ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၅၊ ၂၀၂၂။
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ကျိုက္ကစံဘောလုံးကွင်း ဂိတ်အမှတ် ၁၃ ကနေဝင်လာတဲ့ စစ်ကောင်စီကား ဖေဖေါ်ဝါရီ ၂၄ ရက် မနေ့ကညနေ ၆ နာရီ ၂၀ မိနစ်က ဂိတ်အဝင်မှာပဲ ဖေါက်ခွဲခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မူ နဲ့ပတ်သက်ပြီး ဘယ်သူလက်ချက်ဖြစ်တယ်ဆိုတာကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။