၁၅/၅/၂၀၂၂
ရုရှားက နျူကလီးယားအပါအ၀င် နည်းမျိူးစုံနဲ့ ခြိမ်းခြောက်နေပေမဲ့ NATO အဖွဲ့၀င်အဖြစ် လျှောက်ထားမယ်လို့ ဖင်လန်အစိုးရက ဆုံးဖြတ်လိုက်ပါတယ်။ NATO အဖွဲ့ဝင်ရင် ပြဿနာတွေတက်မယ်ဆိုတဲ့ ရုရှားရဲ့ ခြိမ်းခြောက်မှုကို စိတ်မဝင်စားသလို ရုရှားခြိမ်းခြောက်မှုကို တုန့်ပြန်နိုင်တဲ့ ကာကွယ်ရေးအင်အား အပြည့်အဝရှိတယ်လို့လည်း ဖင်လန်အစိုးရက ပြောလိုက်ပါတယ်။
ဖင်လန်သမ္မတ Sauli Niinistö နဲ့ ၀န်ကြီးချုပ် Sanna Marin တို့ ပူးတွဲကျင်းပတဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။ သတင်းစာရှင်းလင်းပွဲ မှာ ဖင်လန်နိုင်ငံခြားရေး၀န်ကြီးရော ကာကွယ်ရေး၀န်ကြီးပါ တက်ရောက် ရှင်းလင်းပြောကြားတာ တွေ့ရပါတယ်။
BNN/NATO/FinlandRussia