• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

ကြာသပတေး, ဇူလိုင် 7, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

တွဲကား ၃စီးရှာမတွေ့လို့ အိမ်ခြေ ၃၀၀နီးပါး မီးရှို့ခံလိုက်ရပြီး စစ်ရှောင်ပြည်သူတွေ အကူညီလိုအပ်

3 လ ago
တွဲကား ၃စီးရှာမတွေ့လို့ အိမ်ခြေ ၃၀၀နီးပါး မီးရှို့ခံလိုက်ရပြီး စစ်ရှောင်ပြည်သူတွေ အကူညီလိုအပ်
0
SHARES
229
VIEWS

ပခုက္ကူ၊ ဧပြီ၁၀၊ ၂၀၂၂။


မကွေးတိုင်း ပေါက်မြို့နယ်က ရွာတွေနဲ့ ပခုက္ကူမြို့နယ် မြစ်ဖျားရွာကို ပြီးခဲ့တဲ့ ဧပြီလ ၈ရက်နေ့လည်ပိုင်းမှာ တွဲကား ၃စီးဝင်ရှာရင်း မတွေ့လို့ ရွာကို မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံအမျိုးသားတဦးဆီက သိရပါတယ်။ ပေါက်မြို့နယ်မှာ ပျောက်သွားတဲ့ တွဲကား ၃စီးကို ရှာရင်း ပေါက်မြို့နယ်က ရေကျော်ရွာကို စပြီး မီးရှို့ခဲ့သလို အင်အား အများအပြားနဲ့ မြစ်ဖျားရွာကို စစ်ကောင်စီတပ်တွေဝင်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်နေလို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရချိန်မှာ မပြေးနိုင်တဲ့ သူတွေကို ကယ်ထုတ်ရင်း အဖမ်းခံလိုက်ရတဲ့ အကြောင်းကို ဒေသခံအမျိုးသား တဦးက ပြောပါတယ်။

” အဲ့လိုကယ်ထုတ်နေရင်း သူငယ်ချင်းတယောက်က ကျည်ထိသွားတယ် ကျနော်တို့ကို နေပူထဲမှာဖိနပ်မပါပဲ ရပ်နေခိုင်းတယ်၊ တွဲကား ၃စီးဘယ်မှာလဲလို့ မေးတယ်၊ မသိလို့ မသိဘူးဖြေတာကို ရိုက်ခံရတယ်၊ စစ်ဖိနပ်တွေနဲ့လည်း ကန်ခံရတယ်၊ နေပူထဲမှာနေလို့ ချွေးပြန်တာကို ဘာလို့ချွေးပြန်တာလဲမေးလို့ ကြောက်လို့ပါလို့ ပြောတာကို လှိမ့်ရိုက်တယ်ဗျ” လို့ ပြောပါတယ်။ အဲ့ဒီလို နေပူထဲမှာ ဖိနပ်မပါပဲ စစ်မေးတဲ့ အပြင် ခေါင်းထောင်ခွင့်လည်းမရှိသလို ထောင်တဲ့ သူ ရိုက်ခံရပါတယ်၊ အင်အား ၁၀၀ နီးပါးပါဝင်ပြီး ရွာကိုမီးရှို့သွားလို့ အိမ်ခြေ ၁၆၀ကျော် မီးလောင်ပျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။

” ခေါင်းငုံ့ထားရတာ မော့တာနဲ့ ရိုက်တာ၊ သူတို့ပြန်တဲ့အချိန်တောင် ကျနော်တို့ကို လှည့်မကြည့်ရဘူး ခေါင်းကို ငုံ့ထားရတာဗျ ခေါင်းဖော်မကြည့်ရဘူး” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
လက်ရှိမီးရှို့ခံလိုက်ရတဲ့ အိမ်ခြေ ၁၆၀ကျော်က အိမ်ထောင်စုတွေဟာ တောထဲမှာ မိုးကာစတွေခင်းပြီး နေထိုင်တဲ့သူတွေရှိသလို ဘုန်းကြီးကျောင်းမှာ နေထိုင်ရသူတွေလည်း ရှိနေပါတယ်။
” ခုနေမှာ ဝါးလုံးတလုံးတောင် ဝယ်နိုင်တဲ့ အခြေအနေမဟုတ်တော့ဘူး ၊ ကျနော်တို့ ချွေးနှဲစာနဲ့ဆောက်ခဲ့တဲ့ အိမ်၊ ဘယ်လိုလုပ် ဒီဟာကြီးကို ပြန်‌ဆောက်နိုင်မှာတုန်း၊ စားနပ်ရိက္ခာနဲ့ နေဖို့ထိုင်ဖို့နဲ့ ငွေရေးကြေးရေးလေး ရရင် အဆင်ပြေတာပေါ့ လောလောဆယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက တရွာလုံးကို မီးရှို့ခဲ့တာဖြစ်ပေမယ့် မြစ်ဖျားရွာရဲ့ ချောင်းတဖက်ကမ်းက အိမ် ၁၅၀ကျော်က မလောင်ပဲ ကျန်နေပြီး ကြောက်လို့ပုန်းနေတဲ့ အမျိုးသားတဦးလည်း စစ်ကောင်စီကြောင့် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုနေရတယ်လို့ သိရပါတယ်။တွဲကား ၃စီးပျောက်ဆုံးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ပေါက်မြို့နယ်နဲ့ ပခုက္ကူမြို့နယ် အစပ်မှာ ရှိတဲ့ ရွာတွေကို အင်အားသုံးရှာဖွေခဲ့ပြီး လေယာဥ်တွေနဲ့ပါပစ်ခတ်မှုတွေလုပ်ခဲ့တဲအပြင် အနည်းဆုံး ၆ရွာလောက်ကို မီးရှို့ခဲ့ပြီး အိမ်ခြေ ၃၀၀ နီးပါး မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။

