၁၇ သြဂုတ် ၂၀၂၁
အာဖဂန်နစ္စတန်မှာရှိနေတဲ့ သံတမန်တွေ၊ သံရုံးဝန်ထမ်းတွေ၊ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ NGO/INGO အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ နိုင်ငံခြားသားဖြစ်ဖြစ်၊ အာဖဂန်နစ္စတန်နိုင်ငံသားတွေဖြစ်ဖြစ် စိုးရိမ်စိတ်မကြီးဖို့နဲ့ တစုံတရာ ပြဿနာမဖြစ်စေရဘူးလို့ တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ် Sohail Shaheen က ထပ်မံကတိပေးပါတယ်။
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အာဏာလွှဲပြောင်းယူဖို့လုပ်နေသလို အားလုံးအတွက် အလုံခြုံဆုံးဖြစ်အောင် လုပ်နေတယ်လိုလည်း သူကပြောပါတယ်။ ပြောခွင့်ရပုဂ္ဂိုလ်က ကတိပေးနေပေမဲ့ အများစုကတော့ တာလီဘန်တပ်တွေကို မယုံကြည်သူများနေပြီး တိုင်းပြည်ကထွက်ပြေးဖို့ ကြိုးစားနေသူတွေပဲ များနေတယ်ဆိုပါတယ်။

အချ်ိန်တိုလေးအတွင်းမှာ မြို့တော် ကာဘူးလ်ကို သိမ်းပိုက်နိုင်ခဲ့တဲ့အပေါ် တာလီဘန်တပ်မှူးတွေကိုယ်တိုင်က အံ့အားသင့်ခဲ့ရတယ်ဆိုပါတယ်။ ဩဂုတ် ၁၆ ရက်နေ့က သမ္မတနန်းတော်ကို သိမ်းပိုက်ခဲ့တဲ့ တာလီဘန်တပ်မှူးတွေကိုယ်တိုင်က မြို့တော်ကို သိမ်းပိုက်နိုင်လိမ့်မယ်လို့ လုံးဝထင်မထားခဲ့ကြောင်း ဖွင့်ဟပြောဆိုထားပါတယ်။ မြို့တော်ကိုချီတက်ခဲ့တဲ့ လမ်းကြောင်းမှာ လူမရှိတဲ့ စစ်စခန်းတွေပဲ တွေ့ခဲ့ရတယ်လို့ တာလီဘန်တပ်မှူးတွေက ပြောပါတယ်။
BNN/International News