• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

ကြာသပတေး, ဇူလိုင် 7, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

လူမျိုးတုံးသတ်ဖြတ်မှု စီရင်ချက်ကို ခမာနီခေါင်းဆောင် အယူခံဝင်မည်

11 လ ago
လူမျိုးတုံးသတ်ဖြတ်မှု စီရင်ချက်ကို ခမာနီခေါင်းဆောင် အယူခံဝင်မည်
0
SHARES
4
VIEWS

၁၃ သြဂုတ် ၂၀၂၁


ကမ္ဘောဒီးယားမှာ ခမာနီအုပ်စိုးမှုကာလ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တဲ့ ခမာနီထိပ်တန်းခေါင်းဆောင်ဟောင်း Khieu Samphan ကို တသက်တကျွန်းဒဏ် ချမှတ်ထားတာကို ရှေ့တပတ်ထဲ အယူခံဝင်ပါမယ်။ နံပါတ်တစ်ခေါင်းဆောင် Pol Pot ပိုပေါ့ ဦးဆောင်တဲ့ ခမာနီအဖွဲ့ကြောင့် ၁၉၇၅ ကနေ ၁၉၇၉ အထိ ကာလအတွင်း ကမ္ဘောဒီးယားပြည်သူ နှစ်သန်းလောက်ဟာ အလုပ်ဒဏ်၊ အငတ်ဘေးနဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုတွေအောက်မှာ အသက်ပျောက်ခဲ့ရပါတယ်။

လူနဲစု ဗီယက်နမ်လူမျိုးစုတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ ၂၀၁၈ မှာ စီရင်ချက်ချထားတာကို အသက် ၉၀ ရှိပြီဖြစ်တဲ့ အာဏာရှင်ဟောင်း ခီယူဆန်ဖန် Khieu Samphan က လာမဲ့တနင်္လာ သြဂုတ် ၁၆ မှာ အယူခံဝင်ဖို့ ပြင်နေတာပါ။

ခီယူဆန်ဖန်နဲ့အတူ ခမာနီနံပါတ်နှစ်ခေါင်းဆောင်ဟောင်း Nuon Chea ကို လူမျိုးတုံးသတ်ဖြတ်မှုအတွက်သာမက အဓမ္မလက်ထပ်ထိမ်းမြားမှု၊ မုဒိန်းမှု စတဲ့ အမှုအမြောက်အမြားနဲ့လဲ စီရင်ချက်ချထားပါတယ်။
ဒီနှစ်ဦးဟာ ၁၉၇၅ ဖနွမ်းပင်မြို့တော်က ပြည်သူတွေကို ခမာနီတပ်က ကျေးလက်ဒေသဆီ မောင်းထုတ်တဲ့ကာလမှာ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်တဲ့ရာဇဝတ်မှု ကျူးလွန်တယ်လို့ ကုလသမဂ္ဂ ကျောထောက် နောက်ခံ တရားရုံးက ၂၀၁၄ မှာ ဆုံးဖြတ်ပြီး တသက်တကျွန်းဒဏ် ချမှတ်ပြီးသားပါ။

အထူးခုံရုံးရောက် ခမာနီခေါင်းဆောင် နိုင်ငံဥသျှောင် ခီယူဆန်ဖန်(၁၆ နိုဝင်ဘာ ၂၀၁၈)၊ ကမ္ဘောဒီးယားအထူးခုံရုံး ECCC က ထုတ်ဝေတဲ့ လက်ကမ်းဓာတ်ပုံ။

ခမာနီနံပါတ်နှစ် Nuon Chea ၂၀၁၉ မှာ သေသွားလို့ ခီယူဆန်ဖန်ဟာ ရာဇဝတ်မှုတွေကို ရင်ဆိုင်ဖို့ တဦးတည်သော ခမာနီခေါင်းဆောင်အဖြစ် ကျန်ရစ်ပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်ကို တရားသေလွှတ်ရေး လျှောက်ထားမယ်လို့ ခီယူဆန်ဖန်ရဲ့ရှေ့နေက ပြောပါတယ်။

