ယူကရိန်းသမ္မတရဲ့ သတင်းထုတ်ပြန်ချက်

ပထမနေ့မှာ ယူကရိန်းအရာရှိ ၁၀ ဦးအပါအဝင် တပ်သား ၁၃၇ ဦး သေဆုံးခဲ့ပါတယ်။ ရုရှားစစ်သားက ၄၀၀ နီးပါး သေဆုံးပါတယ်။ ပဲ့ထိမ်းဒုံးကျည်အပါအဝင် တာလတ်ပစ်ဒုံး (၂၀၀) နီးပါးနဲ့ ရုရှားက တိုက်ခိုက်ခဲ့ပါတယ်။ “ ရုရှားရဲ့ အဓိက ပစ်မှတ်က ကျနော်ပါ။ ဒုတိယပစ်မှတ်က ကျနော့်မိသားစုပါ။ ဒါပေမယ့် ကျနော် မြို့တော် ကိယက်ဗ်မှာပဲ ရှိနေပါတယ်”
တိုက်ပွဲ ရှေ့တန်း ကို ရောက်ရှိနေတဲ့ ယူကရိန်းသမ္မတ
ကိယက်ဖ်၊ ဖေဖော်ဝါရီ ၂၅
တိုက်ပွဲတွေဖြစ်ပွားနေပေမယ့် ယူကရိန်းသမ္မတဇီလင်စကီကတော့ ရှေ့တန်းမှာ သူ့စစ်သားတွေနဲ့အတူရှိနေတယ်လို့ ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက် ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။ သူတို့ကို ကူညီမယ့်သူမရှိဘူးလို့ ပြောဆိုအပြီး ရှေ့တန်းတစ်နေရာ လာရောက် ညွန်ကြားစစ်ဆေးနေတာကို မြင်တွေ့ခဲ့ရတာပါ။ လက်ရှိမှာ ရုရှားနဲ့ ယူကရိန်းဟာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး သုံ့ပန်းတွေ ကိုလည်း အပြန်အလှန်ဖမ်းမိ ထားကြပါတယ်။ နှစ်ဖက်စစ်သားတွေထဲမှာ လက်နက်ချပြီး ထွက်ပြေးသူတွေလည်း ရှိနေပါတယ်။
ပုံညွန်း – ယူကရိန်း သမ္မတ ကို ၂၀၂၂ ဇန်နဝါရီနဲ့ ၂၀၂၁ ဒီဇင်ဘာက စစ်ဝတ်စုံဖြင့် မြင်တွေ့ရစဉ်။ ပုံညွန်း – ယူကရိန်း သမ္မတ ကို ၂၀၂၂ ဇန်နဝါရီနဲ့ ၂၀၂၁ ဒီဇင်ဘာက စစ်ဝတ်စုံဖြင့် မြင်တွေ့ရစဉ်။ ပုံညွန်း – ယူကရိန်း သမ္မတ ကို ၂၀၂၂ ဇန်နဝါရီနဲ့ ၂၀၂၁ ဒီဇင်ဘာက စစ်ဝတ်စုံဖြင့် မြင်တွေ့ရစဉ်။
ရုရှားစစ်သားတွေဟာ ယူနီဖောင်းတွေတောင်ထားပြီး ထွက်ပြေးခဲ့ကြသလို ယူကရိန်းတပ်သားတချို့ကလည်း ခွဲထွက်ပြည်နယ်နဲ့ ပူးပေါင်းသွား ခဲ့ကြ တာတွေလည်း ရှိနေပါတယ်။
ရုရှား လေယာဉ်တွေကို ယူကရိန်းကပစ်ချခဲ့မှုတွေ ဓာတ်ပုံမှတ်တမ်း နဲ့ထွက်လာ ခဲ့သလို ရုရှားရဲ့ ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကိုလည်း ရုပ်သံဖိုင်တွေထွက်ပေါ်လာတာကို လည်း တွေ့ရှိရ တယ်။
ပူတင်နုတ်ထွက်ဖို့နဲ့ ယူကရိန်းကျူးကျော်စစ်ရပ်ဆိုင်းဖို့ တောင်းဆိုဆန္ဒပြ – ရုပ်သံ
၂၅ ဖေဖေါ်၀ါရီ
ပူတင်နုတ်ထွက်ဖို့နဲ့ ယူကရိန်းကျူးကျော်စစ်ရပ်ဆိုင်းဖို့ တောင်းဆိုဆန္ဒပြခဲ့သူတွေကို မော်စကိုရဲက ဖမ်းဆီးခဲ့ပြီး မနေ့က တနိုင်ငံလုံးမှာ ဆန္ဒပြသူ ၂ ထောင်နီးပါး အဖမ်းခံခဲ့ရကြောင်းသိရသည်။
