စစ်ကိုင်း၊ ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းအတွင်းမှာ ဇန်နဝါရီ ၂၂ ရက် ဒီနေ့တရက်တည်းမှာတင် စစ်ကောင်စီနဲ့ PDF တို့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကနီ PDF ကသတင်းထုတ်ပြန်ပါတယ်။
အင်အား ၃၀၀ နီးပါးလောက်ပါတဲ့ စစ်ကောင်စီတပ်တွေဟာ နေ့လည် ၁၁ နာရီလောက်က ဖလက်ခွန်( ဇာတ်သင်္ဘော) ၅ စီး၊ ဖောင်တွဲတော ၂စီး နဲ့ မုံရွာဘက်ကနေ ရေကြောင်းနဲ့ ဆန်တက်လာတဲ့လမ်းမှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကနီ PDF တာဝန်ခံက ပြောပါတယ်။

“မုံရွာကနေသူတို့အဖွဲ့တွေဆန်တက်လာပြီး ဝန်ဘိုမှာတစ်ချက်ဖြစ်တယ်၊ သပြေတောနားမှာ တစ်ချက်ဖြစ်တယ်၊ နောက် မုဌောရွာနားမှာ ဖြစ်တယ်၊ အဲဒီအနားမှာ ကျဆုံးမှုအနေအထားမသိရပေမဲ့ မုဌောရွာအနားမှာတော့ ကျနော်တို့အဖွဲ့က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ဖလက်ခွန်တစီးကိုမီးစွဲလောင်တယ်၊ “ လို့ သူကပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ကနီ PDF အခြားဒေသခံကာကွယ်ရေးတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီဘက်က ထိခိုက်သူတွေရှိတယ်လို့ သိရပေမယ့် မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
MyayLattVoice