• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

ဗုဒ္ဓဟူး, ဇူလိုင် 6, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

အန္တရာယ်ကျသည့် နိုင်ငံများကို နေတိုး (NATO) ကူညီမည်

2 လ ago
အန္တရာယ်ကျသည့် နိုင်ငံများကို နေတိုး (NATO) ကူညီမည်
0
SHARES
1
VIEWS

၁၅/၅/၂၀၂၂


ယူကရိန်းသာမက အန္တရာယ်ရှိတဲ့ ကျန်နိုင်ငံတွေကိုပါ ကူညီပေးဖို့ NATO နိုင်ငံခြားရေး၀န်ကြီးတွေက သဘောတူကြောင်း ဗြိတိန်နိုင်ငံခြားရေး၀န်ကြီး Liz Truss က ပြောပါတယ်။ ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ ဒီကနေ့ ကျင်းပတဲ့ NATO နိုင်ငံခြားရေး၀န်ကြီးများ အစည်းအဝေးမှာ သဘောတူလိုက်တာလို့ ဆိုပါတယ်။ ယူကရိန်းကိုသာမက အင်ဒို-ပစိဖိတ် ဒေသကိုပါ အာရုံစိုက်ဖို့အပြင် ကမ္ဘာလုံးဆိုင်ရာ NATO အဖွဲ့ဖြစ်ဖို့ ဆွေးနွေးခဲ့ကြကြောင်းလည်း Elizabeth Mary Truss က ပြောပါတယ်။


ဒီကနေ့ NATO နိုင်ငံခြားရေး၀န်ကြီးများ ဆွေးနွေးပွဲကို ယူကရိန်းနိုင်ငံခြားရေး၀န်ကြီး Dmytro Kuleba လည်း တက်ရောက်ပါတယ်။ ရုရှားကျူးကျော်စစ်ကို ယူကရိန်းနိုင်ငံအနေနဲ့ အောင်မြင်တဲ့အထိ တွန်းလှန်နိုင်ဖို့ NATO အဖွဲ့က ဆက်လက်ကူညီပေးဖို့ သဘောတူသလို ရုရှားအပေါ်ကို လိုအပ်တဲ့အချိန်ထိ ပိတ်ဆို့အရေးယူထားဖို့ကိုလည်း သဘောတူခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး Atony Blinken က ပြောပါတယ်။

ဖင်လန်နဲ့ ဆွီဒင်က NATO အဖွဲ့၀င်အဖြစ် လျှောက်ထားပြီဆိုတာနဲ့ ဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုတွေကို ချက်ခြင်း တုန့်ပြန်နိုင်ဖို့အတွက် ရုရှားနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ NATO အဖွဲ့၀င်နိုင်ငံတွေမှာ တပ်အင်အားတွေ တိုးမြှင့်ချထားဖို့လည်း ဒီကနေ့ ကျင်းပတဲ့ NATO နိုင်ငံခြားရေး၀န်ကြီးများ အစည်းအဝေးက သဘောတူဆုံးဖြတ်လိုက်ကြောင်း သိရှိရပါတယ်။

BNN/ NATO/RussiaVsUkraine

Tags: Breaking NewsNATORussiaUkraineနိုင်ငံတကာ
BNN Editor

BNN Editor

BNN Editor သည် အကြီးတန်း တာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက်ဖြစ်သည်။ BNN ဝဘ်ဆိုဒ်အတွက် သတင်းများ တင်ဆက်ပေးနေသူဖြစ်သည်။

ဆက်စပ်နေသော ရေးသားချက်များ

မြန်မာ့ရေးရာ

အမေရိကန်ကာကွယ်ရေးဝန်ကြီး ထိုင်းနိုင်ငံကိုရောက်လာ

ဇွန် 13, 2022
အမေရိကန်ကာကွယ်ရေးဝန်ကြီး ထိုင်းနိုင်ငံကိုရောက်လာ

၁၂/၆/၂၀၂၂ အမေရိကန်ကာကွယ်ရေးဝန်ကြီး LIoyd Austin ဟာ ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်ရှိလာပါတယ်။ စင်ကာပူမှာ ကျင်းပတဲ့ အင်ဒိုပစိတ်ဖိတ်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲတက်ရောက်အပြီး ထိုင်းနိုင်ငံကို ရောက်ရှိလာတာပါ။ အမေရိကန်ကာကွယ်ရေးဝန်ကြီး မလာခင်မှာ အမေရိကန်နိုင်ငံခြားရေးအကြံပေးနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet...

