၁၁/၃/၂၀၂၂
မတ်လ (၉) ရက်နေ့က စက်ပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်ပြီး ပါကစ္စတန်နိုင်ငံထဲကို မတော်တဆ ဒုံးကျည်နဲ့ ပစ်ခတ်မိခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
အသံထက်မြန်တဲ့ ဒုံးကျည်ကို ပုံမှန်စစ်ဆေးနေစဉ်မှာ စက်ပိုင်းဆိုင်ရာမှားယွင်းပြီး ပစ်ခတ်မိခဲ့တာလို့ ဆိုပါတယ်။ အခုလို ဖြစ်တဲ့အပေါ် စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့လည်းပြောပါတယ်။
အိန္ဒိယဒုံးကျည်ဟာ လူနေဒေသတခုကို ကျရောက်ပေါက်ကွဲခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ပါကစ္စတန်အစိုးရကပြောပါတယ်။ အခုဖြစ်ရပ်ဟာ (၂) နိုင်ငံလုံးက ပျံသန်းနေတဲ့ခရီးသည်တင်လေယာဉ်တွေအတွက် အန္တရာယ်ကြီးမားတဲ့ဖြစ်ရပ်လို့ ပါကစ္စတန်ကာကယ်ရေးဝန်ကြီးဌာနက သတိပေးပြောပါတယ်။ ဖြစ်စဉ်အပေါ် ပါကစ္စတန်အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့လည်း ပြောပါတယ်။