၂၄ ဖေဖေါ်ဝါရီ ၂၀၂၂”
ယူကရိန်းတပ်တွေ လက်နက်တွေထားခဲ့ပြီး အိမ်ပြန်ကြပါ။ ယူကရိန်းကို သိမ်းပိုက်ဖို့တိုက်တာ မဟုတ်ဘူး။ ယုကရိန်းဟာ ရုရှားပိုင်ပဲဖြစ်တယ်။ ရုရှားကို အန်တုနေတဲ့ ယူကရိန်းအစိုးရအဖွဲ့ကို ဖြုတ်ချဖို့ဝင်တိုက်တာ။
(ပူတင် – ရုရှား သမ္မတ)
မြို့တော်အပါအဝင် ယူကရိန်းနယ်စပ်က မြို့တွေကိုဒုံးကျည်နဲ့ပစ်တာတွေ စလုပ်ပါတယ်။ ဘယ်လာရုစ်နိုင်ငံထဲကနေ အများဆုံးပစ်တာလုပ်နေပါတယ်”
(ယူကရိန်း – သမ္မတ)
ရုရှားက ယူကရိမ်းကို ကျူးကျော်စစ် စတင်လိုက်ပြီ ဖြစ်ပါတယ်။
ရုရှားသမတပူတင်က ယူကရိမ်းရုရှားခွဲထွက်သူပုန်တွေရှိတဲ့ဘက်မှာ စစ်ဆင်ရေး စတင်ဖို့ အမိန့်ပေးပြီးနောက် ယူကရိမ်းမြို့တော်အပါအဝင် မြို့တော်တော်များများမှာ ပေါက်ကွဲသံတွေ စတင်ကြားနေရပြီး ဒုံးတွေနဲ့ပစ်နေတာလား လေယဉ်ကဗုံးကြဲနေတာလားတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။

မြို့တော်မှာလည်း မနက် ၅ နာရီလောက်ကစပြီး ပေါက်ကွဲသံတွေကြားနေရတာ မိနစ် ၃၀ ကျော်ကြာတယ်လို့ သတင်းတွေတက်လာပါပြီ။ အမေရိကန်သမတကတော့ ရုရှားသမတပူတင်ဟာ စစ်ဖြစ်ဖို့ကို ရွေးချယ်လိုက်တယ်လို့ ပြင်းထန်စွာ ဝေဖန်ကန့်ကွက်လိုက်ပါတယ်။
ရုရှား – ယူကရိန်း နောက်ဆုံးရသတင်း
၂၄ ဖေဖေါ်ဝါရီ ၂၀၂၂

” ရုရှားက ယူကရိန်းနိုင်ငံထဲကို ကျုူကျော်ဝင်ရောက်ဖို့ပြင်ဆင်နေတာနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီအရေးပေါ်အစည်းအဝေး မကြာခင်ကျင်းပမည်။ နောက်ဆုံးအကြိမ်ဆွေးနွေးပွဲဖြစ်မည်ဟု ယူဆရသည်။ ကုလသမဂ္ဂနဲ့ အတွင်းရေးမှူးချုပ်ဟာ အနောက်နိုင်ငံတွေအလိုကျ လိုက်လုပ်နေသည်ဟု ရုရှားကပြောဆိုထားသည်။ အတွင်းရေးမှူးချုပ်နှင့် အဖွဲ့ဝင်နိုင်ငံအများစုကလည်း ရုရှားဟာ ကုလသမဂ္ဂကြေညာ စာတမ်း ကို ချိုးဖေါက်နေသည်ဟု တုန့်ပြန်ထားသည် ”
ရုရှား – ယူကရိန်း နယ်စပ် အခြေအနေ
” ရုရှာ-ယူကရိန်းနယ်စပ်မှာ အရပ်ဖက်လေယာဉ်တွေပျံသန်းသွားလာခွင့်ပိတ်ပင်ကြောင်း ရုရှားလေကြောင်းဦးစီးဌာနက နိုင်ငံတကာလေကြောင်းလိုင်းတွေကို သတိပေးထုတ်ပြန်ထားသည်”
ယူကရိန်းသမ္မတရဲ့ ရုရှားပြည်သူတွေကို ပြောကြားချက်
” ရုရှားနဲ့ယူကရိန်းပြည်သူတွေဟာ ရန်သူတွေမဟုတ်သလို အားလုံးက ငြိမ်းချမ်းပျော်ရွှင်စွာ နေချင်ကြတာပါ။ ဘယ်သူမှ စစ်ကို မလိုလားပါဘူး။ လူများစွာ သေကြေဒဏ်ရာရမယ့် စစ်ကို ရှောင်ဖို့ ကျနော် သမ္မတပူတင်ဆီကို အခု တိုက်ရိုက်ဖုန်းဆက်ပါတယ်။ ကရင်မလင်က ဘယ်သူမှ ဖုန်းမကိုင်ပါဘူး။

