၄/၄/၂၀၂၂
ရုရှားတပ်တွေသိမ်းပိုက်ထားစဉ်က အပြစ်မဲ့ ယူကရိန်းအရပ်သား (၃) ရာနီပါးသတ်ဖြတ်ခံခဲ့ရတဲ့ Bucha မြို့ကို ယူကရိန်းသမ္မတ Zelensky က ဒီကနေ့သွားရောက်စစ်ဆေးခဲ့ပါတယ်။
အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံထားရတဲ့နေရာတွေကို သွားရောက်ခဲ့သလို ကျန်ရစ်သူမိသားစုဝင်တွေနဲ့ တွေ့ဆုံအားပေးခဲ့တယ်ဆိုပါတယ်။
ရုရှားတပ်တွေပြန်ဆုတ်သွားချိန်မှာ ယူကရိိန်းတပ်နဲ့ အတူလိုက်ပါသွားကြတဲ့ နိုင်ငံတကာသတင်းထောက်တွေက လမ်းမပေါ်တွေမှာ သေဆုံးနေသူတွေ မြေအောက်ခန်းတွေမှာ နှိပ်စက်သတ်ဖြတ်ခံထားရသူတွေ အစုလိုက်မြုပ်နှံထားတဲ့မြေကျင်းတွေကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။
ရုရှားအစိုးရကတော့ ယူကရိန်းနဲ့ အနောက်မီဒီယာတွေက ရုရှားအစိုးရနာမည်ပျက်အောင် သတင်းမှားတွေကို လုပ်ကြံဖန်တီးထားတာလို့ ပြောဆိုထားပါတယ်။