၂၆ နိုဝင်ဘာ ၂၀၂၁
တိုင်ဝမ်နဲ့ ဆက်သွယ်ဆွေးနွေးနေတာတွေမလုပ်ဖို့ တရုတ်အစိုးရက သတိပေးပြီး နောက်ရက် နိုဝင်ဘာ ၂၅ ရက်နေ့မှာပဲ အဖွဲ့ဝင် ၅ ဦးပါတဲ့ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တိုင်ဝမ်ကို ရောက်ရှိလာတယ်လို့ တိုင်ဝမ်နဲ့ နိုင်ငံတာသတင်းတွေမှာ ဖေါ်ပြပါတယ်။

တလအတွင်း ဒုတိယအကြိမ်မြောက်လာရောက်တဲ့ခရီးစဉ်ဖြစ်ပြီး တိုင်ဝမ်သမ္မတ အပါအဝင် တိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အဓိကတွေ့ဆုံဆွေးနွေးမယ်ဆိုပါတယ်။ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ရဲ့ခရီးစဉ်ကို နွေးထွေးစွာကြိုဆိုသလို ဒီမိုကရေစီထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ ဖိတ်ကြားတဲ့အပေါ် အထူးကျေးဇူးတင်ရှိကြောင်း တိုဝမ်သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ကတော့ တိုင်ဝမ်နဲ့ပတ်သက်လို့ အမေရိကန်ရဲ့ ရန်စမှုတွေဟာ များလွန်းနေပြီလို့ နိုဝင်ဘာ ၂၅ ရက်နေ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။