ဂန့်ဂေါ ဒီဇင်ဘာ ၂၈
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို YDF (ကျော) က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ မိုင်းရှင်းလင်းရေးအရာရှိ အပါအဝင် ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း YDF က သတင်းထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၂၆ ရက် နံနက်အစောပိုင်းတွင် အာရှလမ်းမအနီး KNU မွေးမြူရေးဇုန်အနီးတွင် KNLA တပ်မဟာ ၆ တပ်ဖွဲ့နှင့် ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီ၏ ခမရ ၃၁၀ မှ တပ်ရင်းမှူးအပါအဝင် ၉ ဦး သေဆုံးခဲ့ပြီး သေဆုံးအလောင်းများသည် အာရှလမ်းမပေါ်တွင် ပြန့်ကျဲနေကြောင်း KNLA သတင်းရင်းမြစ်က ဆိုသည်။