ရန်ကုန်၊ နိုဝင်ဘာ ၉
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ဝဲကြီးကျေးရွာအနီး ပတ်ဝန်းကျင်တွင် KIA နှင့် KPDF က ပူးပေါင်း ထောင်ထားသော မိုင်းကွင်းထဲသို့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ချီတက်လာမိသဖြင့် စစ်သား ၄၀ ဦး မိုင်းထိကျဆုံးကာ အလောင်း မကောက်နိုင်သေးကြောင်း ဒေသသတင်းရင်းမြစ်KRက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
နို
ဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၈ မိနစ်တွင် ကသာမြို့နယ် ဝဲကြီးရွာတွင် KIAနှင့် KPDF များ ထောင်ထားသော မိုင်းကွင်းထဲသို့ စစ်ကောင်စီတပ်များကျရောက်ပြီး မိုင်းလေးလုံးဆင့်ပေါက်ကာ စစ်ကောင်စီဘက်မှ ၄၀ ဦးသေဆုံးကြောင်း သိရှိရသည်။

“ မိုင်းကွင်းထဲကို စစ်ကြောင်း ဝင်လာတာ။ စစ်သား ၄၀ ကျတယ်။ အလောင်းတွေ ပြန်မသယ်ရသေးဘူး။ ရွာသား ၄ ဦးကို ဓားစာခံ ဖမ်းသွားပါတယ်။ မိုးတားရွာထဲမှာ လည်းစစ်သားတွေရှိနေတယ်” ဟု KR တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ယမန်နေ့က မိုးတားလေးကျေးရွာတွင် စစ်ကောင်စီတပ်များနှင့် KIA၊ PDF ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်မှ စစ်သား ၂၀ ခန့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
Source : Khit Thit Media