မော်စကိုမြို့လယ်က ပူတင်နဲ့ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ
ယူကရိန်းကို တိုက်ခိုက်ချိန်ကစပြီး ဆန္ဒပြပွဲများဖြစ်ပေါ်နေပြီး အနည်းဆုံး ၁၅၀၀ ကျော် ဖမ်းဆီးခံထားရသည်။
မော်စကိုက ပူတင်အလိုမရှိ ဆန္ဒပြပွဲ-လူ ၁၅၀ ဖမ်းဆီးခံထားရ
မော်စကိုမြို့တော် မှာ ပူတင်ရဲ့စစ်ပွဲအလိုမရှိကြောင်း မြို့ခံတွေက ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။ ဒီကနေ့ မနက်ပိုင်းကတည်းက နေရာအနှံ့မှာ ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီး ဆန္ဒပြပွဲခေါင်းဆောင်လို့ ယူဆရသူ ၁၅၀ လောက်ဖမ်းဆီးခံထားရတယ်လို့ မော်စကိုကျောင်းသားလူငယ်များအဖွဲ့က ပြောပါတယ်။ ယူကရိန်းကို ကွန်ပြူတာဆိုက်ဘာတိုက်ခိုက်တာတွေလုပ်နေသလို ရုရှားမှာလည်း အင်တာနက်တွေကို ထိမ်းချုပ်ထားပြီး ပူတင်နဲ့ စစ်ဆန့်ကျင်ရေးရေးသားသူတွေကို ရှာဖွေ ဖမ်းဆီးနေတယ်လို့လည်း မော်စကိုကျောင်းသားလူငယ်များအဖွဲ့က ပြောပါတယ်။
ရုရှားစစ်ရေးကျုးကျော်မှု ချက်ခြင်းရပ်ဖို့ စင်္ကာပူကတောင်းဆို

ယူကရိန်းအပေါ် စစ်အင်အားသုံးကျုးကျော်တာ ချက်ခြင်းရပ်ဆိုင်းဖို့ စင်္ကာပူအစိုးရကတောင်းဆိုထားပါတယ်။ ရုရှားအနေနဲ့ ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို လေးစားအသိအမှတ်ပြုဖို့လိုပြီး ပြသနာတွေကို နိုင်ငံတကာစံညွှန်းတွေနဲ့ အညီ ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာဖို့လိုမယ်လို့လည်း ဒီကနေ့ထုတ်ပြန်တဲ့ စင်င်္ကာပူအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ရုရှားလေတပ်က တိုက်လေယာဥ်တစီး ပစ်ချခံရသည့် ရုပ်သံ
ရုရှားလေတပ်က တိုက်လေယာဥ်တစီးကို Luhansk ဒေသမှာ ပစ်ချခဲ့ကြောင်း ယူကရိန်းကာကွယ်ရေး၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ အခု ပစ်ချတာဟာ ၇ စီးမြောက်ဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားသည်။
” ဖက်ဆစ်တယောက်အတွက်နဲ့ ဖက်ဆစ်နိုင်ငံလို့တော့ အခေါ်မခံနိုင်ဘူး”
(Irina Anokhina စိန့်ပီတာစဘတ်)
