၁၁ နိုဝင်ဘာ ၂၀၂၁
အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေသလို ရှေ့အပတ်ထဲမှာ သမ္မတ ဘိုင်ဒန်နဲ့ အွန်လိုင်းအစည်းအဝေးလုပ်မယ်လို့ တရုတ်သမ္မတ Xi Jinping က နိုဝင်ဘာ ၁၀ ရက်နေ့က သတင်းစကားပါးလိုက်ပါတယ်။
တရုတ်သမ္မတရဲ့ သတင်းစကားကို ဝါရှင်တန်မှာ ကျင်းပခဲ့တဲ့ တရုတ်-အမေရိကန် ၂ နိုင်ငံဆက်ဆံရေးကော်မတီအစည်းအဝေးညစာစားပွဲမှာ တရုတ်သံအမတ်ကြီး Qin Gang က ဖတ်ကြားခဲ့တာဖြစ်ပါတယ်။
တိုင်ဝမ်ကျွန်းနဲ့ တောင်တရုတ်ပင်လယ်မှာ ၂ နိုင်ငံ စစ်ရေးအားပြိုင်မှု ပြင်းထန်နေချိန်မှာ အခုလို တရုတ်သမ္မတက သတင်းစကားပါးလိုက်တာဖြစ်ပါတယ်။
တိုင်ဝမ်ကို အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေက စစ်လေယာဉ်နဲ့သွားရောက်ခဲ့ပြီး တရက်အကြာမှာ အခုလို လေသံထွက်လာတဲ့အပေါ် တရုတ်-အမေရိကန်ဆက်ဆံရေးလေ့လာသူတွေကတော့ ကောင်းမွန်တိုးတက်တဲ့ခြေလှမ်းအဖြစ် ရူ့မြင်ကြပါတယ်။
တရုတ်ရဲ့ လျှို့ဝှက်စစ်ရေးပြင်ဆင်မှုတွေကို အမေရိကန်ထောက်လှမ်းရေးသတင်းတွေက နေရာအတိအကျ ဓါတ်ပုံအထောက်အထားတွေနဲ့ ထုတ်ပြခဲ့တာတွေဟာ တရုတ်အတွက် နောက်ကို ခြေလှမ်းတလှမ်းဆုတ်ဖို့ ဖြစ်သွားစေတယ်လို့လည်း သုံးသပ်ကြပါတယ်။
တောင်တရုတ်ပင်လယ်မှာ တာဝန်ယူကင်းလှဲ့ခဲ့တဲ့ ဗြိတိန်တော်ဝင်ရေတပ် HMS Queen Elizabeth တိုက်ခိုက်ရေးရေယာဉ်အုပ်စုရဲ့ တပ်မှူးတွေကလည်း ရေအောက်က တရုတ်ရေငုပ်သင်္ဘောတွေရဲ့နေရာတွေကို အတိအကျထောက်လှမ်းဟန့်တားနိုင်ခဲ့တယ်လို့ လူသိထင်ရှားထုတ်ဖေါ်ပြောဆိုမှုတွေဟာ တရုတ်အတွက် ခြေလှမ်းဆုတ်ဖို့ဖြစ်သွားစေတယ်လို့လည်း တောင်တရုတ်ပင်လယ် စစ်ရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။
BNN/International Article