စင်္ကာပူက မြန်မာအသင်း ဘောလုံးပွဲ အခြေနေ ဘယ်လိုပါလိမ့် ဟုတ်ပါတယ် အခြေနေ ကတော့ မြင်တဲ့အတိုင်းပါပဲလို့ ဆိုရမှာပါ။
ဒီလိုကာလ (တော်လှန်ရေးကာလ -တစ်နည်း အနိုင့်ကျင့်ဖိနှိပ်ခံကာလ – စုတ်ပြတ်သတ်ကာလ) မှာ မြန်မာ ဘောလုံးအသင်းဟာ စင်္ကာပူမှာ လာရောက် ကစားရတယ်လို့ သိရပါတယ် ။
ယခုပွဲစဉ်ကိုတော့ စင်္ကာပူရောက် မြန်မာတွေဟာ လုံး၀ သွားမကြည့် ကြပဲ သပိတ်မှောက်ကြတယ်လို့ ဆိုရှယ်မီဒီယာ သတင်းများအရ သိရပါတယ်။ မြန်မာဆိုတဲ့စိတ်ဓါတ်နဲ့ တစ်ချိန်က ရဲရဲတောက် အားပေးကြမ်းခဲ့တဲ့ စင်ကာပူရောက် မြန်မာပရိသတ်တွေ ဟာ ရှုံးရင်တောင် အမှိုက်ကောက် ပြန်ခဲ့ကြလို့ စံပြု ရတဲ့ အဆင့်တွေအထိရှိခဲ့တာပါ။

အခု စစ်ကောင်စီလက်အောက်မှာ လာကန်ကြတဲ့ မြန်မာအသင်းကိုတော့ ယောင်လို့တောင်လှည့်မကြည့်တော့ပါဘူး ။ ကွင်းထဲက ပရိသတ်အခြေအနေကိုသာ ပုံမှာကြည့်လိုက်ပါတော့။ အခုလို အချိန်အခါ နွေဦးတော်လှန်ရေးမှာလည်း စင်္ကာပူရောက်မြန်မာတွေဟာ အတော်လေး ထောက်ပံ့မှု ပြုနိုင်ခဲ့ကြပါတယ် သူတို့ ထောက်ပံ့မှု ဟာ ဆိုရင် ပြည်ပနိုင်ငံတွေထဲမှာ အများဆုံးလို့တောင် ဆိုရမှာပါပဲ။
ဒါပေမယ့် အခု မြန်မာပွဲကိုတော့လုံး၀ လာ အားမပေးကြတော့ပါဘူး။
#BNN