ်တပ်ဟာ မထူးဇာတ်ခင်းတော့မယ့် အနေအထားတွေ မြင်နေရတာမို့ နိုင်ငံတကာအနေနဲ့ ရုရှားကျူးကျော်စစ်ကို အမြန်အဆုံးသတ်နိုင်ဖို့ အခုထက် ကူညီပေးကြဖို့လည်း ယူကရိန်းလွှတ်တော်အမတ်တွေက ထုတ်ဖေါ်ပြောဆိုပါတယ်။