• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

ဗုဒ္ဓဟူး, ဇူလိုင် 6, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

ရုရှားရေတပ်ကို ဖြိုခွဲနိုင်မဲ့ လက်နက်တွေ ယူကရိန်းကို ပေးပို့

1 လ ago
0
SHARES
2
VIEWS

၂၄/၅/၂၀၂၂

ယူကရိန်းပင်လယ်နက်ထွက်ပေါက်ကို ပိတ်ဆို့ဖို့ ကျိုးစားနေတဲ့ ရုရှားရေတပ်ကို ဖြိုခွဲနိုင်မဲ့ လက်နက်တွေပေးပို့ဖို့ အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက ဆုံးဖြတ်လိုက်ပါတယ်။ မေလ ၂၃ ရက် မနေ့က အမေရိကန်က ဦးဆောင်ကျင်းပတဲ့ အနောက်နိုင်ငံ ၄၃ နိုင်ငံရဲ့ကာကွယ်ရေး၀န်ကြီးများအစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာပါ။ ခရုစ်ဒုံးကျည်တွေနဲ့ပစ်ခတ်နေတဲ့ ရုရှားရေတပ်ကို နှစ်မြုပ်နိုင်စွမ်းရှိတဲ့ Harpoon သင်္ဘော ဖျက်ဒုံးကျည်တွေကို ဒိန်းမတ်နိုင်ငံက ကူညီမှာဖြစ်ပြီး ကမ်းရိုးတန်းတာဝေးပစ်ဒုံးကျည်တွေနဲ့ တိုက်ရဟတ်ယာဥ်တွေကို ချက်နိုင်ငံနဲ့ ပိုလန်နိုင်ငံတွေက ကူညီမယ်ဆိုပါတယ်။

အမေရိကန် ကနေဒါ ပြင်သစ်နဲ့ နယူးဇီလန်က တာ၀ေးပစ် ဟောင်ဝစ်ဇာတွေ ဆက်လက်ပေးပို့မှာဖြစ်ပြီး လေယာဥ်ပစ်တင့်ကားတွေကို ဂျာမဏီက ကူညီမယ်လို့ အမေရိကန်ကာကွယ်ရေး၀န်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ အက်စတိုးနီးယားနိုင်ငံကတော့ သူ့နိုင်ငံစစ်အသုံးစားရိတ်ရဲ့ သုံးပုံတပုံကို ယူကရိန်းကို ကူညီမယ်ဆိုပါတယ်။

ဗြိတိန်ရဲ့ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေကြောင့် ရုရှားဟာ လေတပ်ကို အားမထားရဲတော့ပဲ ပင်လယ်နက်ရေတပ်အုပ်စုရဲ့ တာဝေးပစ်ဒုံးကျည်တွေကိုပဲ အားကိုးလာရတယ်လို့ အမေရိကန်နဲ့ ဗြိတိန်ထောက်လှမ်းရေးသတင်းတွေက ဖေါ်ပြပါတယ်။ အဲဒီအတွက် ပင်လယ်နက်ရေတပ်အုပ်စုရဲ့ ပစ်ခတ်မှုတွေကို ဟန့်တားနိုင်ဖို့နဲ့ ပင်လယ်နက်ထွက်ပေါက်ကို ပြန်ဖွင့်နိုင်ဖို့ ရုရှားရေတပ် အုပ်စုတွေကို ပစ်မှတ်ထား တော့မဲ့ အဆင့်ဖြစ်လာနေပြီလို့ သတင်းတွေက ဖေါ်ပြပါတယ်။

BNN သတင်းဌာနသည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးကို အလေးထားပြီး မြန်မာပြည်သူတို့အတွက် သတင်းမှန် များကိုသာ တင်ဆက်ပေးသွား မည်ဖြစ်သည်။
Burma News Network

Source: https://www.youtube.com/watch?v=X3jAb21Dt7w
Via: https://www.youtube.com/watch?v=X3jAb21Dt7w
Tags: Breaking NewsRussiaUkrainewarနိုင်ငံတကာ
BNN Editor

BNN Editor

BNN Editor သည် အကြီးတန်း တာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက်ဖြစ်သည်။ BNN ဝဘ်ဆိုဒ်အတွက် သတင်းများ တင်ဆက်ပေးနေသူဖြစ်သည်။

ဆက်စပ်နေသော ရေးသားချက်များ

မြန်မာ့ရေးရာ

အမေရိကန်ကာကွယ်ရေးဝန်ကြီး ထိုင်းနိုင်ငံကိုရောက်လာ

ဇွန် 13, 2022
အမေရိကန်ကာကွယ်ရေးဝန်ကြီး ထိုင်းနိုင်ငံကိုရောက်လာ

၁၂/၆/၂၀၂၂ အမေရိကန်ကာကွယ်ရေးဝန်ကြီး LIoyd Austin ဟာ ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်ရှိလာပါတယ်။ စင်ကာပူမှာ ကျင်းပတဲ့ အင်ဒိုပစိတ်ဖိတ်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲတက်ရောက်အပြီး ထိုင်းနိုင်ငံကို ရောက်ရှိလာတာပါ။ အမေရိကန်ကာကွယ်ရေးဝန်ကြီး မလာခင်မှာ အမေရိကန်နိုင်ငံခြားရေးအကြံပေးနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet...

