ကွတ်ခိုင် ဒီဇင်ဘာ ၁၈
ယနေ့ ဒီဇင်ဘာလ ၁၈ ရက် ညပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင် ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို လက်နက်ကိုင်အဖွဲ့က လာရောက်ပစ်ခတ်ခဲ့ကြောင်းသတင်းရရှိသည်။
“ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ အခု ပြန်ပစ်နေတော့ ရွာတွေဘက်ကို ကျနိုင်တယ်” ဟု ကွတ်ခိုင် ဒေသခံက ပြောသည်။
လက်ရှိအချိန်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြောက်ကျားတိုက်ခိုက်ခြင်းများကြောင့် တိုက်ပွဲများ နေရာအနှံ့ ဖြစ်ပွားနေသည်။
BNN