၁၄/၄/၂၀၂၂
ရုရှားရေတပ်ရဲ့ပင်လယ်နက်ရေတပ်အုပ်စုက နာမည်ကျော် ခရုစ်ဒုံးကျည်သင်္ဘော Moskva(Moscow) ဒီကနေ့မနက်အစောပိုင်းက ယူကရိန်းဒုံးကျည် ထိမှန် နစ်မြုပ်သွားကြောင်း ဥရောပ စစ်ထောက်လှမ်းရေးသတင်းတွေက ဖေါ်ပြပါတယ်။
ယူကရိန်းအထူးတပ်ဖွဲ့ရဲ့ သင်္ဘောဖျက်ပုခုံးထမ်းဒုံးကျည် Neptun ၂လုံး တိုက်ရိုက်ထိမှန်နစ်မြုပ်သွားတာလို့ဆိုပါတယ်။ ရေတပ်သား ၆၀၀နီးပါးပါရှိပြီး (၁၈၆)မီတာရှည်လျားတဲ့ ပဲ့ထိမ်းဒုံးကျည်ပစ် Moskva ဟာ ယူကရိန်းနိုင်ငံထဲကို ပစ်ခတ်နေတဲ့ ရုရှားရေတပ်ရဲ့အားအထားရဆုံး စစ်သင်္ဘောဖြစ်ပါတယ်။

ရုရှားကာကွယ်ရေး၀န်ကြီးဌာနကတော့ Moskva ဟာ မတော်တဆမီးလောင်မှုဖြစ်ရာက ဒုံးကျည်တွေပေါက်ကွဲကုန်တာလို့ သတင်းထုတ်ပြန်ပါတယ်။ သင်္ဘောပေါ်က ရေတပ်သားအားလုံးကို ကယ်ဆယ်ပြီးဖြစ်တယ်လို့လည်း ရုရှားကာကွယ်ရေး၀န်ကြီးဌာနပြောခွင့်ရက ပြောပါတယ်။ ဒါပေမယ့် ကယ်ဆယ်တဲ့ပုံနဲ့ လွတ်မြောက်လာတဲ့ရုရှားရေတပ်သားတွေကို ရုရှားမီဒီယာတွေမှာ မပြသနိုင်ပဲဖြစ်နေသလို သင်္ဘောနစ်မြုပ်တဲ့သတင်းကို မေးမြန်းတာမလုပ်ဖို့ ကာကွယ်ရေး၀န်ကြီးဌာနက သတင်းဌာနတွေကို သတိပေးထားတယ်လို့ မော်စကိုသတင်းထောက်တွေက ပြောပါတယ်။
ခရိုင်းမီးယားဆိပ်ကမ်း အခြေစိုက် Moskva သင်္ဘောကို ပစ်ခတ်နှစ်မြုပ်လိုက်ကြောင်းယူကရိန်းထောက်လှမ်းရေးက သတင်းထုတ်ပြန်ပြီး ၁၀ နာရီလောက်နောက်ကျပြီးမှ ရုရှားကာကွယ်ရေး၀န်ကြီးက မီးလောင်ပေါက်ကွဲတယ်ဆိုပြီး တရား၀င်သတင်းထုတ်ပြန်တာလည်းဖြစ်ပါတယ်။