၁၄/၃/၂၀၂၂
NATO ရဲ့အင်အားအများဆုံး စစ်ရေးလေ့ကျင့်မှုတခုကို နော်ဝေနဲ့ ရုရှားနယ်စပ်မှာ ဒီကနေ့ စတင်လေ့ကျင့်နေပါတယ်။ NATO အဖွဲ့ဝင် မဟုတ်တဲ့ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံပါ ပါဝင်တဲ့ အခုစစ်ရေးလေ့ကျင့်မှုမှာ စစ်သည်အင်အား ၃၀,၀၀၀ ကျော် (သုံးသောင်းကျော်) ပါဝင်သလို ကြည်း-ရေ-လေ အဖွဲ့ပေါင်းစုံ ပါဝင်ပါတယ်။
အခုလို စစ်ရေးလေ့ကျင့်မှာကို ရုရှားကို ကြိုတင်အသိပေးထားသလို လေ့လာသူအနေနဲ့ တက်ရောက်ဖို့လည်း ဖိတ်ကြားခဲ့တယ်လို့ NATO က ပြောပါတယ်။ ပုံမှန်ဆိုရင် NATO လေ့ကျင့်မှုတွေကို ရုရှားက လေ့လာသူအဖြစ် တက်ရောက်လေ့ရှိပေမယ့် အခုစစ်ရေးလေ့ကျင့်မှုကိုတော့ မတက်ရောက်ဘူးဆိုပါတယ်။
ယူကရိန်းပြဿနာဖြစ်နေချိန်မှာ နယ်စပ်မှာ စစ်ရေးလေ့ကျင့်မှု မလုပ်သင့်ကြောင်း ရုရှားက အကြောင်းကြားပေမယ့် NATO အဖွဲ့က လက်မခံဘဲ ဒီကနေ့ စတင်ကျင်းပတာဖြစ်ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုကို နော်ဝေက အိမ်ရှင်အဖြစ် လက်ခံကျင်းပတာဖြစ်ပြီး NATO အဖွဲ့ရဲ့ အင်အားအများဆုံး စစ်ရေးလေ့ကျင့်မှုလို့ သိရပါတယ်။