ပူတင်က အစက အာဏာလေးလောက်ပဲရူးနေတာ။ နောက်တော့ ဖက်ဆစ်တယောက်လို ဖြစ်လာတယ်။ အခု ယူကရိန်းကိုဝင်တိုက်တော့ နိုင်ငံတော်ကပါ ဖက်ဆစ်နိုင်ငံဖြစ်တော့မယ်။ သမိုင်းမှာ ဖက်ဆစ်နိုင်ငံ လို့အခေါ်ခံရတော့မယ်။ ဒါကိုလက်ခံလို့မရဘူး။ ဒါကြောင့် ဖမ်းချင်ဖမ်း မဖမ်းချင်နေ ဆန္ဒပြပွဲကို လာပူးပေါင်းတာ။ နာဇီခေတ် နဲ့ ဒုတိယကမ္ဘာစစ်ကြီးလည်း မှီခဲ့တယ်။ ကွန်မြူနစ်ခေတ် လည်းနေခဲ့ရပြီ။ သေခါနီး မှ ဖက်ဆစ်အောက်မှာ နေရမယ်ဆိုတာ မဟုတ်သေးဘူး။ မနေနိုင်ဘူး

” ရုရှားသာမက ဘယ်လာရုစ်နဲ့ ပူတင်ထောက်ခံသူအားလုံးကို ပိတ်ဆို့မယ်” (EU)
” မြို့တော်ကိယက်ဗ်ကို ရုရှားက မကြာခင်ပိတ်ဆို့မည်ဟုခန့်မှန်း”
၂၅ ဖေဖေါ်ဝါရီ ၂၀၂၂
ယူကရိန်းကို ကျုးကျော်ဖို့ ရုရှားတပ်တွေ ကို ကူညီပေးနေတဲ့ ဘယ်လာရုစ်နိုင်ငံကိုလည်း ရုရှားကို ပိတ်ဆို့အရေးယူသလိုမျိုး ဒီနေ့စတင်မယ်လို့ ဥရောပသမဂ္ဂက ပြောပါတယ်။ ဘယ်လာရုစ်အစိုးရဟာ ရုရှားတင့်ကားတွေဖြတ်မောင်းခွင့်ပေးသလို စစ်ရေးလေ့ကျင့်ဖို့ရောက်နေတဲ့ ရုရှားတပ်တွေကို တာဝေးပစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်ခွင့်ပေးခဲ့တယ်ဆိုပါတယ်။ ရုရှားတပ်တွေနဲ့အတူ လိုအပ်ရင် လက်တွဲတိုက်ပေးမယ်လို့ပါ ဘယ်လာရုစ်အာဏာရှင်သမ္မတက ပြောခဲ့တာဖြစ်ပါတယ်။
ဘယ်လာရုစ်ကလာတဲ့သတင်းတွေမှာတော့ မပိတ်ဆို့ခင်ကတည်းက ငွေကြေးစျေးကွက်ပျက်နေသလို ဘဏ်အားလုံး လုပ်ငန်းလည်ပတ်နိုင်ခြင်းမရှိတော့ဘူးဆိုပါတယ်။ ဘယိလာရုစ်ငွေတန်ဖိုးကလည်း ပြန်ဆယ်လို့မရအောင် ထိုးကျနေတယ်လို့ ဖေါ်ပြနေပါတယ်။
ဥရောပသမဂ္ဂနိုင်ငံတွေမှာ ရုရှားနဲ့ဘယ်လာရုစ်ပိုင်ဆိုင်မှုတွေစာ ဒေါ်လာ ဘီလျံထောင်ချီရှိနေတယ်ဆိုပါတယ်။ အမေရိကန် ဗြိတိန်နဲ့ ဥရောပသမဂ္ဂရဲ့ပိတ်ဆို့မှုကြောင့် လောလောဆယ် ရုရှားနဲ့ ဘယ်လာရုစ်အနေနဲ့ ဒေါ်လာ ထရီလျံနဲ့ချီပြီး ဆုံးရှုံးနေပြီလို့ ဘရပ်ဆဲလ်ကသတင်းတွေမှာ ဖေါ်ပြပါတယ်။ ဒါပေမယ့် ယူကရိန်းမြို့တော်ကတော့ တညလုံး ဗုံးကြဲခံနေရပြီး အရပ်သားတွေပါ သေဆုံးဒဏ်ရာရနေတယ်ဆိုပါတယ်။ မကြာခင် မြို့တော်ကို ရုရှားတပ်တွေဝင်သိမ်းပိုက်မယ့်အနေအထားနဲ့ရင်ဆိုင်နေရတယ်လို့လည်း သတင်းတွေမှာ ဖေါ်ပြနေပါတယ်။
ယူကရိန်း ရဲ့ မြို့စောင့်တပ်တာဝန်
” မြို့စောင့်တပ်တာဝန်ယူဖို့ အမည်ပေး လက်နက်ထုတ်ဖို့တန်းစီနေတဲ့ ယူကရိန်းနိုင်ငံသားများ”
မြို့တော် ကိယက်ဗ်ကို ပြည်သူနဲ့အတူ ခုခံကာကွယ်မည်
( ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး)

” မြို့တော် ကိယက်ဗ်ကို ပြည်သူနဲ့အတူ ခုခံကာကွယ်မည်ဟု ယူကရိန်းကာကွယ်ရေးဝန်ကြီးနဲ့ စစ်ဦးစီးချုပ်က သတင်းထုတ်ပြန်ထားသညိ။ အရွယ်ရောက် မြို့တော်သားတွေကို လကိနက်အပြည့်အစုံထုတ်ပေးပြီးဟုလည်း ယူကရိန်းစစ်ဦးစီးချုပ်ရုံးက ကြေညာထားသည်’
ကိယက်ဗ်မြို့ ကို စစ်ဝတ်စုံနဲ့ လှည့်လှည်ကြည့်ရှုနေတဲ့ ယူကရိန်း သမ္မတ

” ကိယက်ဗ်မြို့ အပျက်အစီးကို ယူကရိန်းသမ္မတ လှည့်လည်ကြည့်ရှုခဲ့ပြီး ယူကရိန်း-ဂျုးသမ္မတဟာ အစ္စရေးလုပ်စစ်ဝတ်စုံများ ဝတ်ဆင်ထားကြောင်း ကိယက်ဗိအခြေစိုက် အစ္စရေးသတင်းထောက်တွေက အလေးပေးဖေါ်ပြနေသည်”
စစ်ဆန့်ကျင်သူတွေကို နိုင်ငံတော်သစ္စာဖေါက်ဖျက်မှုနဲ့အရေးယူမယ် (ရုရှားပြည်ထဲရေးဝန်ကြီးဌာန)
၂၅ ဖေဖေါ်ဝါရီ ၂၀၂၂
ရုရှားက အနုပညာရှင်တွေ လူသိများထင်ရှားသူတွေအနေနဲ့ ယုကရိန်းကို ဝင်တိုက်တဲ့အပေါ် ဝေဖန်ဆန့်ကျင်တာမလုပ်ဖို့ ရုရှားပြည်ထဲရေးဝန်ကြီးက သတိပေးထားကြောင်း မော်စကိုအခြေစိုက် ရုရှားသတင်းထောက်တွေကပြောပါတယ်။
စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ မပါဝင်ဖို့နဲ့ ကူညီအားပေးတာမလုပ်ဖို့လည်း တဦးချင်းစီကို ကရင်မလင်နန်းတော်က စာပို့ သတိပေးထားတယ်ဆိုပါတယ်။ စစ်ဆန့်ကျင်ဆန္ဒပြသူတွေကို နိုင်ငံတော်သစ္စာဖေါက်မှုနဲ့ အရေးယူမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတိပေးထားကြောင်း ရုရှားသတင်းထောက်တွေက ပြောပါတယ်။
အခု စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ အစိုးရဝါဒဖြန့်သတင်းဌာနက သတင်းသမားတွေပါ ပါဝင်နေတယ်လို့လည်း ပြောပါတယ်။
ရုရှားတပ်များ ကိယက်ဗ်မြောက်ပိုင်းသို့ ဝင်ရောက် – ရုပ်သံ
” မော်လ်ဒိုဗာကုန်တင်သင်္ဘောကို ရုရှားက မှားယွင်းပစ်ခတ်ဟုဆို”
၂၅ ဖေဖေါ်ဝါရီ ၂၀၂၂
ယူကရိန်းပိုင် Pivdenny ဆိပ်ကမ်းနဲ့ ၁၂ မိုင်အကွာ ပင်လယ်နက်မှာ ဖြတ်သန်းသွားနေတဲ့ မော်လ်ဒိုဗာအလံပါကုန်တင်သင်္ဘောကို ရုရှားရေတပ်က မှားယွင်းပစ်ခတ်မိလို့ မီးလောင်နေကြောင်း ယူကရိန်းရေတပ်က သတင်းထုတ်ပြန်ပါတယ်။
ရုရှားရေတပ်ကတော့ ဘယ်သူပစ်မှန်းမသိသေးသလို သေချာစုံစမ်းစစ်ဆေးမယ်လို့ပြောထားပြီး ကူညီကယ်ဆယ်ရေးတွေလုပ်နေကြောင်း သတင်းထုတ်ပြန်ပါတယ်။
အခုဖြစ်ရပ်ဟာ ရုရှား-ယူကရိန်းနဲ့မသက်ဆိုင်တဲ့ တတိယနိုင်ငံရဲ့ပိုင်ဆိုင်မှုကို စတင်ထိခိုက်ပျက်စီးတဲ့ဖြစ်ရပ်ပါ။
ဥရောပသတင်းတွေမှာ နေတိုးအဖွဲ့ဝင် ရိုမေးနီးယားနိုင်ငံပိုင်သင်္ဘောလို့ ဖေါ်ပြကြခဲ့ကြပါသေးတယ်။ ဒါပေမယ့် ရိုမေးနီးယားမဟုတ်ပဲ မော်လ်ဒိုဗာပိုင်လို့ ရုရှားနဲ့ယူကရိန်း ၂ နိုင်ငံလုံးက သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ပူတင်ရဲဲ့ အငြိုးခံရနိုင်ချေရှိနေတဲ့ ရုရှားတင်းနစ်သမားများ
၂၅ ဖေဖေါ်၀ါရီ ၂၀၂၂
ဒူဘိုင်းမှာကျင်းပနေတဲ့ Dubai Tennis Championships ပြိုင်ပွဲရဲ့ ဒီကနေ့ အကြိုဗိုလ်လုပွဲမှာ အနိုင်ရခဲ့တဲ့ ရုရှားနာမည်ကြီး တင်းနစ်သမား Andrey Rublev က ကင်မရာပေါ်အနိုင်ရသူရဲ့ အမှတ်တရလက်မှတ်ထိုးရာမှာ လက်မှတ်မထိုးပဲ “ No war please” ကျေးဇူးပြုပြီး စစ်ပွဲတွေ မဖန်တီးပါနဲ့ ဆိုတဲ့စာသားရေးခဲ့ပါတယ်။
လက်ရှိအချိန်မှာ သူ့ပြိုင်ပွဲဟာ ငြိမ်းချမ်းရေးလောက် အရေးမကြီးပါဘူးလို့လည်း Andrey Rublev ကပြောပါတယ်။
အလားတူ ကမ္ဘာ့နံပါတ် ၁ ဖြစ်တော့မယ့် နာမည််ကြီး ရုရှားတင်းနစ်သမား Daniil Medvedev ကလည်း ဒီကနေ့ Mexico မှာကျင်းပနေတဲ့ ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ အနိုင်ရပြီးချိန်မှာ စစ်တွေ မဖန်တီးဖို့ နဲ့ နိုင်ငံတကာလှည့်ကစားနေတဲ့ တင်းနစ်ကစားသမားတယောက်အနေနဲ့ နိုင်ငံတကာငြိမ်းချမ်းသာယာရေးကိုပဲ ကူညီချင်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။ ကြားရမြင်ရတဲ့ သတင်းတွေဟာ ငြိမ်းချမ်းရေးလိုလားတဲ့ ကျနော်တို့အတွက် အရမ်းစိတ်ထိခိုက်ရပါတယ်လို့လည်း Daniil Medvedev ကပြောပါတယ်။
ဒီကနေ့ပဲ ပူတင်က လူသိများနာမည်ကြီးထင်ရှားသူတွေ စစ်ဆန့်ကျင်ရေးမှာ မပါ၀င်ဖို့နဲ့ ၀ေဖန်ရေးသားတာတွေမလုပ်ဖို့ သတိပေးထားတာပါ။
” အာဏာသိမ်းဖို့ပြောနေတာဟာ ဒီမိုကရေစီနဲ့ပူတင် တလမ်းစီဆိုတာ ပြသ”
(ယူကရိန်းစစ်ဦးစီးချုပ်)
၂၅ ဖေဖေါ်ဝါရီ ၂၀၂၂
ရုရှားနဲ့ပြဿနာတွေပြေလည်စေချင်ရင် စစ်တပ်က အာဏာသိမ်းလိုက်ဖို့ ရုရှားသမ္မတပူတင်ပြောတာဟာ ဒီမိုကရေစီနဲ့သူနဲ့ တလမ်းစီဆိုတာ ပြသနေသလို စစ်လိုလားသူ တဦးဆိုတာ သက်သေပြနေတယ်လို့ ယူကရိန်းကာကွယ်ရေးဦးစီးချုပ် Valeriy Zaluzhnyi က ပြောပါတယ်။
ဒီကနေ့ ယူကရိန်းနဲ့ဆွေးနွေးဖို့ TV မိန့်ခွန်းပြောရာမှာ ယူကရိန်းစစ်တပ်အနေနဲ့ အာဏာသိမ်းလိုက်မယ်ဆိုရင် ရုရှားနဲ့ဆွေးနွေးရတာ ပိုအဆင်ပြေမယ်လို့ ပူတင်က ပြောခဲ့တာပါ။
ယူကရိန်းကာကွယ်ရေးဝန်ကြီးကတော့ ထောက်လှမ်းရေးဟောင်း ပူတင်ဟာ တပ်နဲ့ပြည်သူကို သွေးခွဲဖို့ ရည်ရွယ်ချက်ရှိရှိပြောတာဖြစ်ပေမယ့် အခုယူကရိန်းဟာ ဒီမိုကရေစီမြတ်နိူးတဲ့ ယူကရိန်းဖြစ်နေပြီဆိုတာ သဘောပေါက်သင့်တယ်လို့ တုန့်ပြန်ထားပါတယ်။
ပူတင်အမိန့်နဲ့ တိုက်ချင်းပစ်တာ၀ေးဒုံးကျည်တွေ မော်စကို၀န်းကျင်ကို ပြောင်းရွေ့
၂၅ ဖေဖေါ်၀ါရီ ၂၀၂၂
နျူကလီးယားလက်နက်အဖြစ်လူသိများတဲ့ Intercontinental ballistic missile တိုက်ချင်းပစ် တာဝေးဒုံးကျည်တွေကို စစ်ရေးပြပွဲမှာ အသုံးပြုဖို့ မော်စကိုအနီးကို ပြောင်းရွေ့နေရာချနေကြောင်း ရုရှားကာကွယ်ရေး၀န်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
NATO စစ်ရေးလေ့လာသူတွေကတော့ ပူတင်ရဲ့ နောက်ဆုံးလက်နက်ကို ထုတ်ပြဖို့ ကျိူးစားမှုလို့ ယူဆပါတယ်။ ရုရှားက တိုက်ချင်းပစ်ဒုံးကျည်တွေ နေရာချထားပြီးနာရီပိုင်းမှာပဲ NATO စစ်ရေးမဟာမိတ်အဖွဲ့က အရေးပေါ်သတင်းစာရှငးလင်းပွဲလုပ်ပြီး ဥရောပလုံခြုံရေးအတွက် NATO ခုခံကာကွယ်စစ်ဆင်ရေးကို စတင် အသက်၀င်ကြောင်း ပြောပါတယ်။
ယူကရိန်းကို NATO က ၀င်ကူတိုက်မှာမဟုတ်ပေမယ့် အဖွဲ့၀င်နိုင်ငံတနိုင်ငံကို ထိပါးခဲ့ရင် ချက်ခြင်းလက်တုန့်ပြန်နိုင်ဖို့အတွက် ခုခံကာကွယ်ရေးစနစ်ကို အသင့်ပြင်တာလို့ ဆိုပါတယ်။ NATO ခုခံကာကွယ်ရေးသဘောတူညီမှုအရ အဖွဲ့၀င်နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်ဆိုင်မှုကို ထိပါးရင် စစ်ရေးအရ တုန့်ပြန်ရမှာဖြစ်ပါတယ်။
ဒီကနေ့ ပင်လယ်နက်ထဲမှာ ကုန်တင်ရေယာဥ်တွေကို ရုရှားက မှားယွင်းပစ်ခတ်မှုအပြီးမှာ အခုလို ၂ ဖက်တင်းမာမှုတွေဖြစ်လာတာပါ။
ဒီကနေ့မှာပဲ EU က ပူတင်နဲ့ မိသားစုတွေကိုပါ ပိတ်ဆို့အရေးယူကြောာင်းကြေညာထားသလို လူမူရေး ပညာရေး ကျန်းမာရေး ဂီတယဥ်ကျေးမှုတွေက အစ ရုရှားကို နိုင်ငံတော်ကိုယ်စားပြုအနေနဲ့ EU နိုင်ငံတွေမှာ ပါ၀င်ပတ်သက်ခွင့်မရှိကြောင်း ဆုံးဖြတ်ကြေညာထားပါတယ်။
BNN/ Russia Vs Ukraine / Special Report