၉/၃/၂၀၂၂
ရုရှားဘဏ်ဥက္ကဌ Elvira Nabiullina ရာထူးက နုတ်ထွက်သွားတယ်ဆိုတဲ့ သတင်းကို မသိရသေးကြောင်း ရုရှားအစိုးရပြောခွင့်ရပုဂိုလ် Dmitry Peskov ကပြောပါတယ်။
လွတ်လပ်တဲ့ ရုရှားသတင်းဌာနတွေကတော့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့ပြီးနောက် ဘဏ်တွေရဲ့ လုပ်ငန်းတာ၀န်တွေအပေါ် အစိုးရက ၀င်ရောက်စွက်ဖက်လာတဲ့အတွက် Elvira Nabiullina က နုတ်ထွက်လွှာတင်ခဲ့တာလို့ ဆိုပါတယ်။ သမ္မတပူတင်က နုတ်ထွက်ခွင့်ပေး မပေးတော့ မသိသေးဘူးဆိုပါတယ်။
ရုရှားဗဟိုဘဏ်က အဆင့်မြင့်အရာရှိတော်တော်များများလည်း နုတ်ထွက်လွှာတင်ထားကြတယ်လို့ သတင်းတွေက ဖေါ်ပြပါတယ်။ အစိုးရပြောခွင့်ရပုဂိုလ် Dmitry Peskov ကတော့ သူ့အနေနဲ့ မသိတဲ့အတွက် အတည်ပြုနိုင်ခြင်းမရှိသလို လောလောဆယ်မှာ သမ္မတပူတင်ကိုယ်တိုင် ဗဟိုဘဏ်ရဲ့ လုပ်ငန်းတာ၀န်တွေကို အလေးပေးဆောင်ရွက်နေတယ်ဆိုတာပဲ ပြောနိုင်တယ်လို့ သတင်းထောက်တွေကို ဖြေထားပါတယ်။