ခမာနီခေါင်းဆောင် နံပါတ်တစ် ပိုပေါ့ကတော့ ဘာအမှုမှ မရင်ဆိုင်ရဘဲ ၁၉၉၈ မှာ ကွယ်လွန်ခဲ့ပါပြီ။ ခမာနီ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့သူ Ieng Sary နဲ့ သူ့ဇနီးလဲ တရားစွဲမခံရခင် ကွယ်လွန်ပါတယ်။


ခမာနီ ထိပ်တန်းခေါင်းဆောင်တွေကို အရေးယူဖို့အတွက်ကမ္ဘောဒီးယားနိုင်ငံဥပဒေနဲ့ နိုင်ငံတကာဥပဒေတို့ကို ပေါင်းစပ်ကျင့်သုံးတဲ့ အထူးတရားရုံးကို ကုလသမဂ္ဂက ကျောထောက်နောက်ခံပြုလို့ ၂၀၀၆ မှာ စတင်တာပါ။


ဒီတရားရုံးက လူသုံးဦးကိုပဲ စီရင်ချက်ချခဲ့ပြီး ကုန်ကျစရိတ် က ‌ဒေါ်လာ သန်းသုံးရာကျော်ပါတယ်။
ခမာနီအမာခံ ဖြစ်ဖူးတဲ့ လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်က နောက်ထပ်အမှုစွဲချက်တွေကြောင့် နိုင်ငံမတည်မငြိမ်ဖြစ်မယ်ဆိုပြီး ကန့်ကွက်နေပါတယ်။


Source/Photo: AFP/lk

Tags: ကမ္ဘောဒီးယားခမာနီလူမျိုးတုံးသတ်ဖြတ်မှု
BNN Editor

BNN Editor

BNN Editor သည် အကြီးတန်း တာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက်ဖြစ်သည်။ BNN ဝဘ်ဆိုဒ်အတွက် သတင်းများ တင်ဆက်ပေးနေသူဖြစ်သည်။

ဆက်စပ်နေသော ရေးသားချက်များ

မြန်မာ့ရေးရာ

အမေရိကန်ကာကွယ်ရေးဝန်ကြီး ထိုင်းနိုင်ငံကိုရောက်လာ

ဇွန် 13, 2022
အမေရိကန်ကာကွယ်ရေးဝန်ကြီး ထိုင်းနိုင်ငံကိုရောက်လာ

၁၂/၆/၂၀၂၂ အမေရိကန်ကာကွယ်ရေးဝန်ကြီး LIoyd Austin ဟာ ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်ရှိလာပါတယ်။ စင်ကာပူမှာ ကျင်းပတဲ့ အင်ဒိုပစိတ်ဖိတ်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲတက်ရောက်အပြီး ထိုင်းနိုင်ငံကို ရောက်ရှိလာတာပါ။ အမေရိကန်ကာကွယ်ရေးဝန်ကြီး မလာခင်မှာ အမေရိကန်နိုင်ငံခြားရေးအကြံပေးနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet...

Read more
by BNN Editor
0 Comments
ရုရှား – ယူကရိန်း ကျူးကျော်စစ်

နိုင်ငံတကာက အံ့အားသင့်ရသည့် ယူကရိန်းကတုတ်ကျင်းများ

ဇွန် 3, 2022
နိုင်ငံတကာက အံ့အားသင့်ရသည့် ယူကရိန်းကတုတ်ကျင်းများ

၂/၆/၂၀၂၂ ရုရှားကျူးကျော်တပ်တွေကို ခုခံနေတဲ့ ယူကရိန်းနယ်မြေခံတပ်ဖွဲ့တွေရဲ့ စိတ်ဓါတ်နဲ့ ယုံကြည်ချက်သာမက သူတို့ရဲ့ ကတုတ်ကျင်း ဖန်တီးတည်ဆောက်မှုတွေကိုပါ NATO အပါအဝင် နိုင်ငံတကာက အံ့အားသင့်လေးစားအသိအမှတ်ပြုနေကြရတယ်လို့ ဥရောပစစ်ရေးသတင်းတွေက ဖေါ်ပြပါတယ်။ မြေကတုတ်ကျင်းထဲမှာ ရေချိုးကန် အပူခန်း (Sauna) စတာတွေကို...

