စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် ၂ရက်အတွင်း စစ်ဘေးရှောင်ကျေးရွာ ၉ရွာ အနည်းဆုံးရှိလာ (မြေပြင်အခြေအနေတွင် ယခုထက် ပိုမိုနိုင်) သဖန်းဆိပ်ဆည် အနောက်ဘက်ခြမ်းကို စနစ်တကျ ကြိုတင်ပြင်ဆင်ပြီးမှ စစ်ရဟတ်များ၊ စစ်ဘက်သုံး တိုက်လေယာဉ်များဖြင့် စတင်တိုက်ခိုက်ပြီး ယခုအခါ ခြေလျင်စစ်ကြောင်းများစွာဖြင့် ထိုးဖောက် ဝင်ရောက် ၊ ကျွဲတဲရွာအခြေပြု စခ အင်အား ၂၀၀ခန့် ၊ အေးချမ်းသာရွာ လိပ်စင်းထောင်ရွာဘက်မှ တစ်ကြောင်း

ရေရှင်ရွာဘက်တွင် အင်အား ၂၀၀ခန့် စစ်ကြောင်းတစ်ကြောင်း ၊ မယားသာကျေးရွာ၊ လှည်းချောင်းကူးကျေးရွာဘက်တွင် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ် နေသော စစ်ကြောင်းတစ်ကြောင်း ၊ ရေနံမှော်များကို ဝင်မွှေနေသည်က စစ်ကြောင်း တစ်ကြောင်း ၊ ဗုံးကျဲလေယာဉ်ပျံများလည်း ဝဲနေကြောင်း သိရ တစ်မြို့နယ်လုံး ၊ ဆည်အရှေ့ဘက်ခြမ်းနေ ပြည်သူများရော အနောက်ဘက်ခြမ်းနေပြည်သူများရော ပြင်ဆင်စရာ ရှိတာပြင်ဆင်ထားကြပါ ၊ အချင်းချင်း ကူညီပေးကြဖို့လည်း စဉ်းစားပါခင်ဗျာ
2021 Spring -ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့