၃/၅/၂၀၂၂
အိန္ဒိယ ၀န်ကြီးချုပ် Narendra Modi ဟာ ဒီကနေ့ ဒိန်းမတ်နိုင်ငံ ကိုပေဟေဂင်မြို့တော်ကို ရောက်ရှိလာပြီး ၂ နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနဲ့ ပူတင်ရဲ့ ကျုးကျော်စစ်ပြသနာကိုဆွေးနွေးခဲ့ကြောင်း ဒိန်းမတ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဒိန်းမတ်ကို မလာခင်မှာ ၀န်ကြီးချုပ် Modi ဟာ ဂျာမဏီကို အရင်သွားရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လပိုင်းက အီးယူကော်မရှင်အကြီးအကဲနဲ့ ဗြိတိန်၀န်ကြီးချုပ် Boris Johnson တို့က အိန္ဒိယကိုသွားရောက်ခဲ့ပြီး ရုရှားကျုးကျော်စစ်အပေါ် အိန္ဒိယရဲ့ရပ်တည်ချက်ကို ပြောင်းလဲဖို့ ဖိအားပေးခဲ့ပါတယ်။ ဂျပန်၊ ကနေဒါနဲ့ အမေရိကန်တို့ကလည်း ဖိအားပေးပြောခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း နော်ဝေနိုင်ငံခြားရေး၀န်ကြီးက အိန္ဒိယကိုသွားရောက်ခဲ့ပြီး ပူတင်ကျုးကျော်စစ်ပြသနာနဲ့ အိန္ဒိယရပ်တည်ချက်အပေါ် ဆွေးနွေးခဲ့ကြပါသေးတယ်။
အခုခရီးစဥ်ကတော့ ၀န်ကြီးချုပ် Modi ကိုယ်တိုင် ဥရောပနိုင်ငံတွေကို ခရီးထွက်ရှင်းလင်းရတဲ့အခြေအနေလို့ သတင်းတွေက သုံးသပ်ကြပါတယ်။ ယူကရိန်းကို ကျုးကျော်တိုက်ခိုက်တဲ့အပေါ် နှုတ်ဆိတ်ငြိမ်သက်နေသူတွေ၊ ကြားနေသူတွေကို အနောက်နိုင်ငံတွေက အဖွဲ့အလိုက်ရော တစ်နိုင်ငံချင်းစီအလိုက်ပါ ဖိအားပေးနေတာဖြစ်ပါတယ်။
အနောက်နိုင်ငံတွေက ရုရှားကို ဖြေးဖြေးချင်း ပိတ်ဆို့လာရာမှာ အခု နောက်ဆုံးအဆင့်တွေနားကို ရောက်လာပြီလို့လည်း သတင်းတွေက ဖေါ်ပြပါတယ်။ ရုရှားနဲ့ပတ်သက်သူတွေ စီးပွါးရေးအရဆက်ဆံသူတွေကိုပါ အမေရိကန်က ပိတ်ဆို့ဖို့ပြင်ထားပြီးပြီဆိုတဲ့သတင်းတွလည်း ထွက်ပေါ်နေချိန်မှာ ၀န်ကြီးချုပ် Modi ဥရောပကို ခရီးထွက်လာတာလည်း ဖြစ်ပါတယ်။
ဒိန်းမတ်နိုင်ငံခရီးစဥ်ပြီးရင် ၀န်ကြီးချုပ် Modi ဟာ ပြင်သစ်နိုင်ငံကို ဆက်လက်ထွက်ခွါဖို့ရှိတယ်လို့လည်း သတင်းတွေကဖေါ်ပြပါတယ်။
BNN