Read more
by BNN Editor
0 Comments
Interview

Mr. X နှင့် ဆက်သွယ်မေးမြန်းချက် ပထမပိုင်း

ဇွန် 8, 2022
Mr. X နှင့် ဆက်သွယ်မေးမြန်းချက် ပထမပိုင်း

BNN ၈/၆/၂၀၂၂ (Mr. X သည် မြန်မာ အပါအ၀င် အာဆီယံနှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး အာဆီယံ အခြေစိုက် စီးပွါးရေး ကုမ္ပဏီကြီးတခု၌ လက်ရှိ အကြံပေးတာ၀န်ယူနေသူတဦးဖြစ်ပါသည်။) (BNN) "မြန်မာနိုင်ငံနဲ့ ယူကရိန်းအကြောင်း လွန်ခဲ့တဲ့...

Read more
by BNN Editor
0 Comments
ရုရှား – ယူကရိန်း ကျူးကျော်စစ်

နိုင်ငံတကာက အံ့အားသင့်ရသည့် ယူကရိန်းကတုတ်ကျင်းများ

ဇွန် 3, 2022
နိုင်ငံတကာက အံ့အားသင့်ရသည့် ယူကရိန်းကတုတ်ကျင်းများ

၂/၆/၂၀၂၂ ရုရှားကျူးကျော်တပ်တွေကို ခုခံနေတဲ့ ယူကရိန်းနယ်မြေခံတပ်ဖွဲ့တွေရဲ့ စိတ်ဓါတ်နဲ့ ယုံကြည်ချက်သာမက သူတို့ရဲ့ ကတုတ်ကျင်း ဖန်တီးတည်ဆောက်မှုတွေကိုပါ NATO အပါအဝင် နိုင်ငံတကာက အံ့အားသင့်လေးစားအသိအမှတ်ပြုနေကြရတယ်လို့ ဥရောပစစ်ရေးသတင်းတွေက ဖေါ်ပြပါတယ်။ မြေကတုတ်ကျင်းထဲမှာ ရေချိုးကန် အပူခန်း (Sauna) စတာတွေကို...

Read more
by BNN Editor
0 Comments
နိုင်ငံတကာ

အကျဥ်းသားတွေကို စစ်မြေပြင်ပို့နေရသည့် ရုရှား

မေ 31, 2022
အကျဥ်းသားတွေကို စစ်မြေပြင်ပို့နေရသည့် ရုရှား

၃၀/၅/၂၀၂၂ ရုရှားမှာ စစ်သားစုဆောင်းရေးအစီအစဥ်တွေ ထင်သလိုဖြစ်မလာလို့ အကျဥ်းသားတွေကို ပြစ်ဒဏ်အစား ရှေ့တန်းထွက်စစ်မှုထမ်းဖို့ အပေးအယူလုပ်နေရတယ်လို့ လွတ်လပ်တဲ့ ရုရှားသတင်းတွေက ဖေါ်ပြပါတယ်။ နှစ်တိုစာချုပ်နဲ့ အလုပ်လက်မဲ့လူငယ်တွေကို စစ်မှုထမ်းခိုင်းတဲ့အစီအစဥ်မအောင်မြင်သလို လူတိုင်းစစ်မှုမထမ်းမနေရဥပဒေကလည်း အောက်ခြေမှာ အကျင့်ပျက်လာဒ်စားမှုတွေကြောင့် သတ်မှတ်လူအင်အားမရဘူးဖြစ်နေတယ်ဆိုပါတယ်။ စာချုပ်အရ ရူဘယ်...

Read more
by BNN Editor
0 Comments
Load More
Next Post
ရုရှားကခြိမ်းခြောက်နေပေမဲ့ NATO အဖွဲ့ထဲ၀င်မည်ဟု  ဖင်လန်က ဆုံးဖြတ်

ရုရှားကခြိမ်းခြောက်နေပေမဲ့ NATO အဖွဲ့ထဲ၀င်မည်ဟု ဖင်လန်က ဆုံးဖြတ်

အောင်ပွဲဆိုတာ တိုက်ရဲသူတွေအတွက်ဖြစ်တယ် – စစ်အာဏာ ရှင်ဆန့်ကျင်ရေး ဆန္ဒပြ (ရုပ်/သံ)

အောင်ပွဲဆိုတာ တိုက်ရဲသူတွေအတွက်ဖြစ်တယ် - စစ်အာဏာ ရှင်ဆန့်ကျင်ရေး ဆန္ဒပြ (ရုပ်/သံ)

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.