Read more
by BNN Editor
0 Comments
နိုင်ငံတကာ

အကျဥ်းသားတွေကို စစ်မြေပြင်ပို့နေရသည့် ရုရှား

မေ 31, 2022
အကျဥ်းသားတွေကို စစ်မြေပြင်ပို့နေရသည့် ရုရှား

၃၀/၅/၂၀၂၂ ရုရှားမှာ စစ်သားစုဆောင်းရေးအစီအစဥ်တွေ ထင်သလိုဖြစ်မလာလို့ အကျဥ်းသားတွေကို ပြစ်ဒဏ်အစား ရှေ့တန်းထွက်စစ်မှုထမ်းဖို့ အပေးအယူလုပ်နေရတယ်လို့ လွတ်လပ်တဲ့ ရုရှားသတင်းတွေက ဖေါ်ပြပါတယ်။ နှစ်တိုစာချုပ်နဲ့ အလုပ်လက်မဲ့လူငယ်တွေကို စစ်မှုထမ်းခိုင်းတဲ့အစီအစဥ်မအောင်မြင်သလို လူတိုင်းစစ်မှုမထမ်းမနေရဥပဒေကလည်း အောက်ခြေမှာ အကျင့်ပျက်လာဒ်စားမှုတွေကြောင့် သတ်မှတ်လူအင်အားမရဘူးဖြစ်နေတယ်ဆိုပါတယ်။ စာချုပ်အရ ရူဘယ်...

Read more
by BNN Editor
0 Comments
နိုင်ငံတကာ

ပစိဖိတ်ကျွန်းစုနိုင်ငံများနဲ့ သဘောတူညီမှုမရလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးစိတ်ဆိုး

မေ 31, 2022
ပစိဖိတ်ကျွန်းစုနိုင်ငံများနဲ့ သဘောတူညီမှုမရလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးစိတ်ဆိုး

ပြောစကားနားမထောင်တဲ့ ပစိဖိတ်ကျွန်းနိုင်ငံတွေကို တရုတ်က စိတ်ဆိုးတယ် ၃၀/၅/၂၀၂၂ ပစိဖိတ်ကျွန်းစုနိုင်ငံတွေနဲ့ လုံခြုံရေးဆိုင်ရာသဘောတူညီချက်ရဖို့ ဆွေးနွေးရာမှာ သဘောတူညီမှုမရတဲ့အပေါ် စိတ်ပျက်မိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဟာ ပစိဖိတ်ကျွန်းစုနိုင်ငံတွေကို လှည့်လယ်သွားရောက်နေတာဖြစ်ပြီး လောလောဆယ်ဖီဂျီကို...

Read more
by BNN Editor
0 Comments
Load More
Next Post
ဆူဒန်က စစ်ရာဇဝတ်မှုအတွက် ဘရှားကို “ အိုင်စီစီ”ထံ အပ်မည်ICC အလိုရှိနေသူတွေကို အပ်နှံဖို့ ဆူဒန်အစိုးရအဖွဲ့က ဆုံးဖြတ်

ဆူဒန်က စစ်ရာဇဝတ်မှုအတွက် ဘရှားကို "အိုင်စီစီ”ထံ အပ်မည်ICC အလိုရှိနေသူတွေကို အပ်နှံဖို့ ဆူဒန်အစိုးရအဖွဲ့က ဆုံးဖြတ်

“လှိုင်သာယာပြည်သူတွေအတွက် အမေရိကန်သံရုံးရဲ့ အကူအညီ”

“လှိုင်သာယာပြည်သူတွေအတွက် အမေရိကန်သံရုံးရဲ့ အကူအညီ''

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.