ဧရာဝတီ၊ အောက်တိုဘာ ၂၅၊ ၂၀၂၁
ရှမ်းပြည်နယ်တောက်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းရှိဖယ်ခုံတပ်နယ်ရှိ စကခ-၇၊ ခမရ-၃၃၆၊ ခမရ-၄၂၁၊ ခမရ-၄၂၂ ဆက်သွယ်ရေးတပ်၊ ဘီအီးတပ်၊ ပစ်ကူပေးတပ်၊ ဆေးဆွယ်တို့မှ စစ်သည် ရဲမေ မှီခိုသူများပြည်သူဘက်သို့ အမြန်ဆုံး ရပ်တည်ကူးပြောင်းပြီး တပ်တွင်းမှ စွန့်ခွာကြရန် ဖယ်ခုံ PDF မှ သတိပေးထုတ်ပြန်လိုက်သည်။
ဖယ်ခုံမြို့ပေါ်တွင် စစ်ရေးတင်မာနေပြီး တိုက်ပွဲများ အချိန်မရွေးဖြစ်နိုင်သည့်အတွက် ယခုကဲ့သို့ သတိပေးထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် စစ်ကောင်စီဘက်မှ ရပ်တည်လျှက်ရှိသည့် တပ်ဖွဲ့ဝင်များအနေဖြင့် အဘက်ဘက်မှ အန္တရာယ်များပတ်လည်ဝိုင်းလျှက်ရှိနေသည့်အပြင် တပ်တွင်းတွင်လည်း ပတ်ဝန်းကျင် နေထိုင်သူများမှ အချိန်မရွေး အန္တရာယ် ပေးလာနိုင်ကြောင်း ဖယ်ခုံ PDF က ဆိုသည်။

ဖယ်ခုံPDF အနေဖြင့် ပြည်သူထံခိုလှုံရန်ရောက်ရှိလာသော ပြည်သူ့စစ်သားများ၏ လုံခြုံရေး၊ စားသောက်နေထိုင်ရေးများကိုအပြည့်အဝတာဝန်ယူမည့်အပြင် သေနတ် ယူဆောင်လာနိုင်သော ရဲဘော်များကိုလည်းသိန်း-၅၀ ကျပ်တိတိ ဆုချီးမြင့်မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ နိုင်ငံတဝှမ်းတိုက်ပွဲများကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နေ့စဉ်နေ့တိုင်း အကျအဆုံးများပြားလျက်ရှိနေသည်။ ဖယ်ခုံမြို့နယ်အတွင်း ဖယ်ခုံတိုက်ပွဲများ၊ မိုးဗြဲတိုက်ပွဲများအတွင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ရာကျော်ခန့် ကျဆုံးခဲ့ရပြီးဖြစ်သည်။
လွန်ခဲ့သည့် တလကျော်အတွင်း စစ်ကာင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ များအကြား တိုက်ပဲဲဖြစ်ခဲ့မှု အခြေနေမှာ ဒီမော့ဆိုမြို့နယ်တွင် ၂၃ ကြိမ်၊ လွိုင်ကော်မြို့တွင် ၁၃ ကြိမ်၊ ဖယ်ခုံမြို့နယ်နှင့် ဖရူဆိုမြို့နယ်တွင် ကိုးကြိမ်စီ၊ လွိုင်လင်လေးမြို့တွင် ရှစ်ကြိမ်၊ မိုးဗြဲမြို့နှင့်ဘောလခဲမြို့တွင် ငါးကြိမ်စီနှင့် ဖားဆောင်းမြို့နယ်တွင် တကြိမ် စုစုပေါင်း ရ၃ ကြိမ် တိုက်ပွဲဖြစ်ခဲ့ကြောင်း ကရင်နီပြည်သူ့အင်အားစု (PKPF) ၏ ထုတ်ပြန်ချက််အရ သိရသည်။
Source : The Irrawaddy – Burmese Edition