၁ နိုဝင်ဘာ ၂၀၂၁
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့ကြီး WFP အနေနဲ့ လူသားတွေရဲ့ငတ်မွတ်မှုကို တကယ်ပဲ ကယ်တင်ကူညီနိုင်မယ်ဆိုရင် သူ့ပိုင်ဆိုင်မှုတွေထဲက တချို့ကို အခုချရောင်းပြီး ဒေါ်လာ ၆ ဘီလျံကူညီပေးမယ်လို့ ကမ္ဘာကျော် ဘီလျံနာ Elon Musk က ပြောလိုက်ပါတယ်။
ကမ္ဘာ့လူဦးရေ ၄၂ သန်းဟာ အစာရေစာငတ်မွတ်မှုဘေးကြောင့် သေဆုံးရမယ့်အနေအထားနဲ့ရင်ဆိုင်နေရပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေကသာ ဒေါ်လာ ၆ ဘီလျံလောက်လှူဒါန်းမယ်ဆိုရင် လူ့အသက်တွေကယ်တင်နိုင်မယ်လို့ ကုလသမဂ္ဂ WFP အကြီးအကဲ David Beasley က ပြောခဲ့တာပါ။
WFP အကြီးအကဲရဲ့ အပြောအပေါ်ကို ကမ္ဘာ့အချမ်းသာဆုံးထဲက တဦးဖြစ်တဲ့ Elon Musk က ” WFP အနေနဲ့ လူသား ၄၂ သန်းကို တကယ်ကယ်တင်နိုင်မယ် ပြီးတော့ အလှူငွေတွေကို ဘယ်နေရာမှာ ဘာတွေ ဘယ်လိုသုံးတယ်ဆိုတာ အစစ်ဆေးခံနိုင်မယ်ဆိုရင် အခုချက်ခြင်း ၆ ဘီလျံလှူပါမယ်” လို့ တုန့်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။
WFP အကြီးအကဲ David Beasley ကတော့ ဒေါ်လာ ၆ ဘီလျံဟာ လူ့အသက်အားလုံးကယ်တင်နိုင်မှာမဟုတ်ပေမယ့် ဒေသတွင်းတည်ငြိမ်ရေးတွေကို ထိမ်းသိမ်းနိုင်မယ်လို့ ဆိုပါတယ်။ Elon Musk အနေနဲ့ WFP နဲ့လက်တွဲပြီး ဘာတွေ ဘယ်မှာသုံးနေတယ်ဆို ယုံကြည်စိတ်ချစွာ လေ့လာစစ်ဆေးနိုင်ပါတယ်လို့ တုန့်ပြန်ထားပါတယ်။
UN လက်အောက်ခံ အကူအညီပေးရေးအဖွဲ့အစည်းတွေဟာ သူတို့ရရှိထားတဲ့ ဘတ်ဂျက်အလှူငွေတွေရဲ့ ၈၀ ရာခိုင်နုံးကို UN အရာရှိတွေ ဝန်ထမ်းတွေရဲ့ လစာတွေ ခံစားခွင့်တွေ နေထိုင်သွားလာစားရိတ်တွေမှာသုံးနေပြီး ကျန် ၂၀ ရာခိုင်နူံးလောက်ပဲ တကယ်လိုအပ်သူတွေလက်ထဲရောက်တယ်ဆိုတဲ့ ဝေဖန်သံတွေထွက်ပေါ်နေတာဖြစ်ပါတယ်။
BNN