ခင်ဗျားတို့ကို ရိုက်သွင်းထားတဲ့စကားက အခုစစ်ပွဲဟာ ယူကရိန်းပြည်သူတွေ လွှတ်မြောက် ဖို့ဆိုတဲ့စကားပါ။ တကယ်က ယူကရိန်းပြည်သူတွေက လွတ်လပ်ပြီးသားပါ။ စစ်ပွဲရှောင်ရှားနိုင်ဖို့ ရုရှားပြည်သူတွေအနေနဲ့ သမ္မတပူတင်ကို တိုက်တွန်းပေးကြပါ။ ဘာလို့လည်းဆိုရင် ဒါဟာဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ အပြင်းထန်ဆုံးစစ်ပွဲကြီးဖြစ်သွားနိုင်လို့ပါ’
တိုက်ပွဲ အခြေအနေ
ယူကရိန်းမြို့တော်အနီးက လေတပ်စခန်းတခုကို လာရောက်တိုက်ခိုက်တဲ့ ရုရှားတိုက်ခိုက်ရေး ရဟတ်ယာဥ် ၂ စီးကို ပစ်ချခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
ရုရှားစစ်သားလား ရုရှားပျူစောထီးလား
၂၄ ဖေဖေါ်ဝါရီ ၂၀၂၂
ယူကရိန်းနယ်ထဲကို ကျုးကျော်လာတဲ့လရုရှားစစ်ယာဉ်တန်းကို တိုက်ခိုက်ရာမှာ ရုရှားတပ်သား (၅၀) ကျော်သေဆုံးပြီး တချို့ကို ဖမ်းမိခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ထားပါတယ်။
” ပူတင်အောက်မှာ ရုရှားဖြစ်ရတာ ရှက်မိပါတယ်”
(Dmitry Muratov ၂၀၂၁ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်)
” ပူတင်အောက်မှာ ရုရှားနိုင်ငံသားဖြစ်နေရတာ အင်မတန်ရှက်မိပါတယ်။ ပူတင်ဟာ နျုကလီးယားခလုပ်ကို သူ့ဇိမ်ခံကားသော့ကို လှည့်ကစားသလို အသုံးချနေတယ်။ ယူကရိန်းကျုးကျော်စစ်ကို လက်မခံ နိုင်ပါဘူး။ ကန့်ကွက်ပါတယ်။ ကျနော်နဲ့အတူ အားလုံးက ပူတင်ကို ဆန့်ကျင်ကြပါ”
(ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ရုရှား အယ်ဒီတာချုပ် Dmitry Muratov )
သူတို့လည်း အတူတူပဲ
၂၄ ဖေဖေါ်ဝါရီ ၂၀၂၂
” ရုရှားက အဝေးပစ်ဒုံးကျည်တွေ တိုက်လေယာဥ်တွေ ရဟတ်ယာဥ်တွေနဲ့ပဲ အဓိကထား တိုက်နေတာပါ။ မြေပြင်မှာ စိတ်ဓါတ်အးည်အချင်းမရှိပါဘူး။ နိုင်ငံတကာက လေကြောင်းရန်ကာကွယ်ရေးကို ဦးစားပေးကူသင့်တယ်”

LIVE: Russia’s President Putin has launched a full-scale invasion of Ukraine.
အယ်ဂျာဇီးယား သတင်းဌာန ၏ တိုက်ရိုက် ထုတ်လွှင့်ချက်
ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်

ဘယ်လာရုစ်သမ္မတနိုင်ငံထဲကနေအနောက်တောင်ဘက် လမ်းကြောင်းအတိုင်း ယူကရိန်းနိုင်ငံထဲကို ဒုံးကျည် ၄စင်းနဲ့ပစ်ခတ်ခဲ့ကြောင်း ၊ ရုရှားကြေးစားစစ်သားများကို ဖမ်းမိကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

BNN/Russia-Ukraine Special Report