MyayLattVoice

Tags: Breaking NewsNUGPDFSpring Revolutionနိုင်ငံတကာ
BNN Editor

BNN Editor

BNN Editor သည် အကြီးတန်း တာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက်ဖြစ်သည်။ BNN ဝဘ်ဆိုဒ်အတွက် သတင်းများ တင်ဆက်ပေးနေသူဖြစ်သည်။

ဆက်စပ်နေသော ရေးသားချက်များ

စစ်ရေး

စစ်ကိုင်းနှင့်မ​ကွေးနယ်စပ်တိုက်ပွဲ အကြမ်းဖက် စစ်​ကောင်စီတပ် အထိနာ ရဟတ်ယာဉ်ပစ်ကူဖြင့် ဆုတ်ခွာ

ဇူလိုင် 6, 2022
စစ်ကိုင်းနှင့်မ​ကွေးနယ်စပ်တိုက်ပွဲ အကြမ်းဖက် စစ်​ကောင်စီတပ် အထိနာ ရဟတ်ယာဉ်ပစ်ကူဖြင့် ဆုတ်ခွာ

စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းနယ်စပ်တွင်စစ်​ကောင်စီတပ်နှင့် ဒေသတွင်းမဟာမိတ်အဖွဲ့များ ၂နာရီ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်က ရဟတ်ယာဉ်ပစ်ကူ ခဲ့သော်လည်း အကြမ်းဖက် စစ်သား ၂၀ ထက်မနည်း သေဆုံးနိုင်ကြောင်း Seven People Defense Force အဖွဲ့ကသတင်းထုတ်ပြန်သည်။ ထိုစစ်ကြောင်းနှင့်အတူ အထိနာခဲ့သော အကြမ်းဖက်စစ်တပ်သည်...

Read more
by BNN Editor
0 Comments
Interview

တွေ့ဆုံဆွေးနွေးရေးဆိုတဲ့စကားက သိပ်နောက်ကျနေပြီ၊ လူထုက လက်နက်ကိုင်တိုက်ပွဲဝင်နေပြီ

ဇူလိုင် 6, 2022
တွေ့ဆုံဆွေးနွေးရေးဆိုတဲ့စကားက သိပ်နောက်ကျနေပြီ၊ လူထုက လက်နက်ကိုင်တိုက်ပွဲဝင်နေပြီ

ဦးအောင်မိုးဇော်- လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ-DPNS (၆/၇/၂၀၂၂)စစ်ကောင်စီဖက်က တွေ့ဆုံဆွေးနွေးရေးအကြောင်းပြောလာတဲ့အချိန်ဟာ သိပ်နောက်ကျနေပြီဖြစ်ပြီး မြန်မာလူထုက စစ်ကောင်စီ မရှိမှ တိုင်းပြည်ငြိမ်းချမ်းမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လက်နက်ကိုင်တော်လှန်တဲ့အထိဖြစ်နေပြီလို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်ကပြောပါတယ်။အာဏာသိမ်းစစ်ကောင်စီနဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ အားလုံး တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်တဲ့အပေါ် BNN...

Read more
by BNN Editor
0 Comments
စစ်ရေး

အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ကို တင်ဆောင်လာသည့်ကား မိုင်းဆွဲ တိုက်ခိုက်ခံရ ယာဉ် ကို တိုက်ရိုက် ထိမှန် သုံးဦးပွဲချင်းပြီးသေ

ဇူလိုင် 5, 2022
အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ကို တင်ဆောင်လာသည့်ကား မိုင်းဆွဲ တိုက်ခိုက်ခံရ ယာဉ် ကို တိုက်ရိုက် ထိမှန် သုံးဦးပွဲချင်းပြီးသေ

ဇူလိုင်(၅) ၊ မြင်းမူ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ကို တင်ဆောင်လာသည့် ယာဉ်တစီးကို ဇူလိုင်(၅)ရက် ယနေ့ ညနေခန့် က စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ထီးဆောင်းနှင့် ကန်ဖျားဇရပ်ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force...

Read more
by BNN Editor
0 Comments
စစ်ရေး

အပြစ်မဲ့တိုင်းရင်းသားပြည်သူများအပေါ် အကြမ်းဖက် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း CDF-မင်းတပ် ထုတ်ပြန်

ဇူလိုင် 2, 2022
အပြစ်မဲ့တိုင်းရင်းသားပြည်သူများအပေါ် အကြမ်းဖက် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း CDF-မင်းတပ် ထုတ်ပြန်

ဇူလိုင်(၂) ချင်းပြည်နယ် မင်းတပ် မြို့နယ် ချပ်ရွာနှင့် ဆွန်တောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် ယနေ့ နံနက်ပိုင်းက ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ဒေသခံ ပြည်သူ ၂ ဦး...

Read more
by BNN Editor
0 Comments
Load More
Next Post
ရန်ကုန် အင်းယားလမ်း ပစ်ခတ်မှု – ရုပ်သံ

ရန်ကုန် အင်းယားလမ်း ပစ်ခတ်မှု - ရုပ်သံ

ကော်ဘရာ အဖွဲ့၏ ကြုံးဝါးသံ နှင့် လေးကော့ကော်မြို့တိုက်ပွဲ အခြေအနေ

ကော်ဘရာ အဖွဲ့၏ ကြုံးဝါးသံ နှင့် လေးကော့ကော်မြို့တိုက်ပွဲ အခြေအနေ

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.