Read more
by BNN Editor
0 Comments
Interview

Mr. X နှင့် ဆက်သွယ်မေးမြန်းချက် ပထမပိုင်း

ဇွန် 8, 2022
Mr. X နှင့် ဆက်သွယ်မေးမြန်းချက် ပထမပိုင်း

BNN ၈/၆/၂၀၂၂ (Mr. X သည် မြန်မာ အပါအ၀င် အာဆီယံနှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး အာဆီယံ အခြေစိုက် စီးပွါးရေး ကုမ္ပဏီကြီးတခု၌ လက်ရှိ အကြံပေးတာ၀န်ယူနေသူတဦးဖြစ်ပါသည်။) (BNN) "မြန်မာနိုင်ငံနဲ့ ယူကရိန်းအကြောင်း လွန်ခဲ့တဲ့...

Read more
by BNN Editor
0 Comments
ရုရှား – ယူကရိန်း ကျူးကျော်စစ်

နိုင်ငံတကာက အံ့အားသင့်ရသည့် ယူကရိန်းကတုတ်ကျင်းများ

ဇွန် 3, 2022
နိုင်ငံတကာက အံ့အားသင့်ရသည့် ယူကရိန်းကတုတ်ကျင်းများ

၂/၆/၂၀၂၂ ရုရှားကျူးကျော်တပ်တွေကို ခုခံနေတဲ့ ယူကရိန်းနယ်မြေခံတပ်ဖွဲ့တွေရဲ့ စိတ်ဓါတ်နဲ့ ယုံကြည်ချက်သာမက သူတို့ရဲ့ ကတုတ်ကျင်း ဖန်တီးတည်ဆောက်မှုတွေကိုပါ NATO အပါအဝင် နိုင်ငံတကာက အံ့အားသင့်လေးစားအသိအမှတ်ပြုနေကြရတယ်လို့ ဥရောပစစ်ရေးသတင်းတွေက ဖေါ်ပြပါတယ်။ မြေကတုတ်ကျင်းထဲမှာ ရေချိုးကန် အပူခန်း (Sauna) စတာတွေကို...

Read more
by BNN Editor
0 Comments
နိုင်ငံတကာ

အကျဥ်းသားတွေကို စစ်မြေပြင်ပို့နေရသည့် ရုရှား

မေ 31, 2022
အကျဥ်းသားတွေကို စစ်မြေပြင်ပို့နေရသည့် ရုရှား

၃၀/၅/၂၀၂၂ ရုရှားမှာ စစ်သားစုဆောင်းရေးအစီအစဥ်တွေ ထင်သလိုဖြစ်မလာလို့ အကျဥ်းသားတွေကို ပြစ်ဒဏ်အစား ရှေ့တန်းထွက်စစ်မှုထမ်းဖို့ အပေးအယူလုပ်နေရတယ်လို့ လွတ်လပ်တဲ့ ရုရှားသတင်းတွေက ဖေါ်ပြပါတယ်။ နှစ်တိုစာချုပ်နဲ့ အလုပ်လက်မဲ့လူငယ်တွေကို စစ်မှုထမ်းခိုင်းတဲ့အစီအစဥ်မအောင်မြင်သလို လူတိုင်းစစ်မှုမထမ်းမနေရဥပဒေကလည်း အောက်ခြေမှာ အကျင့်ပျက်လာဒ်စားမှုတွေကြောင့် သတ်မှတ်လူအင်အားမရဘူးဖြစ်နေတယ်ဆိုပါတယ်။ စာချုပ်အရ ရူဘယ်...

Read more
by BNN Editor
0 Comments
Load More
Next Post
ဒေါသူပုန်ထပြီး အရှက်ကွဲနေရသည့် တရုတ်သတင်းသမားများ

ဒေါသူပုန်ထပြီး အရှက်ကွဲနေရသည့် တရုတ်သတင်းသမားများ

အမေရိကန်ရဲ့ အားပေးမှုဟာ မူဝါဒကနေ လက်တွေ့အကောင်အထည်ဖေါ်တဲ့အဆင့်ကို ရောက်လာတာဖြစ်တယ်

အမေရိကန်ရဲ့ အားပေးမှုဟာ မူဝါဒကနေ လက်တွေ့အကောင်အထည်ဖေါ်တဲ့အဆင့်ကို ရောက်လာတာဖြစ်တယ်

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.