ရန်ကုန်၊ ဧပြီ ၃
မုံရွာမြို့ မုံရွာအကျဉ်းထောင် အတွင်းတွင် ယနေ့ ဧပြီလ (၃)ရက် ညနေပိုင်းက စစ် အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေ ကြွေးကြော်ဆန္ဒပြ သခဲ့ကြောင်း သတင်းရရှိသည်။

အကျဉ်းထောင်အတွင်းကနေ ကြွေးကြော်သံဖြစ်သည့် ဒို့ပြည်သူတွေ ညီရဲ့လားဟေ့ ဆိုသည့် ကြွေးကြော် သံ များထွက်လာပြီး နောက် သေနတ်ပစ်ခတ်သံ များကိုလည်း ကြားရကြောင်း ဒေသခံများက ဆိုသည်။
ယင်းဖြစ်စဉ်ကြောင့် လူထိခိုက် သေဆုံးမှု များကို မှု သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါ။