၃/၅/၂၀၂၂
ကိုဗစ် ကုသကာကွယ်ရေး အကြောင်းပြချက်နဲ့ ရက်ပေါင်းများစွာ ပိတ်ဆို့ထားတဲ့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ အာဏာပိုင်တွေက သက်တမ်းလွန် အစားအစာထုပ်တွေ ၀ေငှပေးနေလို့ ဒေသခံပြည်သူတွေနဲ့ နေ့စဥ်ပြဿနာတက်နေပါတယ်။
အာဏာပိုင်တွေ ပေးတဲ့ ရက်လွန် နှစ်လွန် အစားအစာတွေကို ပြည်သူတွေက ဆန့်ကျင်မီးရှို့ပြီး ကန့်ကွက် အော်ဟစ်နေကြသလို ဒီလိုဆန့်ကျင်သူတွေကို ကိုဗစ်ကာကွယ်ရေး တရုတ်ရဲ အထူးတပ်ဖွဲ့ကလည်း ဖမ်းဆီးနေပါတယ်။
အာဏာပိုင်တွေရဲ့ မတရားဖမ်းဆီးမှုကို ဒေသခံပြည်သူတွေကလည်း ရတဲ့နည်းနဲ့ တုန့်ပြန်နေကြပါတယ်။
ပြဿနာတက်နေတဲ့ ဒီအစားအစာတွေဟာ ရက်လွန်နေပေမဲ့ စားလို့ရအောင် စီမံထားလို့ အန္တရာယ်မရှိပါကြောင်း တရုတ်အာဏာပိုင်တွေက ရှင်းပြနေပေမဲ့ အာဏာပိုင်တွေကိုယ်နှိုက်ကတော့ အဲဒီရက်လွန်စာတွေကို မစားသုံးကြဘဲ သီးသန့်အစားအစာတွေ စားသုံးနေကြတာပါလို့ တရုတ် လှုမှုကွန်ရက်သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
BNN