၃၁/၃/၂၀၂၂
အမေရိကန်ရဲ့လေကြောင်းရန်ကာကွယ်ရေး Patriot ဒုံးကျည်စနစ်ကို ဖိလစ်ပိုင်နိုင်ငံ Cagayanပြည်နယ်က Aparri မြို့ကမ်းခြေမှာ စတင် ချထားနေပြီလို့ ဖိလစ်ပိုင်ကာကွယ်ရေး၀န်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဝေဟင်ပစ် Patriot ဒုံးကျည်တွေအပါအ၀င် မြေပြင်ကနေ ရေပြင်ပစ်တဲ့ ဒုံးကျည်စနစ်တွေကိုပါ မတ်လ ၂၈ ရက်က စတင်ပြီး တပ်ဆင်နေတယ်ဆိုပါတယ်။
လက်ရှိ အမေရိကန် ဖိလစ်ပိုင် ၂ နိုင်ငံစစ်ရေးလေ့ကျင့်မှုတွေအတွက်ဆိုပေမယ့် ရေရှည်ချထားဖို့ ရှိတယ်ဆိုပါတယ်။ စစ်ရေးလေ့ကျင့်မှုတွေမှာ အခုလို Patriot ဒုံးကျည်တွေထဲ့သွင်းလေ့ကျင့်တာဟာ အာဆီယမ်ဒေသမှာ ပထမဆုံးလို့ သိရပါတယ်။
တရုတ်အစိုးရအာဘော်သတင်းတွေကတော့ အမေရိကန်ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှုဟာ ပုံမှန်မဟုတ်တဲ့ လေ့ကျင့်မှုဖြစ်လို့ တရုတ်အစိုးရအနေနဲ့ စောင့်ကြည့်သတိထားဖို့ ရေးသားဖေါ်ပြနေပါတယ်။