၂၀/၃/၂၀၂၂
ဂျပန်ဝန်ကြီးချုပ် Fumio Kishida ဟာ ဒီကနေ့ ကမ်ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ကို ရောက်လာပြီး ဒေသဆိုင်ရာ လုံခြုံရေးနဲ့ စီးပွါးရေးကိစ္စတွေဆွေးနွေးမယ် သိရပါတယ်။
ဂျပန်ဝန်ကြီးချုပ်ဟာ ဖနွမ်းပင်ကို မလာခင် အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့ပြီး ပူတင်ကျုးကျော်စစ်ပွဲနဲ့ပတ်သက်လို့ ဝန်ကြီးချုပ် Modi နဲ့ ဆွေးနွေးခဲ့ပါတယ်။
ရုရှားက ယူကရိန်းကို ဝင်တိုက်ချိန်ကစပြီး အသံတိတ်နေတဲ့ အိန္ဒိယရဲ့ရပ်တည်ချက်ကို ဆွေးနွေးခဲ့သလို အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ ဗိုလ်ကျလွှမ်းမိုးမှုတွေကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဖနွမ်းပင်မှာ ဝန်ကြီးချုပ်ဟွန်ဆမ်နဲ့တွေ့ဆုံပြီး အာဆီယမ်-ဂျပန်ဆက်ဆံရေးနဲ့ မြန်မာနိုင်ငံဒီမိုကရေစီပြန်တည်ဆောက်နိုင်ရေးကိစ္စတွေဆွေးနွေးမယ်ဆိုပါတယ်။
ဂျပန်ဝန်ကြီးချုပ်ခရီးစဉ်မတိုင်ခင်မှာ တရုတ်သမ္မတ Xi က ဝန်ကြီးချုပ်ဟွန်ဆန်ကို အွန်လိုင်း ဗီဒီယိုကတဆင့် ဆွေးနွေးခဲ့ပြီး ဂျပန်ရေတပ်သင်္ဘောတွေကို ကမ်ဘောဒီးယားက ကြိုဆိုလက်ခံခဲ့တဲ့အပေါ် အဓိကမေးမြန်းခဲ့တယ်လို့ ကမ်ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးကပြောပါတယ်။
BNN /James- ဖနွမ်းပင်