၃၀ စက်တင်ဘာ ၂၀၂၁
ဘင်္ဂလားဒေရှ့်နိုင်ငံ ကောစ့်ဘာဇား ရိုဟင်ဂျာ ဒုက္ခသည်စခန်းက ရိုဟင်ဂျာငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးအဖွဲ့ခေါင်းဆောင် ကိုမိုးဟိဗ်အုလ္လာ Mohib Ullah ကို သေနတ်သမား ၄ ဦးက စက်တင်ဘာ ၂၉ ရက် ည ၈:၃၀ ခန့်က လုပ်ကြံသတ်ဖြတ်သွားတယ်လို့ ဘင်္ဂလားဒေရှ့်နဲ့နိုင်ငံတကာသတင်းတွေမှာ ဖေါ်ပြထားပါတယ်။

သေနတ်သမားတွေက ဒုက္ခသည်စခန်းထဲက သူ့ရဲ့ရုံးခန်းရှေ့အထိလာရောက်ပြီး ပစ်သတ်သွားတာလို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ ပြောပါတယ်။ ဘယ်သူတွေက ကျူးလွန်သွားတယ်ဆိုတာစုံစမ်းစစ်ဆေးနေဆဲလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

အသက် ၄၈ နှစ်အရွယ် ကိုမိုးဟိဗ်အုလ္လာဟာ အကြမ်းဖက်မှု့ကိုဆန့်ကျင်ပြီး ဒုက္ခသည်စခန်းထဲက လူငယ်တွေကို ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးသဘောတရားတွေ သင်ပြပေးသူဖြစ်သလို ရိုဟင်ဂျာခလေးတွေရဲ့ ပညာရေးကို ဦးစီးဆောင်ရွက်နေသူလို